ဓနုတပ်ဖွဲ့ နှင့် ပတ်သက်မှုရှိသည်ဆိုပြီး ရွာငံဒေသခံ ၄ ဦးကို စစ်ကောင်စီဖမ်း၊ နေအိမ်ကိုလည်း ဖျက်ဆီး

သျှမ်းပြည် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ် ဒေသခံ အမျိုးသား (၄) ဦးကို ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (DPLA) နှင့် ပတ်သက်သည်ဟုဆိုပြီး စစ်ကောင်စီမှ လာရောက်ဖမ်းဆီးသွားကြောင်း စုံစမ်း သိရသည်။

.

ဇူလိုင်လ (၃၁) ရက်နေ့ ညပိုင်းအချိန်တွင် ရွာငံမြို့နယ်မှ လွှစင်ကျေးရွာ နှင့် ပဲရင်းတောင်ကျေးရွာမှ အမျိုးသား (၄) ဦးကို DPLA နှင့် ပတ်သက်မိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီ တပ်ဖွဲ့ နေအိမ်အသီးသီးတွင် လာရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်သားတွေက ကားတစ်စီး နဲ့ ဆိုင်ကယ် ၅/၆ စီးနဲ့ လာကြတယ်၊ ပျူစောထီးတွေလည်း ပါလာတယ်၊ အားလုံးက သေနတ်ကိုယ်စီ နဲ့ လာကြတာ၊ လွှစင်ရွာက ၂ ဦး ဖမ်းသွားတယ်၊ တစ်ဦးက သူ့အဖေကို မတွေ့လို့ သားဖြစ်သူကို ဖမ်းသွားတာ၊ သူတို့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွှစင်ကျေးရွာမှ ဖမ်းဆီးခံရသူများသည် အသက် (၃၀) ဝန်းကျင် ကိုမြင့်ဦး နှင့် ကိုဝင်းသိန်း တို့ဖြစ်ကြပြီး ကိုဝင်းသိန်းသည် ဖခင်ဖြစ်သူ ဦးဘဝေ အစား ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဦးဘဝေ၏ အိမ်တွင်း ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးသည့် အပြင် အိမ်ကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့သည်။

အလားတူပင် လွှစင်ကျေးရွာတွင်း စစ်ကြောင်း ဝင်ရောက်ဖမ်းဆီးပြီးသည့်နောက်တွင် ပဲရင်းတောင်ကျေးရွာမှ ဒေသခံများကိုလည်း ဝင်ရောက်ဖမ်းဆီး၊ နေအိမ်ကို မီးရှို့မှု ရှိခဲ့ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“ပဲရင်းတောင်က ဖမ်းဆီးခံရတာ ၂ ဦးလို့ပဲ သိရပေမဲ့ အဲ့ထက်ပိုနိုင်တယ်၊ သူတို့ကို DPLA နဲ့ ပတ်သက်တယ် ဆိုပြီး တော့ လာဖမ်းကြတာ၊ အိမ်မှာလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်သွားသေးတယ်။ ဒါပေမဲ့ သူတို့က ရပ်ရွာထဲမှာ အေးအေး ဆေးဆေးနေကြသူတွေပါ၊ တော်လှန်ရေး နဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပါဘူး” ဟု အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပဲရင်းတောင်မှ ဖျက်ဆီးရသည့် နေအိမ်သည် ဦးတင်ဦး ဆိုသူ၏ နေအိမ်ဖြစ်ပြီး ၎င်းကိုလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင်များကို အိမ်ပြင် ထွက်ခိုင်းကာ အိမ်ကို မီးရှို့ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ဒေသခံများကို ဖမ်းဆီးပြီး နေအိမ်ကို မီးရှို့ဖျက်ဆီးခြင်းသည် ပြီးခဲ့သည့် ဇူလိုင်လ (၂၉) ရက်နေ့တွင် ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်သည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) နှင့် ပတ်သက်သည်ဟု စစ်ကောင်စီများက ပြောဆိုနေကြသည်။

ပဲရင်းတောင်ရွာကျေးရွာသည် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပြီး ဒေသခံ ရွာသား ၉ ဦးကိုလည်း စစ်ကောင်စီမှ PDF ဟု စွပ်စွဲပြီး အစုအပြုံလိုက် သတ်ဖြတ်ခဲ့သည့် ကျေးရွာလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...