သျှမ်း – ကရင်နီ တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုနှုန်း မြင့်တက်နေ

သျှမ်း – ကရင်နီ (ကယား) တကြောတိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုနှုန်းမြင့်တက်လာနေကြောင်း စုံစမ်းသိရသည်။

.

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် နယ်စပ်ဒေသ နှင့် ကရင်နီ (ကယား) ပြည်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း နှင့် ပတ်သက်၍ အရပ်သား (၃၇၅) ဦး သေဆုံးခဲ့ရပြီး စစ်ရှောင် (၁၄၁) ဦး သေဆုံးကာ လေကြောင်းတိုက်ခိုက်မှု (၅၇၂) ကြိမ် ရှိခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF)က သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ဧပြီလမှစ၍ အရပ်သား သေဆုံးမှု လူဦးရေ စုစုပေါင်း (၃၁၈) ဦး ရှိခဲ့ပြီး ဇူလိုင်လအတွင်း အရပ်သား သေဆုံးမှုသည် လူဦးရေ စုစုပေါင်း (၃၇၅) ဦးထိ မြင့်တက်လာသောကြောင့် (၃) လသာကာလအတွင်း အရပ်သား သေဆုံးမှု ၅၇ ဦး ရှိလာခဲ့ကြောင်း သိရသည်။

 

တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF)

ထို (၃) လသာ ကာလအတွင်း အရပ်သားသေဆုံးမှု အများဆုံးသည် (ဇွန်လ) ဖြစ်၍ အရပ်သားသေဆုံးသူ စုစုပေါင်း ၃၉ ဦး ရှိခဲ့သည်။

အဆိုပါ အရပ်သားသေဆုံးမှု နှင့် ပတ်သက်ပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသအတွင်း စစ်ကောင်စီသည် အရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်း၊ မိုင်းနင်းမိခြင်းကြောင့် သေဆုံးခြင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) မှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အများဆုံးကတော့ စစ်ကောင်စီဖမ်းဆီး သတ်ဖြတ်ခံရသူတဲ့တွေ အများဆုံးပဲ ၂၃၉ ယောက်လောက်ရှိတယ်။ နောက်ပြီး စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးတဲ့ပြည်သူက ၇၈ ယောက်ရှိတယ်။ ကျန်တာတော့ မိုင်းနင်းမိလို့ သေဆုံးတဲ့သူတွေ၊ လေကြောင်းတိုက်ခံရလို့ သေဆုံးရတာတွေပေါ့ “ ဟု ၎င်းတာဝန်ခံ တစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်ထဲ၌ လက်လှမ်းမှီသလောက်သာ ပြုစုထားခြင်း ဖြစ်သောကြောင့် မြေပြင်အခြေအနေ နှင့် အနည်းငယ် ကွဲလွဲနေနိုင်သလို ပြုစုထားတာထက် သေဆုံးမှု များနေနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

အလားတူ သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ဇွန်လ ၁၇ ရက်အထိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ စုစုပေါင်း ၆၁ ကြိမ် ဖြစ်ပွားပြီး အရပ်သား ၆၆ ဦး သေဆုံးခဲ့ရသည်။

လက်ရှိအချိန်ထိ သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံ၊ မိုးဗြဲ ဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေလျက်ရှိသောကြောင့် လူဦးရေ ၁ သိန်းဝန်းကျင်ရှိ စစ်ဘေးရှောင်များ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

“ ကျမ လိပ်ခေါင်း ဖြစ်နေတာ ဆေးမသောက်ရတာ ၂ လရှိပြီ။ အလှူရှင်ကမရှိ၊ ဝင်ငွေကလည်းမရှိတော့ ဆေးဝယ်မသောက်ရဘူး။ အခုတလော ရောဂါက ပြန်ဖြစ်လာတယ်။ ရောဂါပြန်ဖြစ်လာတော့လည်း နာနာနဲ့ ခံရတာပေါ့ “ ဟု ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ဆေးဝါးလုံလောက်မှု မရှိသောကြောင့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည် အချိန်မှီဆေးဝါး မကုသခြင်းဖြင့် သေဆုံးခဲ့ရပြီး အာဏာသိမ်းပြီး ၃ နှစ် ကာလအတွင်း နေ့စဉ်စစ်ရှောင်သေဆုံးမှု စာရင်းထဲ၌ ၁၄၁ ဦးအထိ ရှိလာခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်ဒေသများတွင် စစ်တပ်က နယ်မြေပြန်လည် ထိန်းချုပ်ချင်ရာမှ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ပြုလုပ်နေသောကြောင့် တိုက်ပွဲသည် နေ့စဉ်ရက်ဆက်လိုပင် ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်း-ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းပြီး “အမှတ်(၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲ)”ဖွဲ့စည်း

0
သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားစုပေါင်းပြီး “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ (ဧပြီလ ၂၁ ရက်) တွင် ထုတ်ပြန်လိုက်သည်။ “အမှတ်-၁ အယ်လ်ဖာ စစ်ဒေသ(မိုးဗြဲနယ်)”ကို ဖွဲ့စည်းနိုင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင်...