မိုင်းရယ်မြို့နယ် အမည်မသိလူတစ်စုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်ခိုင်းနေ
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း ဈေးဆိုင်ဖွင့်လှစ်ထားသူများကို အမည်မသိ လူတစ်ခုမှ ခြိမ်းခြောက်ပြီး အခွန်ဆောင်းခိုင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၇ ) ရက်မှစပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း မျက်နှာဖုံးစွပ်နှင့် အရပ်ဝတ် (အမည်မသိ) လူတစ်စုမှ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများကို တရုတ်စာဖြင့် ရေးသားထားသော စာအိတ်ပေး၍ တစ်ဆိုင်လျှင်...
တစ်ကိုယ်ရေ သန့်ရှင်းဖို့ ဘယ်လောက်ထိ အရေးကြီးလဲ
SHAN -
သျှမ်း - ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ်တွင်းရှိ ကျေးရွာဒေသခံ အပါအဝင် စစ်ရှောင်ပြည်သူများ အရပြားရောဂါ ယားယံတာတွေ ဖြစ်ပွားပြီး အဲ့ဒီ ယားယံမှုတွေက ဘယ်ချိန်ကတည်းက စတင်ဖြစ်ပွားပြီးတော့ ဘယ်လိုတွေ ပြုစုနေရတာလဲဆိုတာကို သျှမ်းသံတော်ဆင့် ကနေ ကျန်းမာရေးပိုင်းမှာ လိုက်လံ ကူညီပေးနေတဲ့...
ကိုးကန့် နှင့် “ဝ” ဒေသ တရုတ်ရာဇာဝတ်ဂိုဏ်းတို့၏ ညှဉ်းပန်းနှိပ်စက်၊ လိင်ကျွန်ပြုခံရပြီး သေဆုံးသူရှိ
SHAN -
သျှမ်းပြည် ကိုးကန့် နှင့် “ဝ” ဒေသတွင် ငွေလိမ်လုပ်ငန်း၊ လောင်းကစား နှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများကို လုပ်ကိုင်နေသော တရုတ်ရာဇာဝတ်လူမိုက်ဂိုဏ်းသားတို့၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသည်အထိ ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ထံမှ သိရသည်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့်...
ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး
သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုနမ့်ရွာအတွင်း နေထိုင်သည့် ကလေးငယ်တစ်ဦး ဆရာမက ညိုမဲအောင် ရိုက်နှက်ခဲ့သော်လည်း လက်ရှိအချိန်ထိ အရေးယူမှု မရှိသေးကြောင်း စုံစမ်းသိရသည်။ ထိုရိုက်နှက်သည့် ညိုမဲသည့် ဒဏ်ရာကြောင့် ကလေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသာနာ ကြုံတွေ့နေရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အခု လူကြောက်နေတယ်။ စကားမပြောရဲဘူး။ မျက်နှာလည်း...
ကျောက်မဲ နာမည်ကြီး “နတ်ဆေးရည်” သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး
SHAN -
သျှမ်းပြည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းဘေးရှိ နမ့်မန်းရွာတွင် နာမည်ကြီးနေသည့် " နတ်ဆေးရည်" တောင်ကျချောင်းရေ ကို သွားရောက်ချိုးစဥ် အမျိုးသမီး တစ်ဦးချော်လဲပြီး သေဆုံးသွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ကျောက်မဲ နာမည်ကြီး "နတ်ဆေးရည်" သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး အောက်တိုဘာ ၁၇ ရက်တွင် နမ့်ဆန်မြို့နယ် မြို့သစ်ရွာနေ အသက်(၄၀)ကျော်အရွယ်...
နေရပ်ပြန်သည့် စစ်ရှောင်များ တောင်ယာသို့သွားရန် မြေမြုပ်မိုင်းစိုးရိမ်နေရ
သျှမ်းပြည် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုမှ ကျေးရွာအတွင်း နေရပ်ပြန်သွားသည့် စစ်ရှောင်များသည် တောင်ယာသို့သွားရန်အတွက် မြေမြုပ်မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၆) ရက်မှစတင်၍ ကွန်ကောက်ကျေးရွာအတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့တို့အကြား လက်နက်ဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခဲ့ရာ ဒေသခံ (၅၀၀) နီးပါးက ဘုန်းကြီးကျောင်း၊ ကျေးရွာနှင့်...
တန်းတူရေးထက် ခေါ်ယူ ဗိုလ်ကျ အမြတ်ထုတ်နေလား NCA ?
SHAN -
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်မြောက် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ရဲ့ဖိတ်ကြားချက်အရ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့များသည် အောက်တိုဘာ ၁၃ ရက်တွင် နေပြည်တော်သို့ ချီတက်သွားကြသည်။ NCA (၈)နှစ်မြောက် အခမ်းအနားကို အောက်တိုဘာ ၁၅ရက် (တနင်္ဂနွေနေ့)တွင် နေပြည်တော်ရှိ...
လင်းခေးမြို့နယ် ဝမ်ဟက်ရွာမှာ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး
SHAN -
သျှမ်းပြည် လင်းခေးမြို့နယ် ဝမ်ဟတ်ရွာတွင် မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ လင်းခေးမြို့နယ် ဝမ်ဟက်ရွာမှာ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံး ယနေ့(အောက်တိုဘာ ၁၈ ရက်) နံနက် ၉ နာရီခန့်တွင် လင်းခေးမြို့နယ် ဝမ်ဟတ်ရွာ၌ နေထိုင်သည့် စိုင်းဆိုင်လင်း...
တာချီလိတ် ကျောင်းထိုင်ဆရာတော်တစ်ပါး ထိုင်းဘတ် (၁၅)သိန်း လိမ်လည်ခံရ
ထိုင်း-မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့နယ် ဖန်မန်ကျေးရွာအုပ်စု ဝမ်ကျောက်လုံရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါး ထိုင်းဘတ်(၁၅)သိန်း လိမ်လည်ခံလိုက်ရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်တွင် ကား (Probox) တစ်စီးနှင့် (ဒေါ်ခင်ခင်ခနှင့် မရတနာ) နာမည်ရှိသည့် အမျိုးသမီး ၂ ဦးအပါအဝင် လူ...
ဖယ်ခုံမြို့နယ် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်များနှင့် ဒေသခံများ အကူညီလိုအပ်နေ
စိုင်းဟန်လင်း၊ ၂၀၂၃ အောက်တိုဘာလ ၁၈ ရက် သျှမ်းပြည် ဖယ်ခုံမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် ဒေသခံနေအိမ်များအပါအဝင် စစ်ရှောင်ယာယီတဲများနစ်မြုပ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ နယ်စပ်ဒေသ ရေလွှမ်းခံရသည့် စစ်ရှောင်ယာယီတဲ အောက်တိုဘာလ ပထမပတ်မှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖယ်ခုံမြို့ရှိ အင်းရေကန် မြင့်တက်လာရာမှ အင်းအနီးတဝိုက်ရှိ လယ်ဧကပေါင်း ထောင်နှင့်ချီ ရေလွှမ်းမိုးခြင်းခံခဲ့ရသည်။ အလားတူ မိုးဗြဲဆည်မှ...





