ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး

သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုနမ့်ရွာအတွင်း နေထိုင်သည့် ကလေးငယ်တစ်ဦး ဆရာမက ညိုမဲအောင် ရိုက်နှက်ခဲ့သော်လည်း လက်ရှိအချိန်ထိ အရေးယူမှု မရှိသေးကြောင်း စုံစမ်းသိရသည်။

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး။

ထိုရိုက်နှက်သည့် ညိုမဲသည့် ဒဏ်ရာကြောင့် ကလေးငယ်သည် စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသာနာ ကြုံတွေ့နေရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခု လူကြောက်နေတယ်။ စကားမပြောရဲဘူး။ မျက်နှာလည်း မရွှင်ဘူး”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၉ ) ရက်တွင် မိုင်းရှူးမြို့နယ် ဟိုနမ့်ရွာရှိ အခြေခံ လူလတန်းကျောင်းမှ ပထမတန်းကျောင်သူ နန်းငင်းနွံသည် “ စားရမသေးဘူး “ ဆိုပြီး ဆရာမကိုပြောဆိုမိရာမှ ရိုက်နှက်ခံရပြီး ဦးခေါင်းနှင့် မျက်နှာတပြင်လုံး ညိုမဲစွဲအထိ ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၁ ရက်မှ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်အထိ ခုနှစ်ရက်ကြာ ခိုလမ်မြို့ စစ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည်။

လက်ရှိ ကလေးငယ်၏ ကျန်းမာရေးမှာ ဆရာဝန်များ၏ပြောပြချက်အရ မျက်လုံးအနီးတဝိုက်နှင့် နားတွင် အရိုးအပ်ကွဲ ဒဏ်ရာရှိနေကြောင်း ၎င်းနှင့်ဆွေမျိုးတော်စပ်သူ နန်းဆိုင်ဟန်က ပြောသည်။

ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ဆရာမကို အရေးယူမှုမရှိသေး။

“ ဆရာဝန်တွေ ဓာတ်မှန်ရိုက်ကြည့်တော့ အပြင်ပိုင်းဒဏ်ရာတွေပဲ မြင်ရတယ်။ ဒါပေမယ့် အထဲမှာတော့ အရိုးကပ်ကွဲတဲ့ ဒဏ်ရာတွေ ရှိတယ်။ မျက်လုံး တဝိုက်နဲ့ နားတဝိုက်တွေမှာ အရိုးအပ်ကွဲတဲ့ ဒဏ်ရာတွေ ရှိတယ်လို့ ပြောတယ်။ ဆေးရုံကနေ ဆင်းသွားပြီဆိုရင် ဆရာဝန်ကပေးတဲ့ဆေးအတိုင်း သောက်ရင် သက်လာမယ်လို့ ပြောတယ် “ ဟု ရိုက်နှက်ခံရသည့် ကလေးငယ်ကျန်းမာရေးအခြေအနေကို နန်းဆိုင်ဟန်က ပြောသည်။

ရိုက်နှက်ခံရသည့် နန်းငင်းနွံတစ်ဦးသည် ဆရာမ၏ ဆဲဆိုပြောဆိုမှု၊ ပြင်းပြင်းထန်ထန် ရိုက်နှက်ချက်များကြောင့် လက်ရှိမှာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြသာနာ ကြုံတွေ့နေရကြောင်း သွားရောက်ကူညီ ခဲ့သည့် ဟိုလမ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ ကလေးရဲ့အခြေအနေကတော့ လူတွေ့ရင် ကြောက်နေတယ်။ စကားသိပ်မပြောဘူး။ စိတ်ဒဏ်ရာ ရတယ်လို့တော့ ထင်တယ်။ သူ့ကိုသွားကြည့်တာတော့ စကားသိပ်မပြောဘူး။ မျက်နှာက ငေးငေးမှိုင်မှိုင် ဖြစ်နေတယ်။ ဦးခေါင်းကတော့ သက်သာလာပြီ။ ဒါပေမယ့် ဦးခေါင်းကို တုတ်နဲ့ရိုက်ခဲ့လို့ အာရုံကြောကနေ မျက်ကွင်းညိုလာတာ ဖြစ်နေတယ်။ ပြန်သက်လာမယ်လို့တော့ ဆရာဝန်ကပြောတယ် “ ဟု ဟိုလမ်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကလေးငယ်ကို ရိုက်နှက်ခဲ့သည့် ကျောင်းဆရာမ နန်းနွန်းကို လက်ရှိမှာ မြို့နယ်ပညာအုပ်ချုပ်ရေးမှူးမှ အရေးယူထားကြောင်း သိရှိရပြီး အသေးစိတ်ကို ဆက်သွယ်မေးမြန်းရန် မရခဲ့ပေ။

ကလေးငယ်ကို အလွန်အကျွံ ရိုက်နှက်မိကြောင်း တောင်းပန်သည့်အနေဖြင့် (အောက်တိုဘာလ ၁၀ ရက်)က ဆရာမဖြစ်သူ နန်းနွန်းသည် ၎င်းနေအိမ်သို့ သွားရောက်ပြီး မုန့်ဖိုးဟုဆိုပြီး ကျပ်ငွေ ၅ သိန်း ပေးခဲ့ကြောင်း သိရသည်။

ပညာရေးဝန်းထမ်းများသည် ကလေးငယ်များအတွက် အလွန်အရေးပါသည့် ရှေ့ဆောင်လမ်းပြဖြစ်သဖြင့် ကလေးကို အကြမ်းမဖက်ဘဲ မှန်ကန်သည့်နည်းလမ်းဖြင့် သွန်သင်ဆုံးမသင့်ကြောင်း၊ ကျောင်းပျော်မှ စာတော်မည်ဟု မူလတန်းကျောင်း ဆရာမ နန်းခမ်းက မှတ်ချက်ပြုသည်။

“ ကလေးငယ်ကို အဲ့လိုတော့ ရိုက်လို့မရဘူး။ ကလေးဉာဏ်မီသလောက်ပဲ သင်ပေးရတာ။ ကလေး စာစိတ်ဝင်စားရင် စာရမယ်။ စိတ်မဝင်စားရင် မရဘူး။ အရင်ဆုံး ကလေးကို ကျောင်းပျော်အောင် ထားရမယ် “ ဟု မှန်ချက်ပြုသည်။

တစ်ဖက်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ပညာရေးဝန်ထမ်းရှားပါးလာမှုကြောင့် (၁၀) တန်း အောင်မြင်ပြီးသွားသည့် သူများကို တလလျှင် ကျပ်ငွေ ၁ သိန်းခွဲဖြင့် ကျောင်းဆရာ၊ ဆရာမအဖြစ် ပြည်သူလူထုမှ ခန့်အပ်နေရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတဝှမ်းလုံးမှ ပညာရေးဝန်းထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြပြီး၊ တစ်ဖက်မှာလည်း နိုင်ငံရေး အခြေအနေကြောင့် လစာအခက်ခဲဖြစ်လာပြီး စစ်ကောင်စီ ပေးအပ်သည့် လစာမှာ မမှန်ကန်မှုကြောင့် ဝန်ထမ်းဘဝမှ ရပ်ဆိုင်းခဲ့သည်။

ဆီဆိုင်မြို့နယ် ကျောင်းသားမိဘတစ်ဦးက “ တကယ့် ဆရာ၊ ဆရာမတွေလောက်တော့ မမီဘူးပေါ့။ သင်တန်းတွေလည်း မတက်ရဘူး။ သူတို့ တက်သလိုသာ သင်နေရတာ။ ကိုယ့်ကလေးအတွက်တော့ စာသင်တဲ့အခါမှာ ကောင်းကောင်းနားမလည် နိုင်မှာကိုဘဲ စိုးရိမ်တယ် “ ဟု ၎င်းကျောင်းသားမိဘတဦးက ပြောသည်။

အာဏာသိမ်းပြီး ၂ ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝှမ်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ပိုမို များပြားလာပြီး၊ အဲ့ထဲမှ ပညာရေးဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများကို ကလေးအခွင့်အရေး ချိုးဖောက်မှုကလည်း ယခင်ထက် ပိုများလာကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူမှ မှတ်ချက်ပြုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။