ပတ္တရားလက်နက်တိုက်အမှု – အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့်ဆက်စပ်

ထိုင်းနိုင်ငံ၊ ပတ္တရားမြို့အနီးတွင် စစ်ဘက်သုံး လက်နက်အမြောက်အမြား သိမ်းဆည်းရမိသည့် အမှုအား စုံစမ်းစစ်ဆေးရာမှတစ်ဆင့် ကမ္ဘောဒီးယားအခြေစိုက် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်း (Scam-gang) များ၏ ဆက်နွယ်မှုများကို ထိုင်းရဲတပ်ဖွဲ့က ခိုင်မာစွာ ဖော်ထုတ်နိုင်ခဲ့ကြောင်း The Nation Thailand ‌တွင်ဖော်ပြသည်။

ထိုဖြစ်စဉ်ကြောင့် ထိုင်းအာဏာပိုင်များသည် ချမ်းသာသော နိုင်ငံခြားသားများ အသုံးပြုသည့် Elite Visa နှင့် လူဝင်မှုကြီးကြပ်ရေး စနစ်များကို ပြန်လည်စစ်ဆေးရန် ပြင်ဆင်နေသည်။

အသက် ၃၁ နှစ်အရွယ် တရုတ်နိုင်ငံသား မင်ချန်းစန်း (Mingchen Sun) မောင်းနှင်လာသော ကားသည်ချွန်ပူရီပြည်နယ်အတွင်း တိမ်းမှောက်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မတော်တဆမှုအပြီး သံသယရှိသူ၏ နေအိမ်အား ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေရာတွင် နေအိမ်အတွင်း ဝှက်ထားသော C4 ဖောက်ခွဲရေးပစ္စည်းများ၊ M16 ရိုင်ဖယ်များနှင့် လက်ပစ်ဗုံးများ အပါအဝင် စစ်အဆင့်အတန်းမီ စစ်ဘက်သုံး လက်နက်အမြောက်အမြားကို ဖမ်းဆီးရမိခဲ့သည်။

ရဲချုပ် ထရိုင်ရွန် (Pol Lt Gen Trairong Phiwphan) ၏ ပြောကြားချက်အရ အွန်လိုင်းရာဇဝတ်မှုများတွင် သံသယရှိသူသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းကတည်းက လက်နက်များ စုဆောင်းနေခဲ့ကြောင်းနှင့် လက်နက်လေ့ကျင့်မှု မှတ်တမ်းများကိုလည်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်များသည် ထိုင်းနိုင်ငံအတွင်း တိုက်ခိုက်ရန်၊ အသုံးပြုရန် မဟုတ်ဘဲ ကမ္ဘောဒီးယားရှိ ပြိုင်ဘက်ငွေလိမ်ဂိုဏ်းများအကြား ပဋိပက္ခများအတွက် ပြင်ဆင်ထားခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။

သံသယရှိသူသည် တရုတ်နှင့် ကမ္ဘောဒီးယား နိုင်ငံကူးလက်မှတ်နှစ်မျိုးလုံးကို အသုံးပြု၍ ထိုင်းနိုင်ငံသို့ တရားဝင် ဝင်ရောက်ခဲ့သူဖြစ်ပြီး ငွေကြေး ချမ်းသားသူများအတွက် သတ်မှတ်ထားသည့် Privilege Entry (PE) Visa ကို ကိုင်ဆောင်ထားသူဖြစ်သည်။

ထို့အပြင် ၎င်းသည် နိုင်ငံမဲ့သူများအတွက် ထုတ်ပေးသည့် ပန်းရောင်မှတ်ပုံတင်ကတ် (Pink ID) ကိုလည်း ကိုင်ဆောင်ထားကြောင်း တွေ့ရှိရသည်။

ယခုဖြစ်စဉ်ကြောင့် ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံခြားသားများက ငွေကြေးအမြောက်အများသုံးကာ အထူးနေထိုင်ခွင့် အခွင့်အရေးများကို အလွဲသုံးစားလုပ်နေသည့် ဟာကွက်များကို ပိတ်ဆို့စီစစ်ရန်အတွက် “နိုင်ငံခြားသား အဆင့်သတ်မှတ်ချက်စနစ်” (Foreigner Scoring System) ကို စတင်ရန် စဉ်းစားနေသည်။

ထို့အပြင် ပန်းရောင်မှတ်ပုံတင်ကတ် ထုတ်ပေးရာတွင် ဘတ် ၂,၀၀၀ လာဘ်ယူ၍ အချက်အလက်အတုများ ထည့်သွင်းပေးခဲ့သည့် အစိုးရဝန်ထမ်းအချို့ အပါအဝင် သံသယရှိသူ ၆ ဦးကိုလည်း အမှုတွင် ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ်ထားပြီးဖြစ်သည်။

ရဲချုပ် ထရိုင်ရွန်က ထိုင်းနိုင်ငံသည် တရားမဝင် ရာဇဝတ်ဂိုဏ်းများ၏ အခြေစိုက်စခန်း မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သော်လည်း၊ အိမ်နီးချင်းနိုင်ငံများရှိ ငွေလိမ်ဂိုဏ်းများကြောင့် ထိုင်းနိုင်ငံသည် ကြားခံနယ်မြေအဖြစ် အသုံးချခံရနိုင်သည့် အန္တရာယ်ရှိနေကြောင်း ဝန်ခံခဲ့သည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များသည် တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ပူးပေါင်း၍ အဆိုပါ ရာဇဝတ်ကွန်ရက်များကို ဖြိုခွင်းရန် လုပ်ဆောင်လျက်ရှိသည်။

သံသယရှိသူ မင်ချန်းစန်း သည် လက်ရှိတွင် ပတ္တရားအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြမှုကြောင့် ကျန်းမာရေးချို့ယွင်းကာ ဆေးရုံသို့ ပို့ဆောင်ထားရပြီး အထူးကွန်မန်ဒိုအဖွဲ့၏ ၂၄ နာရီပတ်လုံး စောင့်ကြပ်မှုဖြင့် ကုသမှုခံယူနေရသည်။

ရဲတပ်ဖွဲ့အနေဖြင့် သံသယရှိသူ၏ ခုခံချေပချက်များထက် ခိုင်မာသော ဒစ်ဂျစ်တယ် သက်သေအထောက်အထားများကိုသာ အဓိကထား၍ တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

ကိုးကား – The Nation Thailand

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News