ထိုင်းတွင်ဗီဇာကင်းလွတ်ခွင့် ရက် ၃၀ သို့ ပြန်လည်လျှော့ချ၊ ဗီဇာအမျိုးအစားများကိုလည်း ပြန်လည်စိစစ်မည်

ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် လာရောက်သည့် နိုင်ငံခြားသားများ၏ နေထိုင်ခွင့်ကာလကို လက်ရှိ ၆၀ ရက်မှ ရက်ပေါင်း ၃၀ သို့ ပြန်လည်လျှော့ချရန် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် (Sihasak Phuangketkeow) က ယနေ့တွင် ထုတ်ဖော်ပြောကြားကြောင်း Thai PBS သည်။

ယခုကဲ့သို့ ရက်ပေါင်းလျှော့ချရခြင်းသည် ခရီးသွားအယောင်ဆောင်ကာ ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ဥပဒေဟာကွက်များကို အသုံးချနေခြင်းကို တားဆီးရန် ဖြစ်သည်။

“၆၀ ရက်ဆိုတာ အရမ်းရှည်လျားနေနိုင်ပြီး တကယ့်ခရီးသွားအစစ် မဟုတ်သူတချို့က ဒီကင်းလွတ်ခွင့်ကို တရားမဝင်ရည်ရွယ်ချက်တွေအတွက် အသုံးချနေတယ်လို့ ကျွန်တော်တို့ မြင်တယ် ဒါကြောင့်ထိန်းချုပ်မှုတွေကို တင်းကျပ်ရမှာဖြစ်ပါတယ်” ဟု စီဟာဆက်က ပြောသည်။

နေထိုင်ခွင့်ရက်လျှော့ချရုံသာမက လက်ရှိတွင် များပြားပြီး ရှုပ်ထွေးနေသည့် ဗီဇာအမျိုးအစားများကိုလည်း ပြန်လည်သုံးသပ်ကာ လိုအပ်ပါက ပေါင်းစည်းသွားရန် အစိုးရက စီစဉ်နေကြောင်းပြောသည်သည်။ ခရီးသွားဗီဇာ ကိုင်ဆောင်ထားသူများကို အမှန်တကယ် ခရီးသွားခြင်း ရည်ရွယ်ချက်ဖြင့်သာ နေထိုင်ခြင်းရှိ၊ မရှိကိုလည်း အာဏာပိုင်များက ပိုမိုတင်းကျပ်စွာ စောင့်ကြည့်သွားမည်ဖြစ်သည်။

အဆိုပါ ကန့်သတ်ချက်များသည် တရုတ်နိုင်ငံသားများ သို့မဟုတ် သီးသန့်နိုင်ငံသားများကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များကို လုပ်ကိုင်နေသည့် နိုင်ငံခြားသားအားလုံးကို အရေးယူရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းပြောသည်။

မည်သည့်နိုင်ငံသားကိုမျှ ခွဲခြားဆက်ဆံမည်မဟုတ်သော်လည်း ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည့် မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများကိုမူ အနီးကပ် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ထိုအဆိုပြုချက်သည် ယခင်အစိုးရလက်ထက်ကတည်းက ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး မကြာမီတွင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖွယ် ရှိနေသည်။

ကိုးကား – Thai PBS World

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News