Monday, February 23, 2026

CATEGORY

သတင်း

မူဆယ်မြို့ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ရသူ စစ်ဘေးရှောင် ၁၀၀ ကျော် ရောက်ရှိနေကြောင်း သတင်းသိရှိရသည်။ နမ့်ခမ်းမြို့တွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ပြီးထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမှာ မူဆယ်မြို့ရှိ မြို့လယ် ဝေဠုဝန်ကျောင်း နှင့် ခရစ်ယာန်ဘုရားကျောင်းတွင် လာရောက် ခိုလှုံနေရသည်ဟု စစ်ရှောင်ကူညီသူဒေသခံတစ်ဦးက ပြောသည်။ “ မနေ့ကစပြီး လာကြတာ။ ဒီနေ့လည်း...

အွန်လိုင်းဂိမ်းလုပ်သူနှင့် တရားမဝင် လာရောက်သူများကို ကျိုင်းတုံမှ တဆင့် မိုင်းလားဘက်ပြန်ပို့မည်

သျှမ်းပြည် ကျိုင်းတုံမြို့တွင် စစ်ကောင်စီများ ဖမ်းဆီးထားသည့် အွန်လိုင်းဂိမ်းလုပ်သူများ နှင့် တရားမဝင်လာသည့် တရုတ်လူမျိုးများကို နေရပ်ပြန်ပို့ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ မှ တာချီလိတ်၊ မိုင်းဖြတ် တွင် အွန်လိုင်းဂိမ်းပြုလုပ်နေသူများကို ဖမ်းဆီးထားပြီး ၊ ထိုသူများကို နေရပ်ပြန်ပို့ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၇)ရက်တွင် ကျိုင်းတုံ...

စစ်ရေးပြင်းထန်နေသည့်ကြား တောင်ကြီး တန်ဆောင်တိုင် ပွဲ ၇ ရက် ဆက်တိုက်ကျင်းပမည်

သျှမ်းပြည် မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွား‌နေသော်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အစဉ်အလာမပျက် ရိုးရာမီးပုံးပျံပွဲတော်ကို ၇ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပညာရှင်များထံမှ စုံစမ်းသိရသည်. သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၏ အဝေရာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ တန်ဆောင်တိုင်ပွဲတော်အား...

သိန္နီ စစ်ရှောင်မိသားစု သေနတ်ပစ်ခံရ အမျိုးသား ပွဲချင်းပြီးသေဆုံး၊ အမျိုးသမီးနှင့်ကလေး ကျည်ထိမှန်

သျှမ်းပြည် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်က မိသားစုဝင် (၃)ဦးကို သေနတ်ပစ်ခဲ့ရာ အမျိုးသား တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ အမျိုးသမီးနှင့် ကလေးငယ် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့က သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် မိသားစု ၃...

တန့်ယန်းမြို့ရောက် စစ်ရှောင် ၁ ထောင်ကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းပြည် တန့်ယန်းမြို့သို့ ရောက်ရှိနေသည့် စစ်ရှောင် ၁ ထောင်ကျော် အတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီထံမှ စုံစမ်းသိရှိရသည်။ “ ၁၀၂၇ စစ်ဆေးရေး “ တိုက်ပွဲကြောင့် လောက်ကိုင်မြို့အတွင်း ထွက်ပြေးလာသူများနှင့် ချင်းရွှေဟော်မြို့ရှိ စစ်ရှောင်များသည် ဒေသအတွင်း အာဏာပိုင်များ၏...

ဆောင်းဦးဝင်စ စစ်ဘေးရှောင်ပြည်သူများအတွက် အနွေးထည် အကူအညီလိုနေ

ဆောင်ဦးဝင်စရာသီ ရောက်ရှိလာသည့်ဖြစ်သည့်အတွက် သျှမ်းပြည် ပင်းလောင်းမြို့နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်များအတွက် အနွေးထည်များ၊ ဆေးဝါးများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသည့် ကော်မတီများက ပြောကြားလိုက်သည်။ သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီကူးပြောင်းချိန် စတင်နေ ပြီးဖြစ်သဖြင့် တစ်ရက်ထက်၊ တစ်ရက်ပိုအေး လာကာ စစ်ဘေးရှောင် ပြည်သူများ အတွက် စောင်နှင့်...

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာနေ အမျိုးသားတစ်ဦးကို TNLA ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ ယနေ့ (နိုဝင်ဘာ ၇) ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၇ ရက် ) နံနက်ပိုင်း ၉...

ပင်လောင်းမြို့ရှိ ဒေသခံများထံ PNO မှ လုံခြုံရေးဟုဆိုပြီး ဆက်ကြေး ကောက်ခံ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ပအိုဝ်းပြည်သူ့စစ် (PNO) မှ ဆက်ကြေးကောက်ခိုင်းသဖြင့် ကျေးရွာလူကြီးမှ အစည်းအဝေး ခေါ်ကာ အိမ်တိုင်းကို ပိုက်ဆံကောက်ခံနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ စုံစမ်းသိရသည်။ "ဘာအတွက် ကောက်တာလဲဆိုတော့ အရင်ကတော့ ရွာတစ်ရွာမှာ လုံခြုံရေးအတွက် သေနတ် (၂) လက် ဝယ်ဖို့လိုတယ်...

လားရှိုးမြို့နယ် စစ်ရှောင်များကို SSPP နှင့် RCSS တပ်ဖွဲ့တို့ ဆန်နှင့် အလှူငွေ ကူညီထောက်ပံ့

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် လားရှိုးမြို့မှ စစ်ဘေးရှောင်ပြည်သူများအတွက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တို့က စားနပ်ရိက္ခာအတွက် ဆန် နှင့် အလှူငွေများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (နိုဝင်ဘာလ...

မူဆယ်မြို့နယ်အတွင်း SSPP နှင့် TNLA ထိတွေ့တိုက်ပွဲဖြစ်

မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရှိရသည်။ ယနေ့ (နိုဝင်ဘာလ ၇ ရက်) မနက်ပိုင်းအချိန်တွင် မူဆယ် - နမ့်ခမ်းကြားရှိ စယ်လန့်ကျေးရွာတွင်...

Latest news