ထိုင်းနယ်စပ်နှစ်ခုတွင် တစ်ရက်တည်း၌ မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ပြည်နယ် မယ်ဖားလုံခရိုင်အတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ စိတ်ကြွရူးသွပ်ဆေးပြား (ယာဘ) ၂ သန်းကျော် သယ်ဆောင်လာသူ ၁၅ ဦးအား ပစ်ခတ်ဖမ်းဆီးပြီး မှောင်ခိုသမား ၂ ဦး သေဆုံးကြောင်း Chiang Mai News တွင်ဖော်ပြသည်။

ယမန်နေ့ (ဧပြီလ ၂၉ ရက်) နံနက်အစောပိုင်း ၅ နာရီခွဲခန့်တွင် ဖာမိူင်း (Pha Muang) စစ်ဆင်ရေးတပ်ဖွဲ့ဝင်များသည် ပန်မဟန်ကျေးရွာ (Pang Mahan) အနီး တောတွင်း၌ ကင်းလှည့်နေစဉ် ကျောပိုးအိတ်များ လွယ်ဆောင်လာသည့် မသင်္ကာဖွယ် လူ ၁၀ ဦးကျော်ကို တွေ့ရှိခဲ့သည်။

အာဏာပိုင်များက စစ်ဆေးရန် ကြိုးပမ်းစဉ် အဆိုပါအဖွဲ့က စတင်ပစ်ခတ်ခဲ့သဖြင့် ၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ပစ်ခတ်မှုများအပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးနေသည့် သံသယရှိသူ အမျိုးသား ၂ ဦး၏ ရုပ်အလောင်းနှင့်အတူ စိတ်ကြွဆေးပြား ၂,၄၀၀,၀၀၀ ခန့် ထည့်ထားသည့် ကျောပိုးအိတ် ၁၂ အိတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဖာမိူင်းစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချုပ် ဆသစ် (Sathit Wainon) က ယခုဖြစ်စဉ်ကြောင့် မြောက်ပိုင်းနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုများကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ရန်နှင့် မူးယစ်ကွန်ရက်များကို အမြစ်ပြတ်ခြေမှုန်းရန် တပ်ဖွဲ့ဝင်အားလုံးကို အမိန့်ထုတ်ပြန်ထားသည်။

လက်ရှိတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများကို သက်သေအဖြစ် သိမ်းဆည်းထားပြီး ပါဝင်ပတ်သက်သူများကို ဆက်လက်ခြေရာခံလျက်ရှိကြောင်း သိရသည်။

အလားတူ တစ်ရက်တည်းတွင် ထိုင်း-လာအိုနယ်စပ်၊ နောင်ခိုင်ပြည်နယ်အတွင်း၌ အိမ်နီးချင်းနိုင်ငံမှ မှောင်ခိုသွင်းလာသည့် ကာလတန်ဖိုး ဘတ် သန်း ၁၀၀ နီးပါးရှိ အိုက်စ် (Crystal Meth) ၂၄၈ ကီလိုဂရမ်ကို ထိုင်းရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း Khaosod သတင်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများကို ဒူးရင်းသီးနှင့် လက်ဖက်ခြောက်ပုံများ ရိုက်နှိပ်ထားသည့် ထုပ်ပိုးမှုများဖြင့် ဖုံးကွယ်ထားပြီး ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ခရီးသွားလုပ်ငန်း ထွန်းကားရာဒေသများသို့ ဖြန့်ဖြူးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။

မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံအတွင်းသို့ လာအိုဘက်မှ ဝင်ရောက်လာသော်လည်း မူလရင်းမြစ်သည် ရွှေတြိဂံဒေသနှင့် အထူးသဖြင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ဖြစ်နိုင်ချေရှိကြောင်းသိရသည်။

ကိုးကား – Chiang Mai News / Khaosod English

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...