ရွာငံမြို့နယ် လိမ္မော်သီးစျေးကွက် ကျဆင်း တောင်သူများ စားဝတ်နေရေး အခက်အခဲဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း လိမ္မော်သီးစျေးကွက် ကျဆင်းလာသည့်အတွက် လိမ္မော်စိုက်တောင်သူများ စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ရွာငံမြို့နယ်အတွင်းရှိ လိမ္မော်စိုက်ပျိုးမှု လုပ်ကိုင်ကြသည့် တောင်သူများသည် ယမန်နှစ်က လိမ္မော်သီးဈေးကွက် တစ်ပိဿ ခြောက်ထောင်နှုန်းအထိ ရောင်းခဲ့ကြရပြီး ယခုနှစ်တွင် သုံးထောင်ကျော်မျှသာ ရောင်းရသောကြောင့် တောင်သူများ စားဝတ်နေရေးပါ အခက်ခဲဖြစ်နေကြောင်း...
ပင်လုံ ဖုန်းဆိုင် တစ်ဆိုင် အမည်မသိ လက်နက်ကိုင် တစ်စု ဝင်ရောက်ပစ်ခတ် (၄) ဦး သေဆုံး
SHAN -
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ စျေးအရှေ့ဘက်ရှိ လျှပ်စစ်ပစ္စည်း နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် တစ်ဆိုင်မှာ အမည်မသိ လူတစ်စုက ဝင်ရောက်ပစ်ခတ်ပြီး ဆိုင်ရှင်အပါအဝင် (၄) ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ (၂၇) ရက် ည (၇) နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး...
သိန္နီမြို့နယ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ထပ်မံ ဗုံးကြဲတိုက်ခိုက်
သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ထပ်မံဗုံးကြဲတိုက်ခိုက်လာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်) ခရစ္စမတ်နေ့ညအချိန်တွင် စစ်ကောင်စီတပ်မှ သိန္နီမြို့အနီးသို့ လေကြောင်းဖြင့် အပြင်းအထန် ထပ်မံဗုံးကြဲတိုက်ခိုက်လာကြောင်း သိန္နီဒေသခံများက ပြောသည်။ “မနေ့က ညနေပိုင်းရော၊ ညအချိန်ရော လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ မြို့နဲ့ မနီးမဝေးမှာပါ။...
နမ္မတူမြို့နယ် တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံး
သျှမ်းပြည် နမ္မတူမြို့နယ်အတွင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့၏ တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၆) ရက် နံနက်ပိုင်း...
စစ်ကောင်စီနှင့် စစ်ရေးပြင်းထန်နေသည့် ညီနောင် (၃)ဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံ
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ပြင်းထန်နေသည့် စစ်ရေးရှိန်လျော့ ရေးအတွက်ကို တရုတ်နိုင်ငံက ဒုတိယအကြိမ် နွေးဆွေးပွဲကို ကြားဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ်အစည်းအဝေးကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ - NSPNC က ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်...
မိုးနဲမြို့နယ် ဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး လောင်းကစားများဖွင့်လှစ်နေ
သျှမ်းပြည် နမ့်စန်ခရိုင် မိုးနဲမြို့နယ် ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်း ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးမှ ဦးဆောင်၍ လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်မှစ၍ ရဲတပ်ဖွဲ့ဝင်ဟောင်း ကိုမြင့်ဇော်ဆိုသူမှ ဦးဆောင်ပြီး အာဏာပိုင်းများထံ ကျပ်ငွေ သိန်းနှင့်ချီအခွန်ဆောင်ကာ ဆိုင်းဖယ်ရွာအရှေ့ဘက်ရှိ လုံစံဘုန်းကြီးကျောင်းဝန်းအတွင်းသို့ လာရောက်လောင်းကစားဖွင့်ထားသည်မှာ ၁ လရှိလာပြီ...
သျှမ်းမြောက် ရွှေလီ(ထုန့်မောဝ်း)ဒေသကို စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကျေးရွာတချို့မှာ နေအိမ်အများအပြား ပျက်စီးသွားပြီး ရွာပျက် ဖြစ်နေကြောင်း နေရပ်ပြန်သွားကြည်သူများထံများက ပြောသည်။ အောက်တိုဘာလ ၂၇ ရက်မှစတင်လာသည့် “၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း နှစ်လနီးပါးအကြာ သျှမ်းမြောက် မြို့နယ်များမှ စစ်ကောင်စီ တပ်စခန်းပေါင်း ၃၀၀ နီးပါးကို...
လောက်ကိုင်မြို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ
သျှမ်းပြည် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ လောက်ကိုင်မြို့ရှိ အိုလုံတုံ့နေရာကို ဒီဇင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာနေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သား ၃ ဦး...
လားရှိုးမြို့နယ်မှ အီနိုင်းတံတားဖြတ်သန်းခွင့်ကို ပိတ်ပင်တားမြစ်ထား
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ အီနိုင်းကျေးရွာ အနီးရှိ အီနိုင်းတံတား ဖြတ်သန်း သွားလာခွင့်ကို ပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့( ဒီဇင်ဘာလ ၂၅) ရက် မွန်းလွဲပိုင်း (၁၂) နာရီဝန်းကျင်မှ စတင်ကာ လားရှိုးမြို့ အဝင် အီနိုင်းကျေးရွာရှိ တံတား ဖြတ်သန်းခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း...
အခက်အခဲကြားစစ်ဘေးရှောင်များ ခရစ္စမတ်ကို တတ်နိုင်သည့်အားဖြင့် ကျင်းပပြုလုပ်
SHAN -
သျှမ်းတောင် ဒေသများကို ထွက်ပြေး တိမ်းရှောင်လာသည့် ကရင်နီပြည်မှ ဒေသခံ အများစုမှာ ခရစ်ယာန် ဘာသာ၀င်များ ဖြစ်ကြပြီး ယခုနှစ် ခရစ္စမတ်ကာလကို အခက်အခဲများကြား ပွဲအကျဉ်းချုပ်သာ ပြုလုပ်ဖြတ်သန်းနေကြကြောင်း စုံစမ်းသိရသည်။ ကရင်နီပြည်နယ်ရှိ ဒေသခံအများစုသည် အာဏာမသိမ်းခင် နှစ်များတွင် ခရစ်စမတ်ကာလကို စည်ကား ပျော်ရွှင်စွာဖြင့် ဖြတ်သန်းခဲ့ကြသော်လည်း ယခုနှစ်...





