Wednesday, January 28, 2026

ရွာငံမြို့နယ် လိမ္မော်သီးစျေးကွက် ကျဆင်း တောင်သူများ စားဝတ်နေရေး အခက်အခဲဖြစ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း လိမ္မော်သီးစျေးကွက် ကျဆင်းလာသည့်အတွက် လိမ္မော်စိုက်တောင်သူများ စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရွာငံမြို့နယ်အတွင်းရှိ လိမ္မော်စိုက်ပျိုးမှု လုပ်ကိုင်ကြသည့် တောင်သူများသည် ယမန်နှစ်က လိမ္မော်သီးဈေးကွက် တစ်ပိဿ ခြောက်ထောင်နှုန်းအထိ ရောင်းခဲ့ကြရပြီး ယခုနှစ်တွင် သုံးထောင်ကျော်မျှသာ ရောင်းရသောကြောင့် တောင်သူများ စားဝတ်နေရေးပါ အခက်ခဲဖြစ်နေကြောင်း စုံစမ်း သိရှိရပါသည်။

Photo – Credit ( လိမ္မော်ခြံ)

ထိုကဲ့သို့ လိမ္မော်စျေးကွက် ကျဆင်းနေသည့်အတွက်ကြောင့် ဆန်ဝယ်စားရန်အတွက် လုံလောက်မှု မရှိတော့ကြောင်း ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

“အရင်ကဆိုရင် လိမ္မော်တစ်ခြင်း ရောင်းရင် ဆန်အိတ်တစ်လုံးရတယ်၊ ခုက လိမ္မော်ငါး ခြင်း လောက်ရောင်းရင်တောင် ဆန်တစ်အိတ် မရနေဘူး ၊ စားဖိုတောင် အနိုင်နိုင်နဲ့ အဆင်ပြေမနေဘူး” ဟု ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးမှ ပြောသည်။

လိမ္မော်သီး ဈေးကွက်ကောင်း မရောင်းရခြင်းသည် နိုင်ငံရေးမတည်ငြိမ်မှု နှင့် စီးပွားရေး ကျဆင်းကာ ကုန်စျေးနူန်းများ အဆမတန် တိုးတက်လာမှုကြောင့် စျေးကောင်း မရောင်းရခြင်း ဖြစ်သည်။

ထို့အပြင် ရာသီဉတု ဖောက်ပြန်မှုကြောင့် လိမ္မော်သီးတွင် အနာတရဖြစ်ပြီး အသီးမလှသောကြောင့် စျေးကောင်းမရခြင်းဖြစ်ကြောင်း ၄င်းအမျိုးသားက ထပ်လောင်းပြောသည်။

ယခင်နှစ်ထက် ယခုနှစ်တွင် လိမ္မော်အထွက်နှုန်းလျော့နည်းလာကြောင်းကိုလည်း ” လိမ္မော် စိုက်ပျိုးမှု လုပ်ငန်းကို စိုက်တဲ့လူလဲ နည်းလာသလို အထွက်နှုန်းလည်း လျော့နည်းလာတယ်၊ ဘာလို့ဆိုတော့ ကုန်စျေးနူန်းကလဲ တက်လာတယ် မြေသြဇာတွေလည်း ဝယ်မထည့်နိုင်ဘူးလေ၊ စိုက်ပျိုးရေးကလည်း အဆင်မပြေကြတော့ဘူး” ဟု လိမ္မော်ခြံ စိုက်ပျိုးရေးလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးမှ သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တရား ဉပဒေ စိုးမိုးမှု မရှိသောကြောင့် လုယက်မှု ၊ ဒေသထွက်သီးနှံများကို ခိုးယူခံရမှုများ ဆက်တိုက် ကြုံနေရပြီး မလုံခြုံမှုများကိုပါ ခံစားနေရသည်။

ထို့အပြင် တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာပြီး လူလတ်ပိုင်း နှင့် လူငယ်များသည်လည်း ပြည်ပထွက်အလုပ်လုပ်ကိုင်နေကြသောကြောင့် ရပ်ရွာထဲတွင် ကလေး နှင့် သက်ကြီးရွယ်အိုများသာ ကျန်ရှိတော့ကြောင်း ထပ်လောင်းပြောကြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...