ပင်လုံ ဖုန်းဆိုင် တစ်ဆိုင် အမည်မသိ လက်နက်ကိုင် တစ်စု ဝင်ရောက်ပစ်ခတ်  (၄) ဦး သေဆုံး

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ စျေးအရှေ့ဘက်ရှိ လျှပ်စစ်ပစ္စည်း နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် တစ်ဆိုင်မှာ အမည်မသိ လူတစ်စုက ဝင်ရောက်ပစ်ခတ်ပြီး ဆိုင်ရှင်အပါအဝင် (၄) ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဒီဇင်ဘာ (၂၇) ရက် ည (၇) နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး အမည်မသိ လူတစ်စုက သေနတ်ပစ်ဖောက်ခဲ့ရာ ဆိုင်ရှင် (၂) ဦး အပါအဝင် ဝန်ထမ်း (၂) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“သေနတ်သံ အကျယ်ကြီးပဲ ကြားရတယ်။ ရဲတွေတော့ ရောက်လာကြတယ်။ ခုတော့ ပင်လုံမြို့ တစ်မြို့လုံး တိတ်ဆိတ်နေတာပဲ။ ကျနော်တို့ နေလာတဲ့ သက်တမ်းတစ်လျှောက် ဒီလို တစ်ခါမှ မကြားဖူးဘူး။ လုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ခံစားရတယ်။” ဟု ပင်လုံဒေသခံ တစ်ဦး ကပြောသည်။

ပင်လုံမြို့သည် စစ်ကောင်စီတပ် အပြင်  တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ချို့  ရှိထားခြင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်း စျေးရောင်းပွဲတော် အများအပြားရှိလာခြင်း၊ လောင်းကစားဝိုင်း ရှိလာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များပြားလာတဲ့အတွက် ဒုစရိုက်များလည်း များပြားလာခဲ့သည်။

“ဒီလို အာဏာသိမ်းပြီးနောက်မှာတော့ စားဝတ်နေရေးအတွက် ရှာစားရတာ အရမ်းခက်ခဲတယ်။ အလုပ်လုပ်နေတာကလည်း စားဝတ်နေရေးအတွက်ပဲ နေ့တိုင်း ဖြေရှင်းနေရတာ။ ဒီလိုခေတ်ပျက်နေတဲ့ ချိန်မှာ အလုပ်လုပ်ပြီး ငွေစုရဖို့ဆိုတာ မလွယ်ကူတော့ဘူး။” ဟု ပင်လုံဒေသခံ အိမ်ရှင်မ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့်  ၂၀၂၃ ဇူလိုင် (၂၄) ရက်တွင် ပင်လုံမြို့ နာနတ်သီး ရောင်းသူ  အသက် (၃၀) အရွယ် အမျိုးသားသည် နာနတ်သီး သွားပို့စဥ် သတ်ဖြတ်ခံရပြီး ဇူလိုင် (၂၅) ရက်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

စစ်တပ်မှ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလတွင် ပင်လုံမြို့အတွင်း နေထိုင်သည့် ပါညို ဆိုသူကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အမည်မသိ လူတစ်စုက အိမ်ထိလာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...