Tuesday, January 27, 2026

ပင်လုံ ဖုန်းဆိုင် တစ်ဆိုင် အမည်မသိ လက်နက်ကိုင် တစ်စု ဝင်ရောက်ပစ်ခတ်  (၄) ဦး သေဆုံး

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ စျေးအရှေ့ဘက်ရှိ လျှပ်စစ်ပစ္စည်း နှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင် တစ်ဆိုင်မှာ အမည်မသိ လူတစ်စုက ဝင်ရောက်ပစ်ခတ်ပြီး ဆိုင်ရှင်အပါအဝင် (၄) ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဒီဇင်ဘာ (၂၇) ရက် ည (၇) နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး အမည်မသိ လူတစ်စုက သေနတ်ပစ်ဖောက်ခဲ့ရာ ဆိုင်ရှင် (၂) ဦး အပါအဝင် ဝန်ထမ်း (၂) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“သေနတ်သံ အကျယ်ကြီးပဲ ကြားရတယ်။ ရဲတွေတော့ ရောက်လာကြတယ်။ ခုတော့ ပင်လုံမြို့ တစ်မြို့လုံး တိတ်ဆိတ်နေတာပဲ။ ကျနော်တို့ နေလာတဲ့ သက်တမ်းတစ်လျှောက် ဒီလို တစ်ခါမှ မကြားဖူးဘူး။ လုံခြုံမှု လုံးဝ မရှိတော့ဘူးလို့ ခံစားရတယ်။” ဟု ပင်လုံဒေသခံ တစ်ဦး ကပြောသည်။

ပင်လုံမြို့သည် စစ်ကောင်စီတပ် အပြင်  တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တစ်ချို့  ရှိထားခြင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်အတွင်း စျေးရောင်းပွဲတော် အများအပြားရှိလာခြင်း၊ လောင်းကစားဝိုင်း ရှိလာခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များပြားလာတဲ့အတွက် ဒုစရိုက်များလည်း များပြားလာခဲ့သည်။

“ဒီလို အာဏာသိမ်းပြီးနောက်မှာတော့ စားဝတ်နေရေးအတွက် ရှာစားရတာ အရမ်းခက်ခဲတယ်။ အလုပ်လုပ်နေတာကလည်း စားဝတ်နေရေးအတွက်ပဲ နေ့တိုင်း ဖြေရှင်းနေရတာ။ ဒီလိုခေတ်ပျက်နေတဲ့ ချိန်မှာ အလုပ်လုပ်ပြီး ငွေစုရဖို့ဆိုတာ မလွယ်ကူတော့ဘူး။” ဟု ပင်လုံဒေသခံ အိမ်ရှင်မ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့်  ၂၀၂၃ ဇူလိုင် (၂၄) ရက်တွင် ပင်လုံမြို့ နာနတ်သီး ရောင်းသူ  အသက် (၃၀) အရွယ် အမျိုးသားသည် နာနတ်သီး သွားပို့စဥ် သတ်ဖြတ်ခံရပြီး ဇူလိုင် (၂၅) ရက်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ဖူးသည်။

စစ်တပ်မှ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလတွင် ပင်လုံမြို့အတွင်း နေထိုင်သည့် ပါညို ဆိုသူကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က အမည်မသိ လူတစ်စုက အိမ်ထိလာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...