သိန္နီမြို့နယ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ထပ်မံ ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန် ထပ်မံဗုံးကြဲတိုက်ခိုက်လာကြောင်း စုံစမ်းသိရသည်။


ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်) ခရစ္စမတ်နေ့ညအချိန်တွင် စစ်ကောင်စီတပ်မှ သိန္နီမြို့အနီးသို့ လေကြောင်းဖြင့် အပြင်းအထန် ထပ်မံဗုံးကြဲတိုက်ခိုက်လာကြောင်း သိန္နီဒေသခံများက ပြောသည်။

Photo – Credit ( လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ပျက်စီး)

“မနေ့က ညနေပိုင်းရော၊ ညအချိန်ရော လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။ မြို့နဲ့ မနီးမဝေးမှာပါ။ ပန်လော့တိုးဂိတ်၊ ဝိန်းလျှန်၊ မိုင်းယမ်း၊ လုံမောက်ရွာတွေမှာ ချသွားတာ။ ကြောက်နေရလို့ အိမ်ပြင်မထွက်ရဲတော့ ဘယ်သူအိမ်ထိမှန်း မသိရဘူး။ ဖုန်းလိုင်းကလည်း အမြင့်တက်မှ လိုင်းမိတယ်”ဟု သိန္နီမြို့မှ လားရှိုးမြို့သို့ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်တွင်လည်း သိန္နီမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သိန္နီပြည်သူ့ဆေးရုံ၊ ရေအားလျှပ်စစ်ကုန်းနှင့် ကွန်ကောက်ကျေးရွာအုပ်စု ပိန်းဟုန်းရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိန္နီမြို့ ဒေသခံများထံမှ သိရသည်။

Photo – Credit ( လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ပျက်စီး)

သိန္နီမြို့နယ်ကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာလမှ စတင်ထိန်းချုပ်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကျေးရွာသူကြီးများကို အစည်းအဝေး ခေါ်ယူ၍ အရေးကြီး အချက် ၆ ချက်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိန္နီမြို့ ဒေသခံများက ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ကူမင်းမြို့တွင် ပြုလုပ်ခဲ့ပြီး တပ်နေရာချထားရေးနှင့် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရေးကိစ္စများကို အချေအတင် ဆွေးနွေးခဲ့ကာ သဘောတူညီချက် တစုံတရာ မရရှိဘဲ ပျက်ပြယ်သွားခဲ့ကြောင်း ဗွီအိုအေ မြန်မာပိုင်းက ဒီဇင်ဘာလ ၂၅ ရက်တွင် သတင်းဖော်ပြထားသည်။

“၁၀၂၇ စစ်ဆင်ရေး” နှစ်လနီးပါးကာလအတွင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၇ ဦး အပါအဝင် စုစုပေါင်း ၁၈ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ၍ ပြည်သူနေအိမ် ၂၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း သိန္နီမြို့နယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...