UWSA တောင်ပိုင်းတပ်မှ စစ်မှုထမ်း ၄ ထောင် စုဆောင်းရန် ပြည်ပရောက် ဝ အမျိုးသားများ နေရပ်ပြန်ခေါ်
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်ခရိုင်အတွင်းရှိ ‘ဝ’တပ်ဖွဲ့ UWSA တောင်ပိုင်းစစ်ဒေသ (၁၇၁) မှ စစ်မှုထမ်း တပ်သားသစ် (၄၀၀၀) စုဆောင်းမည်ဖြစ်ပြီး ပြည်ပရောက် ‘ဝ’အမျိုးသားများကို နေရပ်ပြန်ခေါ်နေကြောင်း စုံစမ်းသိရသည်။ မိုင်းဆတ်ခရိုင်အတွင်း နေထိုင်ပြီး လာအိုနိုင်ငံသို့ အလုပ် သွားရောက်လုပ်ကိုင်နေသည့် ‘ဝ’အမျိုးသားများကို အမြန်ဆုံး နေရပ်ပြန်ပြီး စစ်ရေးကော်မတီများထံ...
SHAN -
သက်ဦးဆန်ပိုင် ဘုရင်စနစ်၏ ပြရုပ်ဖြစ်သည့် နန်းမြို့ရိုးသည် ချိနဲ့စ ပြုနေလေပြီ။ အကျည်းတန်ခဲ့သည့် အတိတ်ကာလ အချို့ကို ဖယ်ရှားကြည့်မြင်ပါမူ ယဥ်ကျေးမှု မြို့တော်သည် တည်ငြိမ်ရင့်ကျက်လှပေသည်။ နိုင်ငံ၏အလယ်ပိုင်း အချက်အခြာ ဒေသဖြစ်သည့် မန္တလေး လွင်ပြင်သည် ကုန်းဘောင်ခေတ်၏ အာဏာဗဟိုချက် ဒေသ ဖြစ်ခဲ့သည်။ ထို့အတူ စစ်အာဏာရှင်တို့သည်လည်း မန္တလေး နန်းမြို့ရိုး...
ပျက်စီးသွားတဲ့ အဆောက်အအုံတွေကြား ခန္ဓာကိုယ်တစ်စစီ ပြတ်လွှင့်စဉ်နေပြီး အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းတောင် သိဖို့ ခက်နေပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု မဖြစ်ခင် စက္ကန့်ပိုင်းထိ စျေးရောင်းသူနဲ့ ဝယ်သူကြား ဆူညံသံ ရီမောသံတွေဟာ သိန္နီမြို့မစျေးတစ်ခုလုံးကို လွှမ်းမိုးနေပါတယ်။ အဲ့နေ့ဟာ သိန္နီစျေးရဲ့ အဖိတ်နေ့ဖြစ်ပြီး ဝါတွင်း၊ဝါဝင် ဥပုလ်နေ့အတွက် ဘုန်းကြီးကျောင်း လှူဒါန်းရန် စျေးသို့ ကြိတ်ကြိတ်တိုး...
လားရှိုးမြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ (ဩဂုတ်လ ၃၀ ရက်) ည ၈ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေး စတင်နေသည့် လားရှိုးမြို့ကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လူနေရပ်ကွက်များပေါ်...
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် နောင်တရားမြို့တွင် အာလူးဈေးမြင့်သော်လည်း မိုးများခြင်းကြောင့် ပျက်စီးရှုံးဆုံးမှုများနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နှင့် နောင်တရားမြို့တွင် အာလူးအထွက်များသည့် ဒေသများဖြစ်ပြီး ယခု (ဩဂုတ်လ) ဈေးနှုန်းသည် တစ်ပိဿာ ကျပ်ငွေ (၃၀၀၀)နှင့် ကျပ်ငွေ (၅၀၀၀)ကြားအထိ ဈေးမြင့်ပေးရောင်းရသော်လည်း မိုးများခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု များလာသည်ဟု ပင်လောင်းမြို့ အားလူးစိုက်ပျိုးသူ...
တောင်ကြီး ဘုရားဖြူကန်ဘောင်ဘေးရှိ ဈေးသည်များကို စည်ပင်မှ ဖျက်သိမ်းခိုင်းနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ ရေကန်ဟောင်းနားတစ်ဝိုက် ဈေးသည်များကို စည်ပင်မှ တဲဆောက်လုပ်ပြီး ရောင်းချခွင့်မပြုတော့ဘဲ ဖျက်သိမ်းခိုင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်များတွင်လည်း တောင်ကြီးမြို့ ဘုရားဖြူ ကန်ဘောင်ဈေးကို လမ်းပိတ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖျက်သိမ်းရန် အသိပေးခဲ့ပြီး ယခု ဩဂုတ်လ ၂၈ ရက်တွင်လည်း မြို့နယ်စည်ပင်ရုံးမှ ဘုရားဖြူကန်ဘောင်နံဘေးတွင်...
မူဆယ်မြို့ အမည်မသိလက်နက်ကိုင်အဖွဲ့ ကားတစ်စီးကို လိုက်ပစ်၊ အမျိုးသားတစ်ဦးသေ
သျှမ်းပြည် မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ကားတစ်စီးကို လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၉ ရက်) ည ၁၁ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်၊ Best House ဟိုတယ်အနီး ကားတစ်စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ထိုကားကို...
လားရှိုးလေဆိပ် ကျပြီးနောက် နမ့်စန်လေတပ်စခန်းကို စစ်ကောင်စီတိုက်လေယာဉ် ပိုမိုအသုံးပြုလာ
သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်း ဌာနချုပ်တွင် တိုက်လေယာဉ် အတက်အဆင်း ပိုမိုများပြားလာပြီး နေ့၊ည အချိန်မရွေး ပျံသန်းမှု ခပ်စိပ်စိပ် ရှိနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကပ်ရပ်ရှိ လားရှိုးလေဆိပ်နှင့် လေတပ်စခန်းတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင်လ...
တအာင်း တပ်မတော်-TNLA ကို ကြောက်ရွံ့ကျိုးနွံ ဆုံးမသွန်သင်မည်ဟု တရုတ် ခြိမ်းခြောက်စာပို့
SHAN -
သျှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် တအာင်း တပ်မတော်- TNLA အနေဖြင့် တိုက်ပွဲများ ချက်ချင်းရပ်တန့်ကာ မြန်မာပြည် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး အတွက် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကောင်စီက ခြိမ်းခြောက်စာ ပေးပို့ထားကြောင်း သိရသည်။ ဩဂုတ်လ ၂၉...
ကျေးသီးမြို့သို့ စစ်ဘေးရှောင်လာသူများ စားနပ်ရိက္ခာ အကူအညီလိုအပ်
သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျန်ရှိနေသော စစ်ဘေးရှောင် တစ်ထောင်ခန့် အတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေပြီး၊ နေရပ်ပြန်ရန် စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲများကြောင့် ဒေသခံများ ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ဘေးလွတ်ကင်းရာ ကျေးသီးမြို့သို့ စစ်ဘေးတိမ်းရှောင် လာခဲ့ကြောင်း...





