စစ်ကောင်စီထံ သတင်းပေးသူများကို MNDAA ဖမ်းဆီးထားပြီ သေဒဏ်ပေးမည်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ကောင်စီထံ သတင်းပေးသူမျာကို ဖမ်းဆီးထားပြီး သေဒဏ်ပေးမည်ဟု စုံစမ်းသိရှိရသည်။

ထို စစ်ကောင်စီထံ သတင်းပေးသူ အယောက် (၃၀)ကို ကိုးကန်တပ်ဖွဲ့က ဖမ်းဆီးထားပြီး၊လက်ရှိမှာ သေဒဏ်မချမှတ်သေးကြောင်းလားရှိုးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ အယောက် ၃၀ ကျော်လောက်တော့ဖမ်းမိတယ်လို့ပြောတယ်။။ ဘယ်နားမှာဖမ်းထားလဲတော့သေချာမသိဘူး။ သူတို့က စစ်ကောင်စီကို သတင်းပေးလို့ ဆိုပြီးဖမ်းထားတာ။ သူတို့လည်း သေချာပြန် စိစစ်ပြီးတော့ ဖမ်းထားတယ်။ သေဒဏ်ပေးမယ်လို့တော့ကြားတယ်။ ပြီးတော့ မြို့ပတ်ပြမယ်တဲ့” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

လက်ရှိလားရှိုးမြို့တွင် စစ်ကောင်စီက ဒေသခံများကို ပိုက်ဆံပေးပြီ ကိုးကန်တပ်ဖွဲ့နဲ့ ပတ်သက်သည့် သတင်းအချက်လက်တွေကို ဝယ်ယူနေကြောင်း ၊ထိုသတင်းအချက်အလက်ပေါ်မူတည်၍ စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက် နေကြောင်းသိရသည်။

ထိုအပြင် စစ်ကောင်စီသည် လားရှိုးမြို့ ကိုးကန့်တပ်ဖွဲ့နှင့်မသက်ဆိုင်ဟုပြောဆိုကာ ပြန်ရသည့် အထိတိုက်ယူမည်ဟုဆိုသည့်သတင်းကြောင့် ဒေသခံများကလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေပြီ စိုးရိမ်နေကြသည်။

“ အခုတော့ ပိုပြီးထွက်ပြေးသွားကြတာတယ်။ တစ်ချို့လည်း ဒီတိုင်းပဲနေနေတာရှိတယ်။ ကျမတို့က ပြည်သူတွေလေ။ သွားပြောလို့လည်းမရဘူး။ ကိုးကန်တွေလားရှိုးမှာမနေနဲ့လို့လည်းသွားပြောမရဘူး။ ဘယ်သူပဲ လာအုပ်ချုပ်ချုပ် ကျမတို့ ပြည်သူတွေပဲ အကုန်နစ်နာရတယ်” ဟု အထက်ပါလားရှိုးမြို့ဒေသခံတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း တရုတ်က စစ်ကောင်စီက ပြိုကျသွားမှာကို မလိုလားကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း နဲ “ဝ” ပြည်သွေးစည်ညီညွတ်ရေး UWSA ထိပ်ပိုင်းခေါင်းဆောင်တို့ တရုတ်နိုင်ငံယူနန်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အစည်းဝေးမှတ်တမ်းတွင် ပေါက်ကြားခဲ့သည်။

ထိုအစည်းဝေးထဲတွင် ညီနောင်မဟာမိတ်များနှင့် PDF တပ်ဖွဲ့များကို လက်နက်ခဲယမ်းမရောင်းချပေးရန် တရုတ်က “ဝ” တပ်ဖွဲ့ကို ဖိအားပေးခဲ့ကြောင်း သိရသည်။

ထိုကြောင့် လားရှိုးမြို့ကိုလည်း စစ်ကောင်စီက ပြန်လည်တိုက်ခိုက်နေတာကို တရုတ်ကို ရေငုတ်နှုတ်ပိတ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အခုလိုပြောသည်။

“ စစ်ကောင်စီက အခုလို လားရှိုးကို တိုက်ခိုက်နေတာ တရုတ်က ရေငုတ်နှုတ်ပိတ်ပြီး ဘာမှ မပြောတာဟာ မြန်မာစစ်တပ်ရဲ့ ပြည်တွင်းစစ်ကို ဝင်ရောက်မစွတ်ဖက်ဘူးလို့ပြောလို့ရတယ်။ တိုက်ပွဲကတော့ ဆက်ပြင်းထန်လာနိုင်တယ်။ ကိုးကန်လည်း လားရှိုးကို ဘယ်လောက်ကြာကြာဆက်ထိန်းထားနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလအတွင်းမှာလည်း ကိုးကန့်တပ်ဖွဲ့ MNDAA က NUG နှင့်အတူ နိုင်ငံရေး ၊ စစ်ရေးကို ဖော်ဆောင်သွားမှာမဟုတ်ကြောင်း နှင့် မြန်မာအရေးကို တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့အတွက် တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...