ကွတ်ခိုင် ကျွဲကျောင်းရင်း မြေမြှုပ်မိုင်းနင်းမိ ခြေထောက်တစ်ဖက်ပြတ်

သျှမ်းပြည်မြာက်ပိုင်း၊ တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင် လွယ်ဆိုင်းကျေးရွာ အမျိုးသားတစ်ဦး ကျွဲကျောင်းရင်း မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် အောက်တိုဘာလ ၃ရက် နေ့လည်း ၃ နာရီဝန်းကျင် အသက် (၂၅) ရှိ အမျိုးသားတစ်ဦးသည် ကျွဲကျောင်းရင်း စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိပြီး ခြေထောက်တစ်ဖက်ပြတ် သွားကြောင်း အဆိုပါသတင်းကို သိရှိသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့နေရာသည် စစ်ကောင်စီ၏ တပ်စွဲထားသည့် နေရာဖြစ်သည်ဟု သိရသည်။

ကွတ်ခိုင် မိုင်းနင်းမိသည့် ကျွဲကျောင်းသား

“ကျွဲကျောင်းရင်း နင်းမိတာ။ အဲနေရာက စစ်ကောင်စီ မိုင်းထောင်ထားမှန်းလည်း မသိကြဘူး ။ အဲဘက်တကြောမှာ စစ်တပ်တွေရှိမှန်းလည်း မသိကြလို့။ နင်းမိလို့ ညာဘက်ခြေထောက်တစ်ဖက်တော့ ပြတ်ထွက်သွားတယ်။ ဘယ်ဘက်ခြေထောက်နဲ့ ခန္ဓာကိုယ်တွေက မိုင်းအစများပြင်းထန် ထိထားတယ် “ဟု ၎င်းကပြောသည်။

ဒဏ်ရာရရှိသည့် အမျိုးသားကို (TNLA) အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များက သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပိုဆောင်ဆေးဝါးကုသမှု ခံယူနေပြီး ညာဘက်ခြေထောက်သည့် ပြင်းထန်သည့် ဒဏ်ရာရှိနေကြောင်း ထပ်မံဖြတ်ထုတ်နိုင်ခြေရှိနေသည်ဟု ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။

“ နောက်တစ်ဖက်လည်း ပြင်းထန်နေတော့ ဖြက်တ်ရမယ်လို့ပြောတယ်။ ဒီလိုတွေကြုံရတော့ ရွာကလူတွေ တော်တော်ကြောက်ကြတယ်။ နွားကျောင်း၊ကျွဲကျောင်းတောင် မသွားရဲတော့ဘူး။ ရွာဘက်မှာ မကြာခဏဖုန်းလိုင်းဖျက်တော့ ဆက်သွယ်ရခက်တယ် “ ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့် (စက်တင်ဘာလ ၆)ရက် ကွတ်ခိုင်မြို့ အမှတ်တရကျောက်တိုင်အနီး ပျားသွားဖွတ်သည့် အမျိုးသားတစ်ဦသည် စစ်ကောင်စီ မိုင်းထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့သည်ဟု (TNLA) ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ဩဂုတ် ၅ရက်တွင်လည်း ကွတ်ခိုင်မြို့မဈေးကို လေကြောင်းဖြင့် ဗုံးကြဲသဖြင့် အရပ်သား ၆ဦး သေဆုံးကာ ၁၀ဦးဒဏ်ရာရရှိခဲ့ပြီး စျေးဆိုင်ခန်းပေါင်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ ၊ ရွာများရှိ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံစသည့် အဆောက်အုံးများကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ၍ တားဆီးဟန်တားပေးရန် အိမ်နီးချင်း တရုတ်နှင့် နိုင်ငံတကာသို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဩဂုတ် ၆ ရက်တွင် တောင်းဆိုထားသည်။

ကွတ်ခိုင်မြို့နေထိုင်သူများအနေဖြင့် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးလာရောက်ထပ်မံကြဲခြင်း၊ တိုက်ပွဲများ ထပ်မံဖြစ်မည်ကို စိုးရိမ်နေကြသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသား သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...