သီပေါ အမျိုးသားနှစ်ဉီး လက်ပစ်ဗုံး အိမ်သယ်လာ ပေါက်ကွဲ ဒဏ်ရာပြင်းထန်

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် ခလရ-(၁၄၇) တပ်ရင်းအနီး တွေ့ရှိခဲ့သည့် လက်ပစ်ဗုံး အိမ်ယူပြန်ရာမှ ပေါက်ကွဲပြီး အမျိုးသား(၂) ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၅) ရက်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာနေ အသက်(၃၂)နှစ်အရွယ် စိုင်းလူ သည် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၁၄၇) အနီး လက်ပစ်ဗုံးများ သွားရောက်ရှာဖွေ တွေ့ရှိခဲ့ပြီး နေအိမ်သို့ သယ်ယူလာခဲ့ကြောင်း ဒေသခံများထံက ပြောသည်။

၎င်းသယ်ယူလာခဲ့သည့် လက်ပစ်ဗုံးကို ပြန်လည်ရောင်းချရန်အတွက် ပြုပြင်နေစဉ် အောက်တိုဘာ (၅) ရက် ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပြီး နေအိမ်ရှိ အသက် (၅၀) ကျော်အရွယ် လုံးတောပလ လည်း ဗုံးဆံထိမှန်ကာ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဦး ပြောသည်။

သီပေါမြို့

“ရွာနားက တပ်ဟောင်းဘက်မှာ ဗုံးသွားကောက်လာတာ။ အိမ်ရောက်တော့ သွားရောင်းဖို့ဆိုပြီးတော့ စနက်တံ ပင်ထည့်နေတဲ့အချိန် ဗုံးပေါက်တာ။ အိမ်မှာ ရှိတဲ့လူ နှစ်ယောက်လုံး ဗုံးဆံမှန်တာ၊ တစ်ယောက်က လက်ပြတ်ပြီးတော့ မျက်နှာတွေ ထိတယ်။ နောက်တစ်ယောက်က တစ်ကိုယ်လုံး အနာဖြစ်ကုန်တယ်”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးဆံထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့သည့် နောင်ကော်ကြီးကျေးရွာမှ စိုင်းလူနှင့် လုံးတောပလ တို့ နှစ်ဦးကို ကိုးကန့်တပ်ဖွဲ့မှ လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှု ခံယူနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နောင်ကော်ကြီးကျေးရွာအနီးရှိ ဒေသခံများမှာ အလုပ်အကိုင် ရှားပါးမှုကြောင့် ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြီးနောက် ခလရ-(၁၄၇) တပ်စခန်းဟောင်း အနီးတဝိုက်တွင် သေနတ်နှင့် လက်ပစ်ဗုံးများ သွားရောက်ရှာဖွေပြီး ပြန်လည်ရောင်းချမှုများ ရှိလာကြောင်း သီပေါဒေသခံများက ပြောဆိုသည်။

“တပ်ဟောင်းနား ရလာတဲ့ သေနတ်တစ်လက်ကို သိန်း ၅၀ ပေးတယ်၊ လက်ပစ်ဗုံးဆို ပင်ပါရင် တစ်လုံးကို နှစ်သောင်းခွဲပေးတယ်။ ဒီတစ်ယောက်က လက်ပစ်ဗုံး အများကြီး ရလာတာ၊ တချို့က ပင်မရှိတော့ အဲ့တာထည့်ရင်းနဲ့ ပေါက်ကွဲတာ။ ရွာထဲမှာလည်း အဲ့လက်နက်တွေ လက်ခံပြီး ဝယ်တဲ့လူရှိလို့ သွားရှာကြတာ”ဟု သီပေါဒေသခံ ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ စတင်ပြီး သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၁၄၇) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၂၁) ရက်တွင် အပြီးသတ် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သော်လည်း မိုင်းရှင်းလင်းရေး မလုပ်ဆောင်ရသေးကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...