တိုင်းရင်သားနှင့် PDF များ လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီ ဖိတ်ခေါ်
SHAN -
လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင််းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) နေ့က...
မိုးမောက်မြို့ တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်
ကချင်ပြည် မိုးမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၄) ရက်မှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မိုးမောက်မြို့ရှိ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ပြန်လည်ရရှိရန်...
မူဆယ်မြို့ ကျောင်းသားနှစ်ဦးကို အမည်မသိလက်နက်ကိုင် ဓားပြတိုက်ပြီး ဆိုင်ကယ်လုယက်သွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို နှစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနက်ဖြင့်ထောက်၍ ဓားပြတိုက်ကာ ဆိုင်ကယ်လုယက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၆ ရက်) နံနက် ၁၁ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်အတွင်း ကျောင်းသွားရန် ဆိုင်ကယ်မောင်းနှင်နေသည့် ညီအစ်ကို ကျောင်းသားနှစ်ဦးကို...
ဆီဆိုင်မြို့တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်နေသည်ဟု စုံစမ်းသိရသည်။ ဆီဆိုင်မြို့တွင် စက်တင်ဘာလ ဒုတိယပတ်လောက်မှ စစ်ဆေးမှုတွေ တင်းကြပ်လာပြီး ကုန်ပစ္စည်းအများအပြား သယ်လာသည့် ကုန်ကားကြီးများကို ဖြတ်သန်းခွင့်မပြုကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ ဒုတိယပတ်လောက်မှ စစ်ဆေးတာပိုတင်းကြပ်လာတယ်။ ဆိုင်ကယ်တော့ ပေးဖြတ်တယ်။ ကုန်ကားကြီးတွေဆို မပေးဖြတ်ဘူး။ ပစ္စည်းအများကြီးတင်တဲ့ကားတွေဆိုလည်း...
ရွာငံတွင် ရေကြီးရေလျှံမှုဖြစ် ကျေးရွာအချို့ရေဘေးသင့်
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ရွာငံမြို့နယ် ယကြီးရွာတွင် ရေကြီးရေလျှံမှုဖြစ်လာတာကြောင့် ကျေးရွာအချို့ရေဘေးသင့်နေကြောင်း သိရသည်။ ယခု (စက်တင်ဘာ ) တတိယပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုစတင်ဖြစ်လာကာ ယကြီးကျေးရွာရှိ နေအိမ် (၅၀) ကျော်ရေနစ်မြုပ်နေကာ ကူညီကယ်ဆယ်မှုများလိုအပ်နေကြောင်းနှင့် ဖုန်းလိုင်းလည်း ပြတ်တောက်နေကြောင်း သိရသည်။ “ အခုက ရေတွေ မြှုပ်နေတယ်။ အိမ်က( ၅၀...
မူဆယ် စစ်ကောင်စီဖမ်း ကျားဖြန့်သမားများ ၂သောင်းဖြင့် ပြန်ရွေးရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသော အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူများကို တရုတ်ယွမ်ငွေ ၂ သောင်းဖြင့် ပြန်လည် ထုတ်ယူရန် ပြောဆိုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်တွင် စစ်ကောင်စီမှ မူဆယ်မြို့တွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ (၅၀၀)ကျော်ကို ဖမ်းဆီးရမိထားပြီး...
သျှမ်းမြောက်သို့ အင်အားထပ်ဖြည့်လာသည့် စစ်ကောင်စီတပ်ထဲ သျှမ်းတောင်မှ ပြည်သူ့စစ်များလည်း ပါဝင်လာ
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းလျက်ရှိရာ ပြည်သူ့စစ်များလည်း အချိုးကျ ပါဝင်လာကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်မှ စတင်ပြီး တန့်ယန်းနှင့် မိုင်းရယ်မြို့ဘက်သို့ ဦးတည်၍ သျှမ်းပြည်တောင်ပိုင်းရှိ မြို့များမှ စစ်ကောင်စီတပ်များအပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ တပ်အင်အားအများအပြားဖြင့် ထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများက...
စံကားဒေသ အလှူရှင်မရောက် ရေဘေးသင့် ကျေးရွာများ တစ်ရက် ထမင်းတစ်နပ်သာ စားနေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့် ရေဘေးသင့်ကျေးရွာများ တစ်ရက်လျှင် ထမင်း တနပ်သာ စားသုံးနေရကြောင်း စုံစမ်းသိရသည်။ လက်ရှိ စံကားဒေသရှိ ကျောက်တန်း၊ သာယာကုန်း(တောင်နှင့်မြောက်)၊ ညောင်ပင်သာ၊ မြို့ဟောင်း၊ လုံးကန်းကျေးရွာများ ထံသို့ ရေဘေးအတွက် အလှူရှင်များ မရောက်ရှိလာကြောင်း၊ ထို့ကြောင့် ရေဘေးဒုက္ခသည်များသည် ရိက္ခာများ ကုန်သွားမည်...
ဒုက္ခများနေသည့် ပြည်သူများကို ထပ်မံအမြတ်ထုတ်မည့် အွန်လိုင်းလိမ်လည်မှုများရှိနေ
SHAN -
မြန်မာနိုင်ငံအတွင်း စစ်ဘေး၊ ရေဘေး နှင့် အခက်အခဲပေါင်းစုံကြုံတွေ့နေရသည့် ပြည်သူများကို ထပ်မံ့အမြတ်ထုတ်မည့် အွန်လိုင်းလိမ်လည်မှုများရှိနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ အွန်လိုင်းလိမ်လည်မှုပုံစံသည် အချိန်ပိုင်းလုပ်နိုင်သော ဖုန်း Message များ၊ ကံစမ်းမဲပေါက်သည်ဟုပေးပို့လာသော စာတိုများမှာ ယခုလပိုင်းများအတွင်း အလွန်များပြားလာကြောင်း တောင်ကြီးမြို့ အသက် ၆၀ အရွယ်ရှိ အမျိုးသမီး တစ်ဉီးက...
မိုင်းတုံ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှု ဆန်နှင့်စက်သုံးဆီ စတင်ပြတ်လပ်လာ
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် ယခုလအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆန် နှင့် စက်သုံးဆီများ စတင်ပြတ်လပ်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (စက်တင်ဘာလ ၁၀ ရက်) တွင် မိုးရွာသွန်းမှုကြောင့် မိုင်းဆက် - တာချီလိတ်သွားသည့် ဆိုက်ခေါက်တံတား နှင့် (စက်တင်ဘာလ ၁၅ ရက်)...





