တောင်ကြီးစည်ပင်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဈေးသည်များထံအခွန်ကောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးရှိ ညဈေးမှ ဈေးသည်များထံ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အခွန်ကောက်ခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၃ ခုနှစ် မေလမှစတင်၍ အသစ်ပြောင်းရွှေ့လာသော စည်ပင်လူကြီးရောက်ရှိပြီးနောက်ပိုင်း တောင်ကြီးမြို့ မြို့မဈေးဘေးမှ ညဈေးရောင်းသည့် ဈေးသည်များအား ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ငွေကောက်ခံမှုများ ရှိလာကြောင်း မြို့ခံများထံမှသိရသည်။

“ဈေးမထွက်တဲ့နေ့တောင် တနေ့ ကျပ် ၁၅၀၀ ပေးရတယ်၊ တစ်လကို ၄၅၀၀၀ ကျပ်ယူတယ်၊ အမှန်ဆိုနေရာက ဝယ်ထားရတာ ၇ သိန်းကနေ နေရာအကျယ်အလိုက် ၁၂ သိန်းကျပ်ထိ၊ အဲ့ဒီပိုက်ဆံတွေကို စည်ပင်လူကြီးက အမိုးအသစ်လုပ်ဖို့ဆိုပြီး သိန်း ၇၀၀ နီးပါးလောက်ယူသွားတာ၊ ခုက စည်ပင်ခွန်ပုံစံမျိုးနဲ့ ထပ်ကောက်တာ” ဟု ဈေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

တောင်ကြီးမြို့ပေါ် ယာဥ်များ သွားလာမှု

ထို့အပြင် ပိုက်ဆံမသွင်းနိုင်ပါက နေရာမှ ဖယ်ရှားခိုင်းမှုများရှိကြောင်း၊ ၎င်းနေရာများသည် ယခင်က ငွေကြေးမပေးဆောင်ရပဲ မနက်ပိုင်းပျံကျဈေးသည်များ လာရောက်ရောင်းချကြပြီး ညနေပိုင်းလျှင် ညဈေးဖွင့်လှစ်သောနေရာဖြစ်ကြောင်း၊ လက်ရှိ စည်ပင်လူကြီးပြောင်းလာပြီးနောက်မှ အခွန်အခများစွာတိုးကောက်လာကြောင်းလည်း သိရသည်။

တောင်ကြီး စျေး

“စည်ပင်ကြေး၊ မီးကြေးတွေလည်းကောက်တယ်၊ ဈေးပိတ်ရက်ဆိုရင်လည်း ဈေးသည်တွေကို သန့်ရှင်းရေးလာလုပ်ခိုင်းတယ်၊ မတရားဘူးလို့ လိုင်းပေါ်ပြောမိတဲ့သူကိုလည်း၊ ရှာပြီး အရေးယူမယ်၊တရားစွဲမယ်တွေ ခြိမ်းခြောက်တာတွေလည်း ရှိတယ်” ဟု ဈေးသည်တစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

လက်ရှိတွင် ညဈေးရောင်းချနေသည့် ဈေးသည်များမှာ မြို့ခံများအပြင် စစ်ဘေးရှောင်ရင်း လာရောက်ရောင်းချနေသည့် ဈေးသည်များလည်း ရှိသောကြောင့် ထိုသို့ အခွန်အခများစွာ ကောက်ခံနေမှုများသည် အခက်အခဲများကြုံတွေ့စေရကြောင်းလည်းသိရသည်။

တောင်ကြီးမြို့သည် စစ်ကောင်စီမှဖိအားပေးကျင်းပခိုင်းသည့် တန်ဆောင်တိုင်ပွဲတော်ရက် ကျင်းပရန် ရက်ပိုင်းသာလိုတော့ပြီး တန်ဆောင်တိုင်ပွဲဖြစ်မြောက်ရန်အတွက် ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့်ကြားမှ ပွဲဖြစ်မြောက်ရန် ငွေကောက်ခံမှုများရှိခဲ့ကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...