Wednesday, February 11, 2026

CATEGORY

သတင်း

ရွာငံ အမျိုးသမီးတစ်ဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးရွာတွင် အမျိုးသမီးတစ်ဦးအသတ်ခံခဲ့ရကြောင်း သိရသည်။ ရွာငံမြို့နယ် နွားဘန်းကြီးရွာတွင်နေထိုင်သည့် အသက် ၄၇နှစ်အရွယ် ဒေါ်မှိုင်းဝေယမန်နေ့ (စက်တင်ဘာလ ၂၁) ရက်တွင် ကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာရှိ မြင်းကပတ် တောင်ယာစိုက်ခင်း၌ ရှိနေစဉ် အသတ်ခံခဲ့ရပြီး ဓားထိုးဒဏ်ရာ သေနတ်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည့်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့သည်။ “သူ့ကို...

စစ်ဘီလူး လုပ်ထုံးအတိုင်းတိုင်းသူပြည်သားများကို ညှာတာထောက်ထားမှုမရှိသည့် စစ်ကောင်စီ

သျှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ် ထိန်းချုပ်ထားနိုင်သည့် ဒေသတွေကို စစ်ကောင်စီ ဗုံးမကြဲဖို့အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က တရုတ်ကို ကြားဝင်စေ့စပ်ညှိနှိုင်းဖို့အတွက် အကူအညီတောင်းဆိုသော်လည်း လက်တွေ့တွင် မဖြစ်လာကြောင်း စုံစမ်းသိရသည်။ MNDAA သည် တရုတ်ထံ အကူညီတောင်းခံစာကို စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် ၁၉ ရက်တွင်...

WFP က စစ်ကောင်စီထံမှတစ်ဆင့် ရေဘေးဒဏ်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က စစ်ကောင်စီထံမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ ရေဘေးဒဏ်ခံစားရသော လူပေါင်း ၅ သိန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် KO Thet ချန်နယ်ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး“နစကအစိုးရမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရေဘေးဒဏ်ခံစားနေရသော...

ကလောမြို့နယ် တောင်ကိုးလုံး မြေပြိုမှုကြောင့် ဒေသခံများပိတ်မိနေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် တောင်ကိုးလုံးအနီးကျေးရွာဖက်တွင် မြေပြိုမှုကြောင်း ဒေသခံအများပြား ပိတ်မိနေကြောင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်တွင် မိုးများအဆက်မပြတ်ရွာသွန်းကာ တောင်များမှ မြေပြိုမှုကြောင့် ကျေးရွာ ၆ရွာ အဆက်သွယ်ပြတ်တောက်၍ နေအိမ်ပျက်စီးမှုရှိကာ ဒေသခံအများပြားပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးနှင့် အလှူရှင်များ သွားရောက်ကူနေကြောင်းသိရသည်။ “ လောလောဆယ်တော့ ကူညီကယ်မှုတွေလုပ်နေတယ်။ သွားရခက်ခဲတော့ လူသေမှုစာရင်းတွေ...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

သီပေါမြို့ စစ်ကောင်စီလေကြောင်းဗုံးကြဲ အရပ်သား ၅ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၅ဦးသေဆုံးပြီး၊ ၃ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။  စစ်ကောင်စီသည် ယမန်နေ့ ( စက်တင်ဘာ ၂၃)ရက် နံနက်ပိုင်းတွင် သီပေါမြို့ ဘုရားကုန်း ရပ်ကွက်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့်...

ချင်းမိုင်မြို့ နမ့်ပင်းချောင်းရေ စိုးရိမ်ရေအမှတ်ထက်မြင့်တက် ရေကြီးနိုင်ဟု ဆည်းမြောင်းဌာန အရေးပေါ်ကြေညာ

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ချင်းမိုင်မြို့ရှိ နမ့်ပင်းချောင်းရေ စိုးရိမ်ရေ အမှတ်ထက်မြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပွားနိုင်ကြောင်း ချင်းမိုင်မြို့ စည်ပင်သာယာရေးနှင့် ဆည်းမြောင်းဌာနတို့မှ အရေးပေါ်ထုတ်ပြန်ကြေညာလိုက်သည်။ နမ့်ပင်းချောင်းရေ စိုးရိမ်အမှတ်ထက်မြင့်တက်လာနိုင်သောကြောင့် ပါလက်မြို့နယ်၊ ဝမ်သိမ်မြို့နယ်၊ မြို့တွင်းမြို့နယ်နှင့် ကျန့်ကန်းလမ်းတစ်လျောက်တွင် ရေကြီးရေလျှံဖြစ်ပွားနိုင်သည်ဟု ဆည်းမြောင်းဌာနက အသိပေးကြေညာလိုက်သည်။ နမ့်ပင်းချောင်းရေ စိုးရိမ်အမှတ် ၃.၇၀ ပေ သတ်မှတ်ထားသော်လည်း ယနေ့...

မဲနယ်တောင်ဒေသတွင် ပြည်သူတစ်ဦးကို PNO စစ်သားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်

သျှမ်းပြည်နယ်တောင်းပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လုံးဟီး(စံဖူး)ကျေးရွာရှိ ပြည်သူတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃)ရက် နံနက် ၃နာရီအချိန်တွင် PNOတပ်ဖွဲ့ဝင် ဘထူးဆိုသူသည် တစ်ရွာတည်းနေထိုင်သည့် ဦးညိုအား တလျနွိုးရွာကို လိုက်ခဲ့ရန် သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်၍ တောထဲတစ်နေရာ၌...

ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ ရေဘေးသင့်ကျေးရွာများ စားနပ်ရိက္ခာသွားရောက်လှူဒါန်းရန် ခက်ခဲ

သျှမ်-ကရင်နီ နယ်စပ် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ တို့တွင် ရေဘေးသင့်နေသည့်ကျေးရွာများအတွင်း ရေကြီးရေလျှံမှု ဆက်လက်ဖြစ်နေသဖြင့် စားနပ်ရိက္ခာသွားရောက်လှူဒါန်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှစ၍ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ ရှိ ရပ်ကွက်များ၊ဘီလူချောင်း အနီးရှိ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများအတွင်းသို့ မိုးဗြဲရေကာတာမှ လွှတ်လိုက်သည့်...

လားရှိုးမြို့ပေါ် စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲ အရပ်သား ၁၀ ဦးထက်မနည်းဒဏ်ရာရ၊ ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (  MNDAA )ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းသို့  စစ်ကောင်စီမှ ပေါင် (၅၀၀) ဗုံး ၄ လုံးထပ်မံကြဲရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိ၊ ၁ ဦး သေဆုံးမှုကြောင်း စုံစမ်းသိရသည်။

Latest news