Tuesday, January 27, 2026

မူဆယ်မြို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွား၊ ဒေသခံများ စိုးရိမ်ထိတ်လန့်မှုဖြစ်

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ အနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့၊ မန့်မိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးနီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မန့်မိုင်ဘက်မှာ ဒီမနက်ကတော့ သေနတ်သံတွေ ဗုံးသံတွေတော့ ကြားနေရတယ်။ ဘယ်အဖွဲ့နဲ့

ဘယ်အဖွဲ့လည်း ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး။ ဒါပေမယ့် KIA နဲ့ စစ်ကောင်စီတပ်နဲ့ ဆိုတာလည်း ကြားနေရတယ်။ သတိတော့ ထားနေရတယ်၊ အခြေအနေက ဘယ်လိုလာမလဲဆိုတာ ကျနော်လည်း မပြောတတ်သေးဘူး” ဟု စစ်ရေးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုမှာ စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် တို့အကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုပြီး စိုးရိမ်ထိတ်လန့်မှု ရှိနေသော်လည်း သျှမ်းသံတော်ဆင့်မှ အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

အလားတူ အောက်တိုဘာလ (၁၅) ရက်ကလည်း မူဆယ်မြို့နှင့် ၃ မိုင်ခန့်သာ ကွာဝေးသည့် နမ့်ခုမ်ရွာအနီးသို့ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် (၁) လုံး မီးလောင် ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

မူဆယ်မြို့ ပတ်ပတ်လည်တွင် သျှမ်းတပ် SSPP/SSA၊ ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ဝိုင်းရံပိတ်ဆို့ထားသော်လည်း စစ်ကောင်စီတပ်အပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ယခင်က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သျှမ်းမြောက်ရှိ မြို့အားလုံး နီးပါးကို ညီနောင်မဟာမိတ်တပ်များက ထိန်းချုပ်ထားသော်လည်း ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်နေရာယူထားသည့် တန့်ယန်းမြို့၊ သျှမ်းတပ် SSPP/SSA လုံခြုံရေးယူထားသည့် မိုင်းရယ်မြို့တို့နှင့် မတူဘဲ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ မူဆယ်မြို့ကို မည်သည့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ ယခုထိတိုင် တိုက်ခိုက်ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...