Tuesday, January 27, 2026

ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ဟု သတင်းအမှားဖြန့်

သျှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းအမှားဖြန့်ချိနေသည်။

စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် KO Thet ချန်နယ်လ်မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး“ကယန်းပြည်သစ်နဲ့ NUG ဒေါခင်မြတ်ဦး၊ ပျားစစ်ကြောင်း ဗျူဟာမှူးဆင့်ရှိ ဌေးမြင့်လှိုင်တို့ ပတ်သတ်မှုရှိနေကြောင်း သိရှိရပြီး NLD ပါတီဝင်၊ PDF များကို ဖယ်ခုံလူထုက ထောက်ပံ့မှု၊ ထောက်ခံမှု၊ အလှူငွေပေးမှု အားနည်းနေသဖြင့် တစ်မြို့လုံးကို ဖျက်ဆီးရန် ဒေါ်ခင်မြတ်ဦးမှ စေခိုင်းခဲ့ ” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။

ထိုသို့စေခိုင်းပြီး ၂၀၂၄ အောက်တိုဘာလ အခုရက်ပိုင်းအတွင်း ဖယ်ခုံမြို့တွင် မီးများဆက်တိုက်လောင်ကျွမ်း နေကြောင်းဆိုပြီးလည်း ရေးသားဖြန့်ဝေခဲ့သည်။
ထိုသတင်းအမှားကို ကြည်ရှုသူပေါင်း ၃၀,၀၀၀ ကျော်ရှိပြီး KO Thet ချန်နယ်လ်အပြင် အခြားတယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်များကပါ ဖြန့်ချိထားကြသည်။

မူရင်းလင့်ခ် – https://archive.ph/m8E9Q

ဆက်စပ် သတင်းအမှားလင့်ခ် – https://archive.ph/4le8F

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ မှားယွင်းနေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

ဒေသတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနများ၏ ဖော်ပြချက်အရ ဖယ်ခုံမြို့တွင် အောက်တိုဘာလဆန်းမှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြကြသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနတွင် စစ်ကောင်စီတပ်စွဲထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နန်းဟူးရပ်ကွက် ဆေးရုံကုန်းအနီးတဝိုက်ကို စစ်ကောင်စီက အောက်တိုဘာလ ၂၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

မူရင်းလင့်ခ် – https://archive.ph/1FSTO

မီးရှို့ခံရသည့် ဖယ်ခုံမြို့ ဒေသခံနေအိမ် ရုပ်သံဖိုင်များလည်း Karenni People’s Voice မှ အောက်တိုဘာလ ၂၄ ရက်နေ့က တင်ဆက်ထားသည်။

ရုပ်သံဖိုင် – https://shorturl.at/1oydi

RFA သတင်းဌာနတွင်လည်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်တွင် တိုက်ပွဲတွေပြင်းထန်နေသကဲ့သို့ စစ်ကောင်စီတပ်မှ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦး၏ အတည်ပြုချက်ဖြင့် ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/axiZ0

သုံးသပ်ချက်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် ဖြစ်စဉ်မှာ မှန်ကန်သည်။ သို့သော် ဖယ်ခုံမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့များအား မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည့် ဖြန့်ချိမှုက မှားယွင်းနေသည်။

သတင်းအမှား ဖြန့်ချိသူတွေက စစ်ကောင်စီတပ်ဖွဲ့၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့များအား ပုံဖျက်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားဖြန့်ချိနေသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...