CATEGORY

သတင်း

နောင်ချို တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ် လက်နက်ကြီး တစ်ဖက်သက်ပစ်ခတ်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်အတွင်း အဆိုပါ တိုက်ပွဲသည် လက်ရှိအချိန်ထိ ၂ ပတ်တာခန့် ငြိမ်သက်ခဲ့သော်လည်း ဘန့်ဘွေးကျေးရွာအခြေစိုက်...

ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ဓနုPDF အပြင် သျှမ်းတပ်နှစ်တပ် တိုက်ပွဲအပြိုင်ဖြစ်

သျှမ်းပြည် ရပ်စောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ ထိတွေ့တိုက်ပွဲအပြင် သျှမ်းတပ်နှစ်တပ်အချင်းချင်းကြား တိုက်ပွဲအပြိုင်အဆိုင် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ်အတွင်းရှိ ကျောက်ဂူကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ် DPLA တို့ တိုက်ပွဲဖြစ်ပွားနေစဉ် သျှမ်းတပ်နှစ်တပ်လည်း အင်တောမြို့အနီး (၃)...

သျှမ်းပြည် အလယ်ပိုင်း အွန်လိုင်း (ကျားဖြန့်) ဒေသခံမျိုးစုံပြဿာနာကြုံတွေ့နေရ

သျှမ်းပြည် လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် အွန်လိုင်း (ကျားဖြန့်) ငွေလိမ်လည်မှုများပြားလာသည့်အတွက် ဒေသခံများ မျိုးစုံပြဿနာကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။  အွန်လိုင်း (ကျားဖြန့် )ငွေလိမ်လည်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနစ် အောက်တိုဘာလမှစတင်ကာ လဲချားမြို့နယ် ဝမ်ပန်ကျေးရွာ၊ ဝမ်လေကျေးရွာ နှင့် ဝမ်ဟိုင့်ကျေးရွာ တို့တွင် အခြေချလာသည်။ ထိုကျားဖြန့်လုပ်ငန်းကြောင့် ဒေသအတွင်း ကုန်စျေးနှုန်းမြင့်တက်လာခြင်း၊ လူငယ်များနှင့် ဒေသခံများကို လစာများဖြင့်...

လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း စက်သုံးဆီရောင်းချသူ ၁၇ ဦး ဖမ်းဆီးခံရ

စက်သုံးဆီများ ဖြတ်တောက်ထားသည် သျှမ်းပြည် မြောက်ပိုင်း၊ ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအတွင်း စက်သုံးဆီရောင်းချသူ ၁၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ စက်သုံးဆီရောင်းချသူများသည် စက်သုံးဆီကို ကျေးရွာများတွင် သိုလှောင်ထားပြီး တအာင်း (ပလောင်) တပ် TNLA၊ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF...

လားရှိုးမြို့ပေါ်ရပ်ကွက် MNDAA မှ မီတာခနှင့် အမှိုက်ခွန် စတင်ကောက်ခံမည်ဟုဆို

သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ စတင်ကောက်ခံမည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ယခု နှစ်ဆန်းပိုင်း ဇန်နဝါရီလမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရပ်ကွက်အချို့တွင် မီတာခနှင့် အမှိုက်ခွန်များကို ကောက်ခံတော့မည်ဖြစ်ကြောင်း...

PNLA ထိန်ချုပ်ထားသည့်ဒေသ စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ထိန်ချုပ်ထားသည့်  ကဒူးကြီးကျေးရွာအုပ်စု ဗန်းမက်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်)နေ့တွင် မောက်မယ်မြို့နယ် PNLA ထိန်ချုပ်ထားသည့် ဗန်းမက်ကျေးရွာကို စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း မောက်မယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲနေ့က အတော်တော်ကြားရတယ်။ ရုတ်တရက်ဆိုတော့ ကျနော်တို့လန့်တယ်။...

“စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ ဆိုက်ဘာလုံခြုံရေးဆိုတာက လူထုကိုသတင်းအမှောင်ချဖို့နဲ့ ဖမ်းဆီးဖို့ပါပဲ”

ခွင့်ပြချက်ရယူခြင်း မရှိဘဲ ဗီပီအန် (VPN) ထူတောင်ခြင်း (သို့မဟုတ်) ဝန်ဆောင်မှု ပေးခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ဇန်နဝါရီလ ၁ ရက်တွင် ပြဋ္ဌာန်းလိုက်သည်။ အီလက်ထရောနစ် နည်းပညာအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်ခြင်းကြောင့် နိုင်ငံအချုပ်အခြာအာဏာနှင့် တည်ငြိမ်းအေးချမ်းမှုကို...

မိုင်းဖုန်းဆရာတော်မွေးနေ့မင်္ဂလာပွဲတော်ကို  သွားရောက် ဖူးမျှော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတား ဖြတ်ခွင့်မရ

မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ သွားရောက် ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့  သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းခွင့်မရကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့ မင်္ဂလာပွဲ တော်ကို ဇန်နဝါရီလ ၁ရက်မှ ၅ ရက်နေ့အထိ ကျင့်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာ ပွဲတော်သို့ သွားရောက်  ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့သည် သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့်မရကြကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သျှမ်းမြောက် က အချို့လူမျိုးကို ပေးမဖြတ်တာပေါ့။တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေကနေလာရင် သူတို့က စစ်ရေးဆေးဂိတ်မှာပေးမဖြတ်ဘူး။ မှတ်ပုံတင်ကြည့်ပြီးတော့ လူမျိုးကို စစ်ဆေးတာ။ သိန္နီကနေလာတဲ့ လူတွေအချို့ကလည်း မဖြတ်ရဘူး ပြန်လှည့်ရတာရှိတယ်။”ဟု အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ယမန့်နေ့ တွင် တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ ကား ၆စီး ပြန်လှည့်ရကြောင်း၊ များသောအားဖြင့် ထိုပြန်လှည့်ခံရသည့် ကားသည် တအာင်း (ပလောင်)လူမျိုးများ၏ ကားများဖြစ်ကြောင်း လည်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားက ပြောပြသည်။  “လူမျိုးတွေကြည့်ပြီးတော့ စစ်တာထင်တာ။မနေ့ကတော့ ကားတွေ ၆ စီးလောက် ပြန်လှည့် ပြန်ကြရတာ။တာအင်း ပလောင်လူမျိုးတွေက ပွဲသွားရင်သူတို့က သူတို့ဝတ်စုံ ဝတ်ပြီးတော့ သွားကြတာလေ။ တချို့ကျတော့လည်း ကျိုင်းတုံထဲမှာ ထောင်ခံစာ တစ်ဆင့်ယူရသေးတယ်လို့ပြောတယ်။”ဟု အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။ သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော် ပူဇော်ကြမည့် ဒကာ၊ ဒကာမ မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန်သတိပေးထားပြီး၊ စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားသည်။ ယခုနှစ် ၂၀၂၅ လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၆၁) နှစ်မြောက် ဝိဇာတပူဇာ မွေးနေ့ပွဲကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုရှိ

ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက...

သိန္နီမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ

သျှမ်းပြည် သိန္နီမြို့တွင် နှစ်သစ်ည ယမန်နေ့ (ဇန်နဝါရီ ၁)ရက် ည ၁၁နာရီကျော် လူအိပ်မောကျချိန် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်) ည ၁၁ နာရီကျော် လူအများ အိပ်မောကျချိန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...

Latest news