CATEGORY

သတင်း

အရှေ့နေဝန်းနီကျဆုံးခြင်းမှ ၂၀၂၅ လူထုအောင်မြင်ရေးနှစ်သစ်ဆီသို့

၂၀၂၃ နှစ်နှောင်းပိုင်းမှ ၂၀၂၄ နှစ်ကုန်အထိ မြောက်ပိုင်းမဟာမိတ် သုံးဖေါ် ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း ဒုတိယလှိုင်းမှာ စစ်ကောင်စီအတွက်တော့ နှစ် ၇၀ အတွင်း သမိုင်းမော်ကွန်းတင်လောက်အောင် အရှုံးကြီး ဆုံးရှုံးခဲ့တယ်။ နေဝန်းနီက သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမှာ အခြေစိုက်တဲ့ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့...

မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထောင်ဒဏ် နှစ် (၂၀)ကျော် ချမှတ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ဘိန်းစာရွက်ရည် သုံးစွဲသူကို ရဲတပ်ဖွဲ့များ လာရောက်ဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် (၂၀)ကျော် ချမှတ်ကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့တွင် နှစ်ကုန်အချိန် (ဒီဇင်ဘာလ အစ)တွင် မူးယစ်ဆေးဝါးသုံးစွဲများကို မူးယစ်ရဲတပ်ဖွဲ့က အမှုလိုအပ်မှုအတွက် လိုက်လံဖမ်းဆီးရာတွင် ထုံးစံဖြစ်နေကြောင်း ၊ ယခင်နှစ်ဖမ်းဆီးမိသူကို ငွေဖြင့် ပြန်လည် ရွေးခိုင်းပြီး...

အတိတ်နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်မြုပ်နေသော ပအိုဝ်းအဖွဲ့အစည်းများ

“ပအိုဝ်းပြည်နယ်သစ်‌ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။ သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏...

ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေတောင်းနေတဲ့ PNO

သျှမ်းပြည် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ် အတွင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဇန်နဝါရီ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် PNO က ပြည်သူများထံ...

“ ကျားဖြန့်လုပ်ငန်း နည်းမျိုးစုံကြီးထွားနေဆဲ”

မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန် ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ အပြာရောင် သွပ်ပြားတွေနဲ့ ဆောက်လုပ်ထားတဲ့ တန်လျားက အစီအရီနေရာယူထားပါတယ်။  ဒီအဆောက်အဉီးကို ကြည့်လိုက်ရင်တော့ ဒေသအတွင်း ပုံမှန် သမားရိုးကျ စီးပွားရေး လုပ်ကိုင်နေတဲ့ ပြောင်းသီးနှံတွေ သိုလှောင်ထားရာ ဂိုဒေါင်ကြီးတွေလို့ ထင်မြင်စရာနေရာတစ်ခုပါ။ ဒါပေမယ့် အဲ့ဒီဂိုဒေါင်ကြီးထဲမှာက အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မကြာသေးခင် လတွေအတွင်းက ဆောက်ထားတဲ့ “ကျားဖြန့်ရုံ”တွေ ဖြစ်တယ်လို့ တန့်ယန်းဒေသခံတွေက ပြောပါတယ်။  အဲ့ဒီနေရာကတော့ တန့်ယန်းမြို့နယ်အတွင်း မန်ပန်ပြည်သူ့စစ်ပိုင် ရာဘာခြံနေရာပါပဲ  “အရင်က ပြည်သူ့စစ်တွေရဲ့ ရော်ဘာခြံတွေကို အခု အကုန် မြေကော်ကား ကော်ပြီး လောင်းကစားရုံတွေ လုပ်နေကြပြီ။ တောထဲမှာပဲ တော်ရုံလူတောင် မဝင်နိုင်ဘူး၊ အလုပ်က ဒီဒေသက လူပဲခေါ်တာ တခြားဒေသဆို မယူဘူး။ လစာက ၁၅၀၀ ယွမ်က စတယ်”လို့ တန့်ယန်းမြို့နယ်မှာ နေထိုင်တဲ့ စိုင်းဝင်းက မျှော်လင့်ချက်ရှိဟန်နဲ့ ပြောပါတယ်။ ကျားဖြန့်လုပ်ကိုင်သူ တစ်လလျှင် လစာယွမ် ၁၅၀၀...

တောင်ကြီးတွင် ဆိုင်ကယ်မှ ကားကျော်တက်ရာ ချိတ်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး

သျှမ်းပြည် တောင်ကြီးတွင် ဆိုင်ကယ်မှ ကုန်တင်ကားအားကျော်တက်ရာ ချိတ်မိပြီး ကားကြိတ်မှုဖြစ်ပွားခဲ့ကာ ဆိုင်ကယ်မောင်းသည့် အမျိုးသမီးတစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၂၆ရက်) ညနေ ၆ နာရီခန့်အချိန်တွင် တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း ရိုးမဘဏ်အနီးတွင် ဆိုင်ကယ်တစ်စီးမှ ကုန်တင်ကားအားကျော်တက်ရာ ချိတ်မိပြီး ကားနှစ်စီးကြားအတွင်းသို့ ညှပ်မိကာ ဆိုင်ကယ်မောင်းနှင်သည့်...

ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “ဖောင်းကားစားဖိုးကဲကြီး” ချန်နယ်လ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၎င်းက “ထိုင်းမှာထမင်းစားဖို့ အပြာရှင်ရှင်ကားတွေ ရိုက်ကူးပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရန်...

ဘိန်းစာရွက်ရည်ကို ဖျော်ရည်သဘောနဲ့ သုံးစွဲလာကြ

ရက်ကောင်းရက်မြတ် ပွဲလမ်းသဘင်တွေ၊ လူမျိုးဓလေ့ ရိုးရာပွဲတော်တွေနဲ့ မင်္ဂလာဆောင် ပွဲအခမ်းအနားတွေမှာ သောက်ရေသန့် ပုလင်းထဲထည့်ကာ ဖျော်ရည်လားလို့ ထင်ရလောက်အောင် စားပွဲတိုင်းမှာ မြင်တွေ့နေရပါတယ်။ အဲ့လို မြင်တွေ့ရမှု အများဆုံးကတော့ သျှမ်းပြည် အရှေ့ပိုင်း ဒေသတွေမှာပါ။ အဲ့ဒီ စားပွဲပေါ်မှာ ချထားတဲ့ အရည်တွေဟာ ဘိန်းစာပင် (Kratom) ကနေ...

“အခု စစ်ဖြစ်နေတဲ့ နေရာတွေမှာလည်း ဒီသယံဇာတထွက်တဲ့ နေရာတွေကိုပိုပြီးတော့ စိုးမိုးနိုင်အောင် ကြိုးစား နေတာကိုလည်း တွေ့ရတယ်။”

သျှမ်းပြည်အတွင်း သဘာဝဘေးဖြစ်သည့် ရေကြီးမှုဒဏ်၊ တောင်ပြိုမှုဒဏ်ကို ယခင်တကြိမ်တခါမျှပင် ကြီးကြီးမားမား မကြုံခဲ့ဖူးရာက ယခုနှစ်အတွင်း ရေကြီးတောင်ပြိုမှုဒဏ်ကို ကြီးမားဆိုးရွားစွာ စတင် ကြုံလာခဲ့ရပါသည်။ ယခုလို ရေကြီးတောင်ပြိုမှုဒဏ်က သျှမ်းပြည်အတွင်း သစ်တောပြန်းတီးမှု၊ သယံဇာတတူးဖော်မှုစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ဘယ်လိုချိတ်ဆက် ဆက်စပ်နေပါလဲ။ ယင်းအပြင် သျှမ်းပြည်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံသည့်ဒေသများမှာရော...

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

Latest news