ဘိန်းစာရွက်ရည်ကို ဖျော်ရည်သဘောနဲ့ သုံးစွဲလာကြ

ရက်ကောင်းရက်မြတ် ပွဲလမ်းသဘင်တွေ၊ လူမျိုးဓလေ့ ရိုးရာပွဲတော်တွေနဲ့ မင်္ဂလာဆောင် ပွဲအခမ်းအနားတွေမှာ သောက်ရေသန့် ပုလင်းထဲထည့်ကာ ဖျော်ရည်လားလို့ ထင်ရလောက်အောင် စားပွဲတိုင်းမှာ မြင်တွေ့နေရပါတယ်။

အဲ့လို မြင်တွေ့ရမှု အများဆုံးကတော့ သျှမ်းပြည် အရှေ့ပိုင်း ဒေသတွေမှာပါ။ အဲ့ဒီ စားပွဲပေါ်မှာ ချထားတဲ့ အရည်တွေဟာ ဘိန်းစာပင် (Kratom) ကနေ ချက်ထားတဲ့ မူးယစ်ဆေးရည် တစ်မျိုးပါပဲ။

ဒီအရည်က စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ နားကောင်းမူး စတဲ့ မြို့တွေရဲ့ ပွဲလမ်းသဘင်မှာ ဘီယာ၊ အရက်နည်းတူ ထည့်သွင်းသောက်သုံး လာကြပါတယ်။

“အခု ကျနော်တို့ မိုင်းဆတ်ဘက်မှာက ဘိန်းစာရွက်ရည် သောက်သုံးလာကြတယ်။ လူငယ်တွေ လူကြီးတွေ ရောပါပဲ။ မူးယစ်ရည်တမျိုးလည်းဖြစ်၊ နောက် စျေးလည်း ပေါတော့ သောက်ကြတာပေါ့” ဟု စိုင်းလုံ (အမည်လွှဲ)က ပြောပြလာပါတယ်။

အဲ့ဒီ ဘိန်းစာရွက်ရည်ကို အခါကြီးရက်ကြီးတွေမှာ၊ အလှူနေအိမ်တွေ နောက်ရိုးရာဓလေ့ ပွဲတော်တွေမှာ ထည့်သွင်းအသုံးပြုလာကြတာ အဆိုးဆုံးဖြစ်ကြောင်း၊ အဲ့ဒီအရည်ဟာ မူးယစ်ဆေး အမျိုးအစားတစ်မျိုးဆိုတာ ပြည်သူတွေ မသိရှိကြောင်းလည်း စိုင်းလုံက ဆိုပြန်ပါတယ်။

ဘိန်းစာရွက်သောက်သုံးနေသည့် ပွဲလမ်းသဘင်

“ဒီဘိန်းစာပင် အရည်တွေကို နှစ်သစ်ကူးတင် မကဘူး၊ ဘာပွဲပဲဖြစ်ဖြစ် ချကျွေးတယ်။ သျှမ်းအရှေ့ တကြောမှာ ဒီနှစ် ပိုသုံးစွဲလာတာ တွေ့ရတယ်။ သောက်တဲ့သူကိုတော့ အရေးယူ ဆောင်ရွက်ခြင်း မလုပ်ပဲ ရောင်းတဲ့သူကိုသာ ဖမ်းဆီးပြီး အရေးယူသွားတယ်” လို့ စိုင်းလုံက လက်ရှိ သျှမ်းအရှေ့ အခြေအနေကို ပြောပြလာပါတယ်။

အဆိုပါ ဘိန်းစာရွက်ရည် သုံးစွဲသူကို ဖမ်းဆီးမယ်ဆိုပါက တစ်ရွာလုံး၊ တစ်မြို့လုံးက ပြည်သူတွေကို ဖမ်းဆီးရမယ့် အနေအထား ဖြစ်နေကြောင်း၊ ဘိန်းစာရွက်ရည်ရဲ့ အကြောင်းကို ပြည်သူတွေ သေချာမသိရှိဘဲ သုံးစွဲတဲ့အတွက် စိတ်မကောင်းကြောင်းလည်း စိုင်းလုံက ဆိုပါတယ်။

ဘိန်းစာပင်ဆိုတာ စိတ်ငြိမ်ဆေးအဖြစ် အသုံးပြုလာကြသကဲ့သို့ ပြင်းထန်တဲ့ နာကျင်မှု၊ အစာချေစနစ်နဲ့ သက်ဆိုင်တဲ့ ဖျားနာဝေဒနာတွေကို ကုသပေးနိုင်စွမ်းလည်း ရှိပါတယ်။

ဒါပေမယ့် ဘိန်းစာပင်ဟာ ဘိန်း၊ ဆေးခြောက်တွေလို စွဲလမ်း မူးယစ်စေနိုင်တဲ့ အစွမ်းသတ္တိနဲ့ စိတ်ကြွစေတဲ့ အစွမ်းသတ္တိ ၂ မျိုးကို ပိုင်ဆိုင်ထားနေတာကြောင့် ပိုမိုသုံးစွဲလာကြတယ်လို့ ဘိန်းစာပင်ရောင်းသူတစ်ဦးက ပြောပြပါတယ်။

“ဘိန်းစာပင်ကို ခပ်များများက ထိုင်းလို Kratom (ကရထွမ့်) လို့ ခေါ်ကြတယ်။ အများအားဖြင့် အလုပ်သမားတွေ၊ အလုပ်ကြမ်း လုပ်နေတဲ့ သူတွေဆို အရမ်းသုံးတယ်၊ ဘာလို့ဆို ဘိန်းစာရွက်က ကိုက်ခဲတာ ပျောက်တယ်၊ စိတ်ကို တက်ကြွစေတယ်။ အရမ်းသုံးရင် မူးယစ်ဆေးလို စွဲတယ်၊ မသုံးရင် မနေနိုင်တော့တဲ့ အခြေနေမျိုးလည်း ရှိတယ်” ဟု ၎င်းဘိန်းစာပင် ရောင်းချသူက ပြောပါတယ်။

ဘိန်းစာပင်ဟာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ မြန်မာ စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ပေါက်ရောက်ကာ အစိမ်းရင့်ရောင် မာလကာရွက်နဲ့ ခပ်ဆင်ဆင် တူနိုင်ပြီး အရွက်ကို အခြောက်ခံ၊ ထောင်းပြီး ဆေးခဲ၊ ဆေးတောင့်၊ အရည် စသဖြင့် ပုံစံအမျိုးမျိုး ထုတ်လုပ်ကြပါတယ်။

လက်ရှိ ဘိန်းစာရွက်ရည်ကိုတော့ အရွက်ကို အရည်ကျိုကာ အကြိမ်ကြိမ် ရေစစ်နဲ့စစ်ပြီး အခြားမူးယစ်ဆေးဝါး ဒါမှမဟုတ် ချောင်းဆိုးပျောက်ဆေးရည်၊ တိုင်းရင်းဆေးဝါးတွေနဲ့ ရောပြီး သောက်သုံးကြတယ်လို့ မိုင်းဆတ်မြို့ ဘိန်းစာရွက်ရည် ကျိုချက်တဲ့ အမျိုးသားတစ်ဉီးက ပြောပြပါတယ်။

“အရွက်ကို ကြိတ်တယ်၊ ပြီးရင် အရည်ကျိုတယ်။ ရေစစ်နဲ့ ထပ်ခါထပ်ခါ စစ်တယ်။ နောက်ပြီး မူးယစ်ဆေးဝါးနဲ့ ရောသုံးတာ ရှိတယ်။ တိုင်းရင်းဆေးတွေ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ရောကြတာ ပိုတွေ့ရတယ်” ဟု ၎င်းဘိန်းစာရွက်ရည် ကျိုချက်သူ အမျိုးသားက ပြောပါတယ်။

ဘိန်းစာပင်သည် အမေရိကန်နှင့် ဩစတြေးလျ နိုင်ငံဘက်တွင် တရားဝင် အသုံးပြုခွင့်ရှိပြီး မလေးရှား၊ နယူးဇီလန်၊ မြန်မာနိုင်ငံနှင့် EU အီးယူအဖွဲ့ဝင် တိုင်းပြည်အများစု တရားဝင် ပြုလုပ်ခွင့် မပြုသေးကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။

ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဘိန်းစာရွက်ရည် Kratom (ကရထွမ့်) ကို မူးယစ်ဆေးဝါး စာရင်းကနေ ပယ်ဖျက်ထားပြီး UNODC (United Nations Office on Drugs and Crime) ကလည်း မူးယစ်ဆေးဝါး စာရင်းကနေ ပယ်ဖျက်ထားပြီး ဖြစ်တာမို့ ဒီပစ္စည်းကို မူးယစ်ဆေးလို့ အမည်တပ်ဖို့ ခက်ခဲလှပါတယ်။

ဘိန်းစာရွက်ရည်ဟာ ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးလည်း ရှိပါတယ်။ အဓိကအားဖြင့် ကျိုပြီး ရလာတဲ့အရည်ကို ရေစစ်နဲ့ကောင်းမွန်စွာ မစစ်ပါက ကျောက်ကပ် ထိခိုက်နိုင်ကြောင်း သိရပါတယ်။

“အရည်တွေ စစ်တဲ့အခါမှာ အမှုန်လေးကအစ မပါအောင်စစ်ရတယ်။ မဟုတ်ရင် အဲ့အမှုန်တွေကနေ ကျောက်ကပ်တွေ အူတွေကို ထိခိုက်နိုင်တယ်၊ ဒါကြောင့် အထပ်ထပ် အခါခါ စစ်ဖို့လိုတယ်” လို့ ဘိန်းစာရွက်ရည် ကျိုရောင်းသူက ပြောပါတယ်။

ဘိန်းစာရွက်ရည် သောက်ပြီးပါက ကောင်းမွန်စွာ အိပ်ပျော်သဖြင့် သက်ကြီးရွယ်အိုများပါ သောက်သုံးနေကြောင်း၊ ၎င်းဘိန်းစာရွက်ရည်ကိုတော့ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ အခံရှိထားတဲ့သူတွေ လုံးဝ ရှောင်ကြဉ်သင့်ကြောင်းလည်း နားကောင်းမူ ဒေသခံ အမျိုးသားတစ်ဉီးက ပြောပါတယ်။

“တကယ်တော့ ဘိန်းစာရွက် သီးသန့်ဆိုရင် ပြဿနာမရှိဘူး။ အခုက ချောင်းဆိုး ပျောက်ဆေးရည်တွေနဲ့ ကိုယ့်နည်းကိုယ်ဟန် စပ်သောက်ကြတာ။ လူကြီးတွေကလည်း ည အဲ့ဟာသောက်ပြီးရင် အိပ်ပျော်လို့ ဆိုပြီး လိုက်သောက်ကြတယ်။ အရာရာက တန်ဆေးလွန်ဘေး ဖြစ်တာပေါ့” လို့ ၎င်းဒေသခံ အမျိုးသားက ပြောပါတယ်။

ဘိန်းစာရွက်ကို သုံးစွဲတဲ့အခါ တန်ဆေးလွန်ဘေး မဖြစ်အောင် သုံးစွဲရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးကဲ့သို့ မသုံးစွဲသင့်ကြောင်း၊ ကျန်းမာရေး စိစစ်ပြီးမှသာလျှင် သုံးစွဲရန် နားကောင်းမူး ဒေသခံအမျိုးသားက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...