စစ်အာဏာသိမ်း သက်တမ်းတိုးမှု ကြံ့ခိုင်ရေးပါတီ စိတ်ပျက်နေ
SHAN -
စစ်ခေါင်းဆောင် မင်းအောင်လှိုင် က စစ်တပ်အာဏာသိမ်းမှု (၇) ကြိမ်မြောက် သက်တမ်းတိုးလိုက်ပြီးနောက် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး မရေမရာဖြစ်လာသဖြင့် ပါတီဝင်များ စိတ်ပျက်နေကြကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ယနေ့ (ဖေဖော်ဝါရီလ ၁ ရက်) တွင် ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁ ရက်)...
တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး တာချီလိတ်-မယ်ဆိုင်တံတားပေါ် ထိုင်းဘက်ခြမ်းမှ လာရောက်ကြည့်ရှု
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးသည် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင်တံတားပေါ် ထိုင်းဘက်ခြမ်းမှ ရောက်ရှိလာကာ တာချီလိတ်မြို့ နယ်စပ်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နေ့လယ်ပိုင်းတွင် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့သို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Liu Zhongyi...
မြန်မာ့လူထု လိုအပ်ချက် နဲ့ တရုတ်ပြည် လိုအပ်ချက် ဘယ်လိုတန်းညှိမလဲ
SHAN -
၂၀၂၅ ဖေဖေါ်ဝါရီလ ၁ ရက် နေ့မှာ စစ်ကောင်စီ SAC က တိုင်းပြည်အာဏာကို သိမ်းယူလာခဲ့တာ ၄ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၄ နှစ်တာ ကာလာမှာ လူထု သေကြေရတယ်၊ မိသားစုတွေ ခွဲခွါကြရတယ်၊ အသက်အိုးအိမ် စည်းစိမ်...
တိုင်းစစ်ဌာနချုပ်နှစ်ခု ဆုံးရှုံးထားသည့် စစ်ကောင်စီ အရေးပေါ်သက်တမ်း (၇) ကြိမ်မြောက်ထပ်တိုး
ညီနောင်မဟာမိတ်တပ်များထံ တိုင်းစစ်ဌာနချုပ် နှစ်ခုအထိ လက်လွှတ်ဆုံးရှုံးထားရသည့် အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလကို (၇) ကြိမ်မြောက် ထပ်မံသက်တမ်းတိုးကြောင်း ကြေညာလိုက်သည်။ ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ယာယီသမ္မတ ရာထူးရယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲ...
ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုပေါ် စိုးရိမ်နေကြ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များကို မတ်လကုန်တွင် နေရပ်ပြန်ရန် ပြောဆိုနေကြသည့်အပေါ် စစ်ဘေးရှောင်များ စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှောင်များကို လာမည့် ၂၀၂၅ မတ်လအတွင်း နေရပ် ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေးပြောဆိုမှုရှိခဲ့ကြောင်းညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မတ်လမှာ ပြောင်းဖို့နေရပ်ပြန်ဖို့ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးပါဘူး။ အထွေထွေအုပ်ချုပ်ရေးရုံးရဲ့...
SHAN -
သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး၏ ထွေအုပ်စာရေး ဖြစ်သူ ဦးငွေစိုးသန်း သေဆုံးပြီး တစ်လကျော်အကြား ၎င်း အမျိုးသမီး နှင့် ကလေးနှစ်ဉီးသည် ယနေ့ထိ ပျောက်ဆုံးနေသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ရက်တွင် မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး ၏ ထွေအုပ်စာရေး ဖြစ်သူ...
ကျားဖြန့်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ရေး တိုက်ပွဲဝင်ခဲ့သည့် MNDAA လားရှိုးမြို့က တပ်ဆုတ်မည်
ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီအကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်အသက်ဝင်ခဲ့သည့် အပစ်ရပ်သဘောတူညီချက်ကြောင့် MNDAA ထိန်းချုပ်နယ်မြေရှိ မြို့ကြီးများတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေသည်။ “နွေဦးပွဲတော်”ဟု အမည်ပေးထားသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှ စတင်ပြီး ဖေဖော်ဝါရီလကုန်အထိ...
တောင်ကြီးမြို့လယ်ခေါင် အရပ်ဝတ် အမျိုးသားတစ်ဉီး သည် အရပ်သားတစ်ဉီးကို သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်
SHAN -
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် အရပ်ဝတ်စုံဖြင့် အမျိုးသားတစ်ဉီးသည် လက်နက်ကိုင်ဆောင်ပြီး ပြည်သူတစ်ဉီးကို ခြိမ်းခြောက်ရိုက်နှက်သွားခဲ့ကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ကားမောင်းလာသော လူငယ် ၂ ဦးအား အရပ်ဝတ်လက်နက်ကိုင်တစ်ဦးမှ ၎င်း၏ဆိုင်ကယ်အားကျော်တက်သည်ဟုဆိုကာ ကားရပ်ခိုင်းပြီး သေနတ်ဖြင့်ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း...
ညောင်ရွှေမြို့ ရေပူကျေးရွာတွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်(PNO) တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် ရေပူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ရာ ၂ ကြိမ်ရှိပြီး ဒေသခံနေအိမ် ၃ လုံးပျက်စီးသွားကြောင်း...
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တရုတ်နှစ်သစ်ကူး နားလည်မှုဖြင့် ယာဉ်ဖြတ်သန်းသွားလာနိုင်
သျှမ်းပြည် မူဆယ်မြို့နယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် တရုတ်နှစ်သစ်ကူးကာလ နားလည်မှုဖြင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ယာဉ်ဖြတ်သန်းသွားလာနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၂၉ ရက်) တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့ နားလည်မှုဖြင့် ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီတပ်က ပြည်ထောင်စုလမ်းမကြီးအတိုင်း...





