တိုင်းစစ်ဌာနချုပ်နှစ်ခု ဆုံးရှုံးထားသည့် စစ်ကောင်စီ အရေးပေါ်သက်တမ်း (၇) ကြိမ်မြောက်ထပ်တိုး

ညီနောင်မဟာမိတ်တပ်များထံ တိုင်းစစ်ဌာနချုပ် နှစ်ခုအထိ လက်လွှတ်ဆုံးရှုံးထားရသည့် အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလကို (၇) ကြိမ်မြောက် ထပ်မံသက်တမ်းတိုးကြောင်း ကြေညာလိုက်သည်။

ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ယာယီသမ္မတ ရာထူးရယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်အေးချမ်းမှု လိုအပ်ဟု အကြောင်းပြကာ နိုင်ငံတော်အရေးပေါ်အခြေအနေကို (၇) ကြိမ်မြောက် သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ တင်မြှောက်ခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေကို ယမန်နှစ် ဇူလိုင်လအတွင်း ကျန်းမာရေး အကြောင်းပြကာ အနားပေးခဲ့ပြီး NLD အစိုးရလက်ထက် ဒုသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူကိုလည်း အလားတူ အနားပေးခဲ့သည်။

၎င်းနောက် ယာယီသမ္မတ ရာထူး သူ့ကိုယ်သူ ပြန်လည်ပေးအပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထို့အပြင် ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း မဟာမဲခေါင်ဒေသ အစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခရီးစဉ်အတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံထဲရှိ တရုတ်စီမံကိန်းများ ထပ်မံတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

အခြားတစ်ဘက်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့လည်းကောင်း၊ ရခိုင်ပြည်နယ်အခြေစိုက် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ယမန်နှစ် ဒီဇင်ဘာလအတွင်း အာရက္ခတပ်တော် AA ထံသို့လည်းကောင်း စစ်ကောင်စီတပ်က လက်လွှတ်ဆုံးရှုံးထားသည်။

အလားတူ စစ်အာဏာသိမ်းကာလ (၄) နှစ်အတွင်း နိုင်ငံတဝှမ်း အဘက်ဘက်မှ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် မြို့အများအပြားကိုလည်း တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်များထံ နယ်မြေဆုံးရှုံးလိုက်ရသည်။

စစ်ကောင်စီတပ်သည် ဆုံးရှုံးထားရသည့် တိုင်းစစ်ဌာနချုပ်များကို ပြန်လည်ရရှိရန် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် ညီနောင်မဟာမိတ်တပ်များကို အမြဲတမ်း တောင်းဆိုပြီး ၎င်းတို့ထိန်းချုပ်နယ်မြေထဲသို့ လေကြောင်းဖြင့်လည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ထို့အပြင် စစ်ကောင်စီသည် ယမန်နှစ် ဖေဖော်ဝါရီလက အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ နောက်ဆက်တွဲအဖြစ် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီလအတွင်း ထပ်မံထုတ်ပြန်ခဲ့ပြီး အမျိုးသမီးများပါ စစ်မှုထမ်းရမည်ဖြစ်ကာ လူငယ်မှန်သမျှကို ပြည်ပ ထွက်ခွင့် ပိတ်ပင်သည့် ပုဒ်မများလည်း ပါဝင်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...