Saturday, January 31, 2026

တိုင်းစစ်ဌာနချုပ်နှစ်ခု ဆုံးရှုံးထားသည့် စစ်ကောင်စီ အရေးပေါ်သက်တမ်း (၇) ကြိမ်မြောက်ထပ်တိုး

ညီနောင်မဟာမိတ်တပ်များထံ တိုင်းစစ်ဌာနချုပ် နှစ်ခုအထိ လက်လွှတ်ဆုံးရှုံးထားရသည့် အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလကို (၇) ကြိမ်မြောက် ထပ်မံသက်တမ်းတိုးကြောင်း ကြေညာလိုက်သည်။

ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ယာယီသမ္မတ ရာထူးရယူထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တည်ငြိမ်အေးချမ်းမှု လိုအပ်ဟု အကြောင်းပြကာ နိုင်ငံတော်အရေးပေါ်အခြေအနေကို (၇) ကြိမ်မြောက် သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့ တင်မြှောက်ခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေကို ယမန်နှစ် ဇူလိုင်လအတွင်း ကျန်းမာရေး အကြောင်းပြကာ အနားပေးခဲ့ပြီး NLD အစိုးရလက်ထက် ဒုသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူကိုလည်း အလားတူ အနားပေးခဲ့သည်။

၎င်းနောက် ယာယီသမ္မတ ရာထူး သူ့ကိုယ်သူ ပြန်လည်ပေးအပ်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၄ ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထို့အပြင် ယမန်နှစ် နိုဝင်ဘာလအတွင်းကလည်း မဟာမဲခေါင်ဒေသ အစည်းအဝေးများ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခရီးစဉ်အတွင်း တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာနိုင်ငံထဲရှိ တရုတ်စီမံကိန်းများ ထပ်မံတိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

အခြားတစ်ဘက်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထံသို့လည်းကောင်း၊ ရခိုင်ပြည်နယ်အခြေစိုက် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို ယမန်နှစ် ဒီဇင်ဘာလအတွင်း အာရက္ခတပ်တော် AA ထံသို့လည်းကောင်း စစ်ကောင်စီတပ်က လက်လွှတ်ဆုံးရှုံးထားသည်။

အလားတူ စစ်အာဏာသိမ်းကာလ (၄) နှစ်အတွင်း နိုင်ငံတဝှမ်း အဘက်ဘက်မှ စစ်ရေးရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် မြို့အများအပြားကိုလည်း တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေး PDF တပ်များထံ နယ်မြေဆုံးရှုံးလိုက်ရသည်။

စစ်ကောင်စီတပ်သည် ဆုံးရှုံးထားရသည့် တိုင်းစစ်ဌာနချုပ်များကို ပြန်လည်ရရှိရန် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် ညီနောင်မဟာမိတ်တပ်များကို အမြဲတမ်း တောင်းဆိုပြီး ၎င်းတို့ထိန်းချုပ်နယ်မြေထဲသို့ လေကြောင်းဖြင့်လည်း အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ထို့အပြင် စစ်ကောင်စီသည် ယမန်နှစ် ဖေဖော်ဝါရီလက အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ နောက်ဆက်တွဲအဖြစ် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီလအတွင်း ထပ်မံထုတ်ပြန်ခဲ့ပြီး အမျိုးသမီးများပါ စစ်မှုထမ်းရမည်ဖြစ်ကာ လူငယ်မှန်သမျှကို ပြည်ပ ထွက်ခွင့် ပိတ်ပင်သည့် ပုဒ်မများလည်း ပါဝင်လာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...