တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး တာချီလိတ်-မယ်ဆိုင်တံတားပေါ် ထိုင်းဘက်ခြမ်းမှ လာရောက်ကြည့်ရှု

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးသည် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင်တံတားပေါ် ထိုင်းဘက်ခြမ်းမှ ရောက်ရှိလာကာ တာချီလိတ်မြို့ နယ်စပ်အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) နေ့လယ်ပိုင်းတွင် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့သို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Liu Zhongyi သည် ထိုင်းအာဏာပိုင်များနှင့်အတူ တာချီလိတ်-မယ်ဆိုင်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ် ထိုင်းဘက်ခြမ်းမှ ရောက်ရှိလာသည်။

နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အလယ်ထိ ရောက်ရှိလာခဲ့သည့် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးသည် အွန်လိုင်းကျားဖြန့်လုပ်ငန်းများ ဆက်လက်ကြီးထွားနေကြောင်း သတင်းထွက်ပေါ်နေသည့် မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့ နယ်စပ်အခြေအနေကို (၁၀) မိနစ်ခန့် စစ်ဆေးကြည့်ရှုခဲ့ကြောင်း တာချီလိတ်ဒေသခံများက ပြောသည်။

“၁၁ နာရီကျော်လောက်က ထင်တယ် လူကြီးလာတာ ဟုတ်တယ်။ ထိုင်းဘက်က လူကြီးနဲ့ တရုတ်ဘက်က လူကြီးလို့တော့ ပြောတယ်၊ တံတားပေါ် ခနလေး ကြည့်ပြီးတော့ မယ်ဆိုင်ဘက် ပြန်ဝင်သွားတယ်။ အားလုံးပုံမှန်ပါပဲ၊ နောက်ပိုင်းထူးခြားလာရင် မပြောတတ်ဘူး”ဟု တာချီလိတ်မြို့ခံ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – တာချီလိတ်-မယ်ဆိုင်တံတား အလယ်ထိ တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး လာရောက်ကြည့်ရှုနေစဉ်

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးသည် မြန်မာ-ထိုင်းနယ်စပ်ရှိ မဲဆောက်မြို့သို့ ဇန်နဝါရီလ (၂၉) ရက်တွင် ပထမဆုံး သွားရောက်ခဲ့ကာ မြန်မာဘက်ခြမ်း ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အွန်လိုင်းကျားဖြန့် လုပ်ငန်းများဖြင့် နာမည်ဆိုး ထွက်နေသော နေရာများကို ဦးစွာ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယခုအခါ မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်မြို့အထိ ရောက်ရှိလာကာ မြဝတီမြို့နည်းတူ အွန်လိုင်းကျားဖြန့် လုပ်ငန်းများ ဆက်လက်ကြီးထွားနေသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ နယ်စပ်အခြေအနေကို တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီးက လာရောက်စစ်ဆေးနေခြင်း ဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်းရှိ ကျားဖြန့်လုပ်ငန်းများသည် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် မြန်မာ-ထိုင်းနယ်စပ်သို့ အလုံးအရင်း ရွှေ့ပြောင်းရောက်ရှိလာခဲ့ပြီး တာချီလိတ်မြို့တွင် နယ်မြေခံ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဆက်လက်ကြီးထွားနေသည်။

ရွှေတြိဂံဒေသဟု တင်စားခေါ်ဝေါ်ကြသည့် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံ ထိစပ်နေသည့် တာချီလိတ်မြို့သည် ကျားဖြန့်လုပ်ငန်းများ ခိုလှုံရာ အပန်းဖြေမြို့ဟု ခေါ်ဆိုရလောက်အောင် ဟိုတယ်ကြီးများတွင် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများ အုပ်စုလိုက် စည်ကားနေကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၇) ရက်တွင် မြဝတီဘက်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းထဲ လူကုန်ကူးခံခဲ့ရသည့် တရုတ်မင်းသားတစ်ဦးကို ထိုင်းအာဏာပိုင်များက မဲဆောက်မြို့မှတဆင့် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေစိုက်ပြီး အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ကိုင်နေသူများကို တရုတ်နှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းကာ တားဆီးနှိမ်နင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာ အပါအဝင် အာဆီယံနိုင်ငံများတွင် ကျားဖြန့်နှိမ်နှင်းရေးအတွက် “စင်ရော်စစ်ဆင်ရေး” ဒုတိယပိုင်းကို ဖော်ဆောင်ပြီး ကွင်းဆက်ရာဇဝတ်မှုများကို တိုက်ဖျက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်မှ ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင်...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...