မြန်မာ့လူထု လိုအပ်ချက် နဲ့ တရုတ်ပြည် လိုအပ်ချက် ဘယ်လိုတန်းညှိမလဲ

၂၀၂၅ ဖေဖေါ်ဝါရီလ ၁ ရက် နေ့မှာ စစ်ကောင်စီ SAC က တိုင်းပြည်အာဏာကို သိမ်းယူလာခဲ့တာ ၄ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၄ နှစ်တာ ကာလာမှာ လူထု သေကြေရတယ်၊ မိသားစုတွေ ခွဲခွါကြရတယ်၊ အသက်အိုးအိမ် စည်းစိမ် ပျက်စီး ဆုံးရှုံးကြရတယ်၊ ခိုကိုးရာမဲ့မှု ငတ်ပြတ်မှုတွေ အလူးအလဲ ခံခဲ့ရပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ဇန်နဝါရီလ ၂၉ ရက် ရက်စွဲ နဲ့ ထုတ်ပြန်ချက်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ မြန်မာ့နိုင်ငံရေး စစ်ရေးအခင်းအကျင်းကြောင့် မြန်မာပြည်တွင်းမှာလူဉီးရေ ၁၅ သန်း က အငတ်ဘေး ရင်ဆိုင်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာပြည်က တိုင်းပြည်ကျဆုံးဖို့ ပြိုကွဲ ပျက်စီးဖို့ လမ်းကြောင်းဘက် ဉီးတည်လာနေပါတယ်။

၁၉၅၈ ပထမ အကြိမ်အာဏာသိမ်းမှု ကနေ ဒီစတုတ္ထ အကြိမ် ဗိုလ်မင်းအောင်လှိုင် အာဏာသိမ်းလာ တဲ့ ခေတ်အဆက်ဆက် အာဏာသိမ်းမှုမှာ ဘယ်သူအကျိုးအမြတ်ရလဲ။ လူထုနစ်နာရှုံးဆုံးမှုနဲ့အတူ ဒီတစ်ကြိမ် အာဏာသိမ်းမှုက စစ်ကောင်စီဘက်ကလဲ အဘက်ဘက် ချွတ်ခြုံကျလာနေပါတယ်။ နှစ်ပေါင်း ၇၀ မှာ မော်ကွန်းတင်လောက်တဲ့ ကျဆုံးခန်းကြီးလို့ ပြောရင်လဲမှားမယ်မထင်ပါဘူး။

မြန်မာ့တပ်မတော် ရဲ့ တိုက်ခိုက်ရေးအင်အား ခမရ နဲ့ ခလယ တပ်ရင်းပေါင်း ၆၀၀ လောက်ရှိရာမှာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တွေနဲ့အတူ တပ်ရင်းပေါင်း ၂၀၀ ထက်မနည်း နွေဉီးတော်လှန်ရေးမှာ အညံ့ခံကျဆုံးခဲ့ပါပြီ။ အာဏာရှင်ကို အမြစ်ပြုတ် ခြေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ လူထု အတွက် ခွန်အားပါပဲ။

ဒီလို မြန်မာပြည်တွင်း စစ်မီးလောင်ကျွမ်းနေတာ လူထုနွေဉီးတော်လှန်ရေးဆင်နွဲနေတာဟာ တိုင်း ပြည် အာဏာကို သိမ်းယူထားတဲ့ စစ်အာဏာရှင်ကို လူထု မနှစ်သက် မကျေနပ်လို့ အမြစ်ပြုတ်တိုက်ပွဲ ဆင်နွှဲနေရတယ်ဆိုတာ တရုတ်အစိုးရ အနေနဲ့ နားလည် သဘောပေါက်သင့်ပါတယ်။

အနောက်ကြောက်ရောဂါနဲ့ ကျားဖြန့်အကြောင်းပြ မြောက်ပိုင်းအဖွဲ့ကို လက်နက်တပ်ဆင်ပေးပြီး နယ်မြေသိမ်းယူခိုင်းထားလို့ အခုအခါကျမှ အပစ်ရပ်ပါ တပ်ဆုတ်ခွာပါ ဆိုတာဟာ မြန်မာပြည်ရှိ တရုတ်အကျိုးစီးပွား လုံခြုံမှုရှိလာနိုင်မှာလား။ မြန်မာပြည်ငြိမ်းချမ်းလာမလား။ ဒီအခြေအနေမှာ ရွေးကောက်ပွဲလုပ်ရုံနဲ့ လူထုတော်လှန်ရေး အရှိန် ရပ်တန့်သွားစေမလား။

ကိုးကန့်တပ် တအာင်းပလောင်တပ် အထူးနယ်မြေရပြီဆိုရုံနဲ့ တိုင်းပြည် ငြိမ်းချမ်းသွားမလား။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ၎င်းတို့ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ကောင်စီတန်ပြန်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားရတဲ့ လူထု အသက်အိုးအိမ် ဘယ်လိုတာဝန်ယူပေးကြမလဲ။ စတာတွေ တရုတ် အနေနဲ့ ထည့်သွင်းစဉ်းစားပေးရမှာ ဖြစ်ပါတယ်။

သေချာတာကတော့ စစ်အာဏာရှင် တည်ရှိနေသရွေ့ လူထုတော်လှန်ရေးကလည်း ငြိမ်သက် ပျောက် ကွယ် သွားမှာမဟုတ်ပါဘူး။ အာဏာလုယူထားတဲ့ စစ်အာဏာရှင်ဟာ လူထု ရန်သူဖြစ်နေတယ်။ စစ်အာဏာရှင်ကို ပံ့ပိုးကူညီသူ လက်တွဲဖေးမနေသူ မှန်သမျှဟာလည်း လူထုရန်သူ ဖြစ်လာမှာ မလွှဲပါဘူး။

လက်ရှိ ဖြစ်ပွားနေတဲ့ မြန်မာ့အရေးမှာ လူထုလိုအပ်ချက်က စစ်အာဏာရှင် မရှိဖို့ပါပဲ။ စစ်အာဏာရှင် တည်ရှိနေသရွေ့ လူထုတော်လှန်ရေးကလည်း ဆက်လက်ရှိနေဉီးမှာဖြစ်တဲ့ အတွက် တရုတ်အစိုးရ အနေနဲ့ မြန်မာလူထု လိုအပ်ချက်ကို ငဲ့ကွက်ပြီး အနာဂတ်မြန်မာပြည်မှာ စစ်အာဏာရှင်မရှိစေဖို့ တွန်းအားပေးပေးမှသာ တရုတ်အကျိုးစီးပွား ရေရှည်စိတ်ချလုံခြုံမှာဖြစ်တယ်လို့ သံတော်ဆင့် အပ်ပါတယ်။

သျှမ်းသံတော်ဆင့်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...