မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တရုတ်နှစ်သစ်ကူး နားလည်မှုဖြင့် ယာဉ်ဖြတ်သန်းသွားလာနိုင်

သျှမ်းပြည် မူဆယ်မြို့နယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တွင် တရုတ်နှစ်သစ်ကူးကာလ နားလည်မှုဖြင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း ယာဉ်ဖြတ်သန်းသွားလာနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၂၉ ရက်) တွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့ နားလည်မှုဖြင့် ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို စစ်ကောင်စီတပ်က ပြည်ထောင်စုလမ်းမကြီးအတိုင်း ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

“တရားဝင် ပြန်ဖွင့်ပေးတာတော့ မဟုတ်ဘူး၊ နားလည်မှုနဲ့ တရုတ်နှစ်သစ်ကူး အသွားအလာများတဲ့ သဘောပါ။ အရင်တုန်းကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ ၂ သိန်းပေးရင် ဖြတ်လို့ရတယ်။ အသွား ၂ သိန်း၊ အပြန် ၂ သိန်း အဲ့လိုပေးရတာ။ တချို့လည်း ကျန်းမာရေးဆို ဖြတ်လို့ရတယ်။ မဟာမိတ်ကိုတော့ မပေးရဘူး၊ စစ်ကောင်စီကို ပေးရတယ်”ဟု မူဆယ်-လားရှိုး ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ၉၀ ရာခိုင်နှုန်းကျော် အဓိကအရေးပါသည့် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားနိုင်ပြီး အာရက္ခတပ်တော် AA ဖွဲ့စည်းပေးထားသည့် FDMR မီးနဂါးတပ်တော်ကို အဓိက တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တစ်နှစ်ခွဲနီးပါး ပိတ်ထားသည့် (၁၀၅) မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြည်ထောင်စုလမ်းမကြီးမှ ဖြတ်သန်းနိုင်ရန် ခက်ခဲပြီး KIA ထိန်းချုပ်ထားသည့် နမ့်ဖတ်ကာ ကျော်လာပါက စစ်ကောင်စီထိန်းချုပ် မူဆယ်မြို့၊ MNDAA ထိန်းချုပ် ကျင်းစန်းကျော့ နယ်စပ်ဂိတ်နှင့် ပန်ဆိုင်းမြို့ဘက်သို့ ကွင်းလမ်းဖြင့်သာ သွားနိုင်သည်။

ထို့အပြင် စစ်ကောင်စီဘက်မှ အနည်းဆုံး ဂိတ်(၄) ခုဖွင့်လှစ်၍ တစ်ဂိတ်လျှင် ကျပ် ၃ သောင်းမှ ၅ သောင်းအထိ ကောက်ခံခဲ့ရာ ယခု တရုတ်နှစ်သစ်ကူးကာလတွင် ဖြတ်သန်းသွားလာခွင့် လွယ်ကူနေကြောင်း ယာဉ်မောင်းများက ပြောသည်။

“စုစုပေါင်း ၄ ဂိတ်ရှိတယ်၊ တစ်ဂိတ်ကို ၃ သောင်း/ ၅ သောင်း အဲ့လိုပေးရတယ်။ ဒီနေ့တော့ ထူးခြားတယ် စေတနာကြေး ဆိုပြီးတော့ ဆိုင်ကယ်ဆိုရင် တစ်စီး ၅ ထောင်၊ ကားဆို ၁ သောင်း အဲ့လိုပေးရတယ်။ ဘယ်ဘက်က ဖွင့်ပေးတယ်လို့တော့ မသိရဘူး၊ လမ်းမကြီးပေါ် နားလည်မှုနဲ့ သွားလာလို့ရတဲ့ သဘော”ဟု ၎င်းယာဉ်မောင်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

တရုတ်နိုင်ငံဘက်မှ ဇန်နဝါရီ (၂၀)ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား အပစ်ရပ်သဘောတူညီမှု အသက်ဝင်ပြီးနောက် တရုတ်နှစ်သစ်ကူးကာလ ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေရှိ ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနိုင်ခြင်းဖြစ်သည်။

အလားတူ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင်လည်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ၁ လတိတိ ကျင်းပသွားမည့်အပြင် အခြားသော MNDAA ထိန်းချုပ်မြို့များတွင်လည်း ပျော်ပွဲရွှင်ပွဲများ ကျင်းပနေကြောင်း ဒေသခံများက ပြောသည်။

အခြားတစ်ဘက်တွင် ညီနောင်မဟာမိတ်ဖြစ်သည့် TNLA ထိန်းချုပ် နောင်ချိုနှင့် ကျောက်မဲမြို့ဘက်သို့ တရုတ်နှစ်သစ်ကူးမတိုင်မီ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အရပ်သား အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်သည်အထိ ဆိုးရွားခဲ့သည်။

စစ်ကောင်စီနှင့် TNLA အကြား အပစ်အခတ် ရပ်စဲနိုင်ရန် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မကြာမီ ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...