တောင်ကြီးမြို့လယ်ခေါင် အရပ်ဝတ် အမျိုးသားတစ်ဉီး သည် အရပ်သားတစ်ဉီးကို သေနတ်ဖြင့် ခြိမ်းခြောက်ရိုက်နှက်

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် အရပ်ဝတ်စုံဖြင့် အမျိုးသားတစ်ဉီးသည် လက်နက်ကိုင်ဆောင်ပြီး ပြည်သူတစ်ဉီးကို ခြိမ်းခြောက်ရိုက်နှက်သွားခဲ့ကြောင်း မြို့ခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂၉ ရက်) နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ကားမောင်းလာသော လူငယ် ၂ ဦးအား အရပ်ဝတ်လက်နက်ကိုင်တစ်ဦးမှ ၎င်း၏ဆိုင်ကယ်အားကျော်တက်သည်ဟုဆိုကာ ကားရပ်ခိုင်းပြီး သေနတ်ဖြင့်ရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

“ဆိုင်ကယ်ကျော်တက်လို့ဆိုပြီးတော့ ကားကိုအတင်းရပ်ခိုင်းပါတယ်၊ ကားမှန်ကို သေနတ်(အတို)နဲ့ ရိုက်ခွဲပြီး ကာပေါ်ကဆင်းခိုင်းပြီး မျက်နှာကို သေနတ်နဲ့ အကြိမ်ကြိမ်ရိုက်ပါတယ်” ဟု ဖြစ်စဉ်အားသိရှိသူပြည်သူတစ်ဦးမှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းအရပ်ဝတ်လက်နက်ကိုင်မှ သေနတ်အားမိုးပေါ်ထောင်ပစ်ဖောက်ခဲ့ပြီး ပအိုဝ်းစကားဖြင့် ဆဲဆိုသွားကြောင်းလည်း သိရသည်။

“ကျည်ခွံတွေကိုပြန်ကောက်သွားပေမယ့် တစ်ထောင့်ကျန်ခဲ့ပါတယ်၊ အဲ့ကျည်ခွံကိုတော့ ရဲကသိမ်းသွားပါတယ်” ဟု ၎င်းမှဆက်ပြောထားသည်။

အထက်ပါ လက်နက်ကိုင်ခြိမ်းခြောက်မှုနှင့် ပတ်သတ်၍ သျှမ်းသံတော်ဆင့်မှ အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထိုသို့လက်နက်ကိုင် ခြိမ်းခြောက်မှုအား စစ်ကောင်စီလက်အောက်ခံရဲဌာနသို့ တိုင်ကြားထားသော်လည်း ဖြေရှင်းပေးမည်ဟုသာပြောကြားထားပြီး အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်းလည်းသိရသည်။

တောင်ကြီးမြို့သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာမြို့ဖြစ်သည့်အပြင် မြို့တွင်းတွင်လည်း ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့များမှာ ယခင်ကထက်ပို၍ ပေါ်ပေါ်ထင်ထင်သွားလာလုပ်ရှားနေလျက်ရှိသည်။

လက်ရှိတွင် တောင်ကြီးမြို့ပေါ်သည် စစ်ရေးအရတည်ငြိမ်နေသော်လည်း စစ်မှုထမ်းနောက်ဆက်တွဲပြဿနာများအဖြစ် အမျိုးသမီးများကိုပါစစ်မှုထမ်းကောက်ခံရန် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ အသည်းအသန်ကြိုးစားလာနေပြီး စစ်မှုထမ်းအဆင့်မီသည့် လူငယ်အမျိုးသမီးများမှာလည်း စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိနေသည်။

ထို့အပြင် အတည်မပြုနိုင်သေးသော သတင်းများအရ တောင်ကြီးမြို့မြောက်ဘက် ဘန်ကွဲရွာတွင်လည်း (ဇန်နဝါရီလ ၂၇ ရက်)က ဒရုန်းဖြင့် ဗုံးကြဲသည့်သတင်းများထွက်ပေါ်ခဲ့ပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...