CATEGORY

သတင်း

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကျားဖြန့်လုပ်ငန်းထဲ ရောက်ရှိနေသည့် စစ်ရှောင်လူငယ်များ မိဘနှင့် အဆက်အသွယ်ပြတ်

သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းထဲတွင် သွားရောက်လုပ်ကိုင်ကြပြီး၊ လက်ရှိတွင် ၎င်းလူငယ်များနှင့် အဆက်အသွယ် ပြတ်နေသဖြင့် မိဘများ စိုးရိမ်လာနေကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီး “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း တကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီ စသည့် မြို့နယ်အများစုသည်...

ချင်းမိုင်တွင် ကျောင်းတက်နေသည့် မြန်မာကျောင်းသားတစ်ဉီး ဓားထိုးခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap Technology and Business College ( ဖာယပ်တက်နိုလိုဂျီကောလိပ်)တွင် ကျောင်းတက်နေသော မြန်မာကျောင်းသားတစ်ဦးသည် ချစ်သူများနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)၌ ဓားထိုးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ (ဖေဖော်ဝါရီလ ၁၄ ရက်) ညသန်းခေါင်ယံချိန်တွင် အသက် ၂၀...

သျှမ်း-ကရင်နီ နယ်စပ်နှင့် အင်းလေးဘက် တိုက်ပွဲ ပြင်းထန်၊ PNAဘက်မှ စစ်သုံ့ပန်း (၄)ဦး ဖမ်းမိ

သျှမ်း-ကရင်နီ နယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနှင့် အင်းလေးဒေသတို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး အင်းလေး တိုက်ပွဲတွင် PNAစစ်သုံ့ပန်း (၄)ဦး ဖမ်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆)ရက် ညနေ (၂နာရီခွဲ) ဝန်းကျင်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသကို စစ်ကောင်စီနှင့် ပအိုဝ်း ပြည်သူ့စစ်...

စစ်ကောင်စီက TNLAနှင့် ဆွေးနွေးမှု အသာစီးရအောင် လေကြောင်းတိုက်ခိုက်၊ စစ်ရာဇဝတ်မှု ဆက်တိုက် ကျူးလွန်နေ

စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့သည်တ ရုတ်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးချိန် စစ်ကောင်စီမှ လေကြောင်းလိုက်ဖြင့် နောင်ချိုမြို့နယ်အတွင်း ပစ်ခတ်ကာ စစ်ရာဇဝတ်မှု ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီနှင့် TNLA တို့သည် တရုတ်၏ ကြားဝင်စီစဉ်မှုဖြင့် စစ်ရေးပြဿနာများကို ဖြေရှင်းရန် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဖေဖော်ဝါရီလ (၁၅)ရက်နေ့၌...

ညောင်ရွှေမြို့နယ် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာ (၁၀) ရွာခန့်ရှိ ဒေသခံ ၃ ‌ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရ‌ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ညောင်ရွှေ - ပင်လောင်း - ဖယ်ခုံမြို့နယ်...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...

ထိုင်းဘက်မှ စက်သုံးဆီဖြတ်လိုက်ပြီးနောက် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံလာ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းဘက်မှ စက်သုံးဆီတင်သွင်းခွင့်မှု ပိတ်ပင်လိုက်ပြီးနောက် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်တွေ့လာနေကြောင်း စုံစမ်းသိရသည်။ သျှမ်းအရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ စသည့် ကျေးရွာများမှ ဒေသခံများသည် စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပေးသွင်းသော စက်သုံးဆီများကို အားထားနေရခြင်း ဖြစ်သည်။ ထိုသို့ စက်သုံးဆီတင်သွင်းမှု ပိတ်ပင်လိုက်ခြင်းကြောင့်...

ချစ်သူများနေ့ သွားလည်နေစဉ် အသတ်ခံရသည့် မိုးနဲ အမျိုးသမီးငယ်

သျှမ်းပြည် မိုးနဲမြို့ ဥယျာဉ်ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးသည် ချစ်သူများနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)၌ သွားလည်နေစဉ် အသတ်ခံရလိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ အဆိုပါ အမျိုးသမီးငယ်၏ ရုပ်အလောင်းကို (ဖေဖော်ဝါရီလ ၁၅ ရက်) နံနက် ၁၀ နာရီဝန်းကျင်တွင် နမ့်စန်မြို့နယ် လွိုင်ဆိုင်းရွာအဝင်ရှိ ဝက်သားဆိုင်အနီး၌...

ဆီဆိုင် PNO စစ်သင်တန်းသားများ ကျည်တစ်ထောင့် ကျပ်(၁၅၀၀)ဖြင့် လေ့ကျင့်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က စစ်သင်တန်းသားများကို ကျည်တစ်တောင့် ကျပ်(၁၅၀၀)ပေးစေပြီး စစ်ရေးလေ့ကျင့်ပေးနေသည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ရေးလေ့ကျင့်ရာတွင် နေ့အချိန်နှင့် ညပိုင်းအချိန်တွင် လေ့ကျင့်ရပြီး လေ့ကျင့်ချိန်တွင် သင်တန်းသားများကို ကျည် ဆယ်တောင့်ထက် ပိုမပစ်ခိုင်းကြောင်းနှင့် ပိုပစ်၍ လေ့ကျင့်လျှင့် ကျည်တစ်ထောင့်...

Latest news