ထိုင်းဘက်မှ စက်သုံးဆီဖြတ်လိုက်ပြီးနောက် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်ကြုံလာ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းဘက်မှ စက်သုံးဆီတင်သွင်းခွင့်မှု ပိတ်ပင်လိုက်ပြီးနောက် စိုက်ပျိုးရေးလုပ်ကိုင်သူများ အခက်တွေ့လာနေကြောင်း စုံစမ်းသိရသည်။

သျှမ်းအရှေ့ပိုင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ စသည့် ကျေးရွာများမှ ဒေသခံများသည် စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပေးသွင်းသော စက်သုံးဆီများကို အားထားနေရခြင်း ဖြစ်သည်။

ထိုသို့ စက်သုံးဆီတင်သွင်းမှု ပိတ်ပင်လိုက်ခြင်းကြောင့် စက်သုံးဆီ ပြတ်လပ်လာကာ စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း မိုင်းတုံမြို့ တောင်သူအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းတုံမြို့နယ်တွင် စပါးရိတ်သိမ်းချိန်ပြီးသွားလျှင် လယ်ထဲ၌ ကြက်သွန်ဖြူနှင့် ကြက်သွန်နီများ ပြန်လည်စိုက်ပျိုးကြသည်။

ကြက်သွန်ခင်း

“သျှမ်းအရှေ့ပိုင်းမှာဆို ထိုင်းက ဆီကိုပဲ အသုံးပြုကြတယ်။ ခုက ကြက်သွန်စိုက်ပျိုးတဲ့အချိန်ဖြစ်တော့ ပိုဆိုးတာပေါ့။ ဒီစိုက်ပျိုးရေးက ရေသွင်းရတယ်။ ရေကောင်းကောင်းမပေးနိုင်ရင် ပုတ်ပြီး ပျက်စီးကုန်မှာ။ အခုတော့ ရေမပေးနိုင်လို့ တချို့ဆို ခြောက်ပြီး ပုတ်ကုန်ကြတာလည်း ရှိတယ်”ဟု ၎င်းက ပြောသည်။

စက်သုံးဆီပြတ်လပ်မှုကြောင့် ကြက်သွန်ခင်းထဲတွင် ရေသွင်းရန် အခက်ခဲဖြစ်စေပြီး ကြက်သွန်ခင်း စတင်ပိုက်ပျိုးသည့်အချိန်တွင် ရေအားကောင်းမွန်စွာ မပေးပါက ဧကများစွာ ပျက်စီးဆုံးရှုံးလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံမှ စက်သုံးဆီတင်သွင်းမှုကို စတင်ပိတ်ပင်လိုက်ပြီးနောက် အောက်ပြည် (ရန်ကုန် ၊ မန္တလေး ) မှ လာသည့် စက်သုံးဆီများကိုသာ အသုံးပြုရတော့မည်ဖြစ်ကြောင်း ကျိုင်းတုံဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ် မိုးသန်းထန်စွာရွာသွန်းပြီးနောက်တွင် နိုင်ငံရေး အခြေနေအမျိုးမျိုးကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး၊ တောင်သူ လယ်သမားများအတွက် သီးနှံစိုက်ပျိုးရန် အသုံးပြုသည့် ဓာတ်မြေဩဇာများလည်း ဈေးအဆမတန်မြင့်တက်လာ‌ပြီး သီးနှံစိုက်ပျိုးသူများ အရှုံးပေါ်လာနိုင်သည်ဟု ဒေသခံများတွက်ချက် ပြောဆိုထားသည်။

သျှမ်းပြည် အရှေ့ပိုင်း ဓာတ်ဆီ တလီတာလျှင် ( ၅၅၀၀ ) ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ( ၆၀၀၀ ) ကျပ်ထိ ဈေးနှုန်း တစ်ဝက်ထိသာ မြင့်တက်လာနေကြောင်း ၎င်းက ဆက်ပြောသည်။

ကြက်သွန်ခင်း

“လယ်ယာတွေ လုပ်တော့မယ်ဆိုလည်း မြေဩဇာတွေ သုံးရတယ်။ အဲ့ဒါတွေလည်း ခုဆို ဈေးနှုန်းက မငြိမ်တော့ဘူး တက်ပဲတက်လာတယ်။ ဓာတ်ဆီက အရင်ဈေးဆိုရင် တစ်လီတာ ၃ထောင်တို့ ၃၅၀၀ တို့လောက်ပေါ့။ ခုက တဝက်လောက်ထိ ဈေးနှုန်းက တက်သွားတယ်။ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး။ ဝမ်းစာအတွက် ရုန်းကန်ရတာ တကယ်မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

မြေဩဇာများ၊ စက်သုံးဆီများ စျေးနှုန်းမြင့်တက်မှုကြောင့် ကြက်သွန် ၁ ကီလို ဘတ် ၃၀ ရောင်းရရင်လျှင် ရင်းနှီးငွေပြန်ရသော်လည်း အရှုံးပေါ်နေသေးကြောင်း ကြက်သွန်စိုက်သူများက ဆိုပြန်သည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများ နှိမ်ရင်းရန်အတွက် ထိုင်းအစိုးရက စက်သုံးဆီတွင် သာမက လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်မှုကြောင့် တာချီလိတ်မြို့တွင် မီးဖိုချောင်သုံးဂက်စ် (Gas)များ ဈေးနှုန်းမြင့်တက်လာကြောင်း တာချီလိတ်ဒေသခံများက ပြောသည်။

လက်ရှိ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပေးလွှတ်သည့် လျှပ်စစ်မီးများ ဖြတ်တောက်ခံရသော်လည်း လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားလိုင်းများဖြင့် အသုံးပြုနေရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင် အထူးစုံစမ်းစစ်ဆေးဌာန (DSI) က ထိုင်း-မြန်မာနယ်စပ် မြိုဝတီမြို့နယ်အတွင်း အွန်လိုငွေလိမ်လုပ်ငန်း တည်ထောင်လုပ်နေကိုင်နေသည့် ကရင်နယ်ခြားစောင့် တပ်မှူး စောချစ်သူအပါအဝင် ခေါင်းဆောင် ၃ ဦးကို လူကုန်ကူးမှုသံသယဖြင့် ဝမ်းဝရမ်းထုတ်ရန် အစိုးရရှေ့ထံ တင်ပြခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လေယာဉ်ခရီးစဉ်များ ရုတ်တရက်ဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များ ဆုံးရှုံးမှုကြီးမား

0
လောင်စာဆီဈေး မြင့်တက်မှုကြောင့် ထိုင်းနှင့် ပြည်ပလေကြောင်းလိုင်းများက လေယာဉ်ခရီးစဉ်များကို ရုတ်တရက် ဖျက်သိမ်းနေခဲ့ကြောင်း သတင်းရရှိသည်။​ ထိုဖျက်သိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရှင်များမှာ ဟိုတယ်နှင့် ခရီးသွားစရိတ်များ ဆုံးရှုံးနေရသဖြင့် အစိုးရက ကြားဝင်ဖြေရှင်းပေးရန် ထိုင်းခရီးသွားလုပ်ငန်းကိုယ်စားလှယ်များအသင်း (TTAA) က တောင်းဆိုကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယခုလအတွင်း Thai AirAsia X၊ Vietjet...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

စက်သုံးဆီရှားပါးမှုကြောင့် ပရဟိတကားများ ဆီမထည့်နိုင်၊ လူနာချက်ချင်းသွားမခေါ်နိုင်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ အရေးပေါ်လူနာတင်ယာဉ်များသည် စက်သုံးဆီ အလွယ်တကူ မထည့်နိုင်တော့ဘဲ လူနာကိုလည်း ချက်ချင်းသွားရောက်မခေါ်နိုင်တော့ကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး ရင်ဆိုင်နေရသည့် စက်သုံးဆီပြတ်လပ်မှု ပြဿနာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှု အပါအဝင် အဘက်ဘက်မှ ပိုမိုကြပ်တည်း ခက်ခဲလာသည့်အခြေအနေထိ ရောက်ရှိလာသည်။ ထိုသို့ စက်သုံးဆီပြတ်လပ်မှုနှင့်...

စက်သုံးဆီ ဂယက်ကြားက ကုန်စျေးနှုန်းမြင့်တက်မှုနှင့် အလုပ်လက်မဲ့ဘဝ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ကုန်စျေးနှုန်းများတရိပ်ရိပ်တက်လာပြီး၊ အချို့သော ဆိုင်ကယ်ပြင်ဆိုင်များနှင့် စားသောက်ဆိုင် အချို့ ပိတ်လိုက်ရသည့် အဆင့်ဖြစ်လာကြောင်း စုံစမ်းသိရသည်။ အရှေ့အလယ်ပိုင်းဒေသ အီရန်စစ်ပွဲကြောင့် ကမ္ဘာတဝှမ်း လောင်စာဆီဂယက် ဖြစ်လာကာ ထိုထဲတွင် သျှမ်းတောင် အပါအဝင် မြန်မာနိုင်ငံသည်လည်း လောင်စာဆီ ပြဿနာကြုံနေရသည်၊၊ မြန်မာနိုင်ငံသည် စစ်အာဏသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်း...