Tuesday, April 30, 2024

CATEGORY

သတင်း

SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်

သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၇ ရက် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP...

လားရှိုးမြို့နယ် ညိုမဲအောင် ရိုက်နှက်ခံရသည့် ကိုရင်လေး ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးလိုက်ရ

သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ ဝေဠုဝန်ကျောင်းတိုက်တွင် ညှိမဲအောင် ရိုက်နှက်ခံရသော အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် ဩဂုတ် ၈ ရက်တွင် အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် စာမရသဖြင့် ကျောင်းထိုင်...

တောင်ကြီးခရိုင်ရှိ ဝန်ထမ်းအားလုံး စစ်တပ်အရန် အင်အား ဖွဲ့စည်းရန် ညွှန်ကြားစာ ထွက်လာ

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။ . ယခု သြဂုတ် ၉ ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန် အင်အား အဖြစ်...

လဲချားမြို့နယ် စစ်ကောင်စီ အင်အားတိုးချဲ့ လမ်းပိတ်မှုကြောင့် ပြည်သူများ ဝမ်းရေးရှာစားရခက်

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့က ပြီးခဲ့တဲ့ သြဂုတ်လ (၆) ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ . အဲ့ဒီ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့ရပြီး၊ အရှင်ဖမ်းမိသူ ၂...

ကွတ်ခိုင်မြို့နယ် ရေခဲချောင်း လှည့်ရောင်းချသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း ရေခဲချောင်း လှည့်ရောင်းချနေသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံထားရသည့် ဒဏ်ရာများ နှင့် သေဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်တွင် ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာအနီးရှိ လမ်းဘေး၌ ဆိုင်ကယ်ဖြင့် ရေခဲချောင်းလှည့်ရောင်းချသူ အမျိုးသားတစ်ဦးသည် ဒဏ်ရာဒဏ်ချက်များ နှင့်...

လားရှိုးမြို့နယ် ကျောင်းထိုင်ဆရာတော်မှ ကိုရင်လေးတစ်ပါး ညိုမဲရိုက်နှက်

သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်ထားသည့် ကိုရင်လေးတစ်ပါး က စာမရသည်ဟု ပြောဆိုပြီး ဆရာတော်က ညိုမဲအောင် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်က အသက် (၉) နှစ်အရွယ် ကိုရင်လေး တစ်ပါး က စာမရသည်ဟု ပြောဆိုပြီး...

ယခုလဆန်းပိုင်းအတွင်း တရုတ်ငွေ ၁၀၀ ယွမ်လျှင် ကျပ်ငွေ ၅ သောင်း ဝန်းကျင်အထိ မြင့်တက်နေ

ယခုလဆန်း နှစ်ပတ်အတွင်း တရုတ်ယွမ်ငွေ ၁၀၀ ယွမ်ကို ကျပ်ငွေ ၅ သောင်းဝန်းကျင်အထိ မြင့်တက် လာနေကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်မှစပြီး ကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူကို ထုတ်ဝေပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ကာ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ...

မိုးဗြဲမြို့ တောထဲ ထွက်ပြေးခဲ့ရသည့်စစ်ရှောင်များ စားစရာမရှိ မြို့ပေါ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်နေ

သျှမ်ပြည် မိုးဗြဲမြို့ စစ်ရှောင်များသည် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေစဉ် စားနပ်ရိက္ခာပြတ်လပ်မှုများ၊ နေထိုင်မှု အခက်အခဲများ ကြုံရခြင်းကြောင့် မြို့ပေါ်သို့ ပြန်ပြောင်းရွှေ့နေထိုင် ကြရကြောင်း စုံစမ်းသိရသည်။ . တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရစဉ် အချိန်ကာလ၌ စစ်ရှောင်များသည် အလှူရှင်ထံမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကိုသာ အားကိုးနေရပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည့် လများတွင် နယ်မြေဒေသအတွင်း...

စစ်ရှောင်ထွက်ပြေးနေရသည့် လဲချား ပရဟိတကျောင်းမှ ကလေးများ စာသင်ခွင့် မရသေး

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တိုက်ပွဲကြောင့် စစ်ရှောင်ထွက်ပြေးနေရသည့် ပရဟိတ ကျောင်းမှ ကလေးငယ်များ ယနေ့ထိ စာသင် ခွင့်မရခဲ့သေးကြောင်း သိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်တွင် လဲချားမြို့နယ်တွင်း၌ စစ်ကောင်စီ နှင့်...

နမ့်ခမ်းမြို့နယ် မြေပြို ကလေး ၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ

သျှမ်းပြည် နမ့်ခမ်းမြို့နယ် ဖာဒန်ကျေးရွာအုပ်စု မန်ကန် ကျေးရွာတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၁ ဦးသေဆုံးရပြီး ၊၂ ဦး ထိခိုက်ဒဏ်ရာများ ရသွားကြောင်း သိရသည်။ . ယမန်နေ့ (သြဂုတ် ၉) ရက် တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးကြောင်းများ နှင့်...

Latest news