ဟိုပုံးတွင် စစ်တပ်ပိုင်မြေဟုဆိုကာ အိမ်ခြေ ၁၀၀ ကျော်ကို စစ်တပ်မှ ဖယ်ရှားခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်း ကျေးရွာဘက်တွင် စစ်ကောင်စီမှ ၎င်းတို့ပိုင်သည့်မြေ ဟုဆိုကာ ဒေသခံ အိမ်ခြေ ၁၀၀ ကျော်ကို ဖယ်ရှားခိုင်းနေကြောင်း ဒေသခံ များထံမှ သိရသည်။

စစ်ကောင်စီတပ်မြေနှင့် ထိစပ်နေ့သည့် မြေဧက (၅၆၀) ကျော်ပေါ်ရှိ နေအိမ်များကို ဖယ်ရှားပေးရန်နှင့် ထိုမြေ၌ အုတ်တံတိုင်းဆောက်၊ ခြံခတ် အကွက်ရိုက်ထားသည့် မြေများကိုလည်း စစ်ကောင်စီတပ်မှ သိးဆည်းမည်ဖြစ်ကြောင်းအပါဝင် စာထုတ်ပြန်ပြီး (၁၅) ရက်အတွင်း မြေပေါ်မှ ထွက်ခွာရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ်လ (၂၅) ရက်တွင် မြို့နယ်ထွေအုပ်များမှ ဒေသခံများကို အသိပေးထားသည်။

အဆိုပါ မြေများသည် နောင်တောင်း ဘုန်းကြီးကျောင်းမြေနှင့် အနီးတဝိုက်တွင် ရှိပြီး ဒေသခံများက ယုံကြည်စိတ်စွာ ဝယ်ယူထားကြခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ နောင်တောင်းဆရာတော်က ပြောတယ် ။အဲနားက မြေတွေကို ရောင်းရင်ရောင်းထားတော့တဲ့။ အခုမြေသိမ်းတာ ဆရာတော်ရဲ့ကျောင်းတောင် မသေချာဘူး။ ဆရာတော်ကိုပဲ အားကိုးမနေကြနဲ့ လို့ပြောတယ်။ဟိုးအရင် မြေဝယ်တဲ့သူတွေကလည်း အဲနားမှာ နောင်တောင်းကျောင်းလည်းရှိတာပဲ ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဝယ်ထားကြတာများတယ်။” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်တပ်မှ ယခုသိမ်းမည့် မြေတွင် အိမ်ခြေ (၁၀၀ )ကျော်ရှိပြီး ၎င်းပြည်သူတွေသည် ဆယ်စုနှစ်တစ်ခုအထိ ထိုမြေပေါ်တွင် နေထိုင်စားသောက် လုပ်ကိုင်လာခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။


နောင်တောင်းကျေးရွာသို့ ဟိုပုံးမြို့မှ (၅)မိနစ်မှ (၁၀)မိနစ်ခန့်သာ ကွာဝေးပြီး အဆိုပါ စစ်တပ်ပိုင်မြေများမှာ လမ်းမကြီးဘေး တစ်လျှောက်မှစ၍ မိုင်းပျဉ်းမြို့ ဘက်သို့ သွားသည့်လမ်းတစ်လျှောက်အထိ သိမ်းယူမည်ဟု သိရသည်။

ဆက်လက်ပြီး မြေများကို ဝယ်ယူမည်ဆိုပါက မြေအမျိုးစားနှင့် သက်သေခိုင်လုံမှု ရှိမရှိ စုံစမ်းပြီးမှ ဝယ်ယူသင့်ကြောင်း မြေရောင်းဝယ် လုပ်ကိုင်နေသူတစ်ဦးက အကြံပြုပြောကြားထားသည်။

ဟိုပုံး မြေယာမြေ

“အရင်ဆုံး ကိုယ်ဝယ်မဲ့ မြေအမျိုးစားကို အရင်ကြည့် ပြီးရင် အထောက်ထား ခိုင်မခိုင် ကြည့်ရမယ်။ တခြားလူနဲ့ အရှုပ်ရှင်း ကင်းမကင်းစသဖြင့် ကြည့်ရမယ်။ အဓိကတော့ မြေဂရမ်ပေါက် ထားတဲ့ ဟာကို ဝယ်ရင် ပိုစိတ်ချရတာပေါ့။ ဖြစ်နိုင်ရင်တော့ လက်ထဲ ပိုက်ဆံမထားချင်လို့ တွေ့တဲ့ မြေကောက်မဝယ်စေချင်ဘူး။ သေချာစုံစမ်းစေချင်တယ်။” ဟု အဆိုပါ မြေပွဲစားတစ်ဦးက ပြောသည်။

ထို့အပြင် မိမိ ဝယ်ယူထားသည့် မြေများကို မကြာမကြာသွားရောက် ကြည့်ရှု့သင့်ပြီး ပိုင်ရှင်ရှိသည့် အမှတ်အသားများကို ထားသင့်ကြောင်းနှင့် ထိုကဲ့သို့ မလုပ်ပါက ပိုင်ရှင်မရှိသည့်မြေဟုဆိုကာ သက်ဆိုင်ရာ အာဏာပိုင်များက စာရွက်စာတမ်းအတုနှင့် ပြန်လည်ရောင်းချနိုင်သောကြောင်း ပြုလုပ်သင့်သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့တွင်လည်း တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်အနီးနှင့် ညိုမီးကျေးရွာဘက် မြို့ရှောင်လမ်းဘက်ရှိ အကွက်ရိုက်မြေများကို စစ်တပ်မှ လာရောက်ဖျက်ဆီးသွားခဲ့ပြီး အဆောက်ဦးရှိသည့် မြေများကို ဒဏ်ကြေးဆောင်ခိုင်းခဲ့သည်ဟု သိရသည်။

ယခုလက်ရှိ သျှမ်းတောင်ဘက်တွင် စစ်တပ်မှမြေသိမ်းမှုများ မကြာခဏ ပြုလုပ်လာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...