ထိုင်းနိုင်ငံတဝန်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပိုမိုတင်းကြပ်မည်

ထိုင်းနိုင်ငံတဝန်း အဆင့်မြှင့်တင်ထားသော လမ်းအန္တရာယ်ကင်းရှင်းရေး အစီအမံများအောက်တွင် ယာဉ်တိုက်ခိုက်မှု လျှော့ချရန်၊ ဥပဒေကို ထိရောက်စွာ ကျင့်သုံးရန်နှင့် ပြည်သူများအကြား ယာဉ်စည်းကမ်း လိုက်နာမှုရှိစေရန် ရည်ရွယ်၍ လမ်းစည်းကမ်းများကို ဧပြီလ ၁ ရက်နေ့မှ စ၍ ပိုမိုတင်းကျပ်စွာ စစ်ဆေးတော့မည် ဖြစ်သည်။

ယခင်က ထိုင်းတော်ဝင် ရဲတပ်ဖွဲ့၏ ယာဉ်စည်းကမ်း စီမံခန့်ခွဲမှုဌာနမှ ပြည်သူများ ဥပဒေနှင့်အညီ နေသားတကျဖြစ်စေရန် လုပ်ငန်းစဉ်များကို အဆင့်လိုက် ဆောင်ရွက်ခဲ့သည်။

ပထမအဆင့်အနေဖြင့် ပြည်သူများ လမ်းစည်းကမ်းကို ပိုမိုသိရှိနားလည်စေရန် “ဒဏ်ငွေမရိုက်မီ သတိပေးခြင်း” အစီအစဉ်ကို ကျင့်သုံးခဲ့ပြီး၊ အဆိုပါ ဖြေလျှော့ပေးသည့် ပညာပေးကာလမှာ မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသွားပြီ ဖြစ်သည်။

ထို့ကြောင့် ယနေ့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လမ်းပေါ်တွင် မတော်တဆမှုဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းများဖြစ်သော စည်းကမ်း ဖောက်ဖျက်မှု ၁၀ မျိုးကို ယာဉ်ထိန်းရဲများက တင်းကျပ်စွာ အရေးယူဆောင်ရွက်တော့မည်ဖြစ်သည်။

မော်တော်ယာဉ်မောင်းနှင်သူများနှင့် လမ်းအသုံးပြုသူများအနေဖြင့် သတိပြုဆင်ခြင်နိုင်ရန်၊ စည်းကမ်းဖောက်ဖျက်မှုများကို ရှောင်ရှားနိုင်ရန်နှင့် ၄,၀၀၀ ဘတ်အထိ ရှိနိုင်သော ဒဏ်ငွေများအပြင် အချို့သော ပြစ်မှုများအတွက် ထောင်ဒဏ်တစ်နှစ်အထိ ကျခံရနိုင်သည့် စည်းကမ်းချက်များကို ဖော်ပြထားပါသည်။

ကိုးကား : The Nation Thailand

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News