CATEGORY

သတင်း

ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံဟာမြန်မာနိုင်ငံက မဟုတ်ပါ

Fact Check – အချက်လက်စစ်ဆေးခြင်း အဆောက်အဦ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တစ်ယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက ငလျင်ကပ်ဘေးဖြစ်စဉ်မှာ ဖြစ်နေတယ်ဆိုပြီး ဖြန့်ဝေချက်တစ်ခု ပြန့်နှံ့နေပါတယ်။ ဒီဓာတ်ပုံကို Dhanma Vinaya Channel နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကနေ မတ်လ ၃၀ ရက်နေ့က ဖြန့်ဝေထားတာကို တွေ့ရပြီး “အားလုံး...

စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး ဖိတ်သည့်ကိစ္စ ထိုင်းဝန်ကြီးချုပ် ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ်မှ ဖိတ်ကြားခဲ့ခြင်းကိစ္စ ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တောင်းဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၃ ရက်) တွင် ကျင်းပသည့် ထိုင်းအောက်လွှတ်တော် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘင်းမ်စတက်...

ငလျင်ကြောင့် ကလေး ၂ ဦးသေဆုံးသည့် ပင်လောင်းမြို့ နယ်က နန်းပန်းရွာခံများ အကူညီလိုအပ်နေ

မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် နေအိမ်များပြိုကျပြီး ကလေးငယ် ၂ ဦးသေဆုံးခဲ့သည့် သျှမ်းပြည်တောင်ပိုင်း ပင်‌လောင်းမြို့နယ် နန်းပန်းရွာခံများ အကူအညီလိုအပ်နေ သည်ဟု ရွာခံများ ပြောပြချက်အရသိရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ပင်လောင်းမြို့အနောက်တောင်ဘက် ၈ မိုင်အကွာရှိ နန်းပန်းရွာတွင် အိမ်ခြေပေါင်း ၁၅၀ ကျော်ရှိသည့်အနက် ၁၀၀...

မြန်မာနိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် ဝမ်းနည်းနေချိန် သင်္ကြန်ပွဲအတွက် စစ်ကောင်စီ ရန်ပုံငွေကောက်

မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးဒဏ်ကြောင့် ပူဆွေးဝမ်းနည်းနေချိန် တောင်ကြီးမြို့နှင့် ဟိုပုံးမြို့တွင် သင်္ကြန်ပွဲ ကျင်းပရန်အတွက် စစ်ကောင်စီမှ အလှူငွေ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၂၈)ရက် မွန်းလွဲပိုင်းတွင် မန္တလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံတဝှမ်း သေဆုံးသူ...

နောင်ချို TNLA မှ ဖုန်းအသုံးပြုသူ တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဖုန်းအသုံးပြုသူများကို တွေ့ရှိပါက ဒဏ်ငွေ ၁၀ သိန်းနှင့် ထောင် ၂ နှစ် ချမှတ်မည်ဟု စာဖြင့် သတိပေးထားကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ်နှင့်...

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ငလျင်ကြောင့် ကျင်းနက်ကြီးဖြစ်ပေါ်

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် ကျင်းနက်ကြီးများ ဖြစ်ပေါ်ခဲ့‌ကြောင်း သတင်းသိရသည်။ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ဒေသခံများ၏ စိုက်ပျိုးရေးခြံတစ်ခုအတွင်း မြေကျွံကျပြီး ကျင်းနက်ကြီးများ ဖြစ်ပေါ်လာခဲ့ကြောင်း ထိုင်းသတင်းဖော်ပြချက်များအရ သိရသည်။ ထိုကျင်းနက်ကြီး ဖြစ်ပေါ်ခဲ့သည့် နေရာသို့ မယ်ဟောင်ဆောင်ခရိုင်မှ...

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် ဘင်းမ်စတက်အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ ( BIMSTEC ဘင်းမ်စတက်) အစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။ ဧပြီလ (၃) ရက်နှင့် (၄) ရက်နေ့တွင် ကျင်းပမည့် ခြောက်ကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်မည့် ထိုင်းဝန်ကြီးချုပ်...

ပြိကျပျက်စီးသွားသည့် ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများအား ထုတ်ယူခွင့်မရတော့

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်အတွင်း မိတ်မိနေ သူများနှင့် သေဆုံးအလောင်းများအား ရှာဖွေကယ်ဆယ်ပေးရန် ကျန်ရစ်သူ မိသားစုဝင်များက တောင်းဆိုနေသည်။ မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အလွန်ပြင်းထန်သည့် ငလျင်ကြောင့်...

ငလျင်ဒဏ်ပြန်လည်ထူထောင်ရေး ရက်၂၀ ယာယီအပစ်ရပ်ဟု စစ်ကောင်စီထုတ်ပြန်

ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီတပ်က ရက်၂၀ ယာယီ အပစ်ရပ်မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယနေ့ (မတ် ၂ ရက်) ညပိုင်းတွင် ထုတ်ပြန်လာသည်။ ယာယီအပစ်ရပ်မှုသည် ဧပြီ ၂၂ရက်အထိဖြစ်ကြောင်း သိရသည်။ ထိုအပစ်ရပ် ထုတ်ပြန်ထားသည့် ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်စခန်း၊ တပ်ဌာနချုပ်တွေကို...

မန္တလေးမြို့ အိမ်သာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်

အင်အားပြင်း ငလျင်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည့် မန္တလေးမြို့တွင် ရေအိမ်သာများနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ မတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာပြည်တဝှမ်းတွင် သေဆုံးသူ စုစုပေါင်း (၃၈၆၆) ဉီး ရှိရာ...

Latest news