ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပမည့် ဘင်းမ်စတက်အစည်းအဝေး စစ်‌ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများ ( BIMSTEC ဘင်းမ်စတက်) အစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သတင်းသိရသည်။

ဧပြီလ (၃) ရက်နှင့် (၄) ရက်နေ့တွင် ကျင်းပမည့် ခြောက်ကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်မည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ် MRTV မှ ယမန်နေ့ ည ၈ နာရီသတင်းတွင် ကြေညာသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်၏ ပထမဆုံး ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဧပြီလ (၃) ရက်နှင့် (၄) ရက်နေ့တို့တွင် ကျင်းပပြုလုပ်မည့် ဘင်းမ်စတက် အစည်းအဝေးများကို တက်ရောက်သွားမည်ဖြစ်ကာ အခြားသော နိုင်ငံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခြေအနေ၊ ကူညီကယ်ဆယ်ရေး အခြေအနေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း MRTV သတင်းတွင် ဖော်ပြသည်။

ယနေ့ (ဧပြီလ ၃ ရက်) နံနက်ပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘင်းမ်စတက် အစည်းအဝေး တက်ရောက်ရန် စစ်ကောင်စီတပ်၏ အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ဘန်ကောက်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း ခေတ်သစ်သတင်းဌာနမှ ရေးသားထားသည်။

ဘန်ကောက်မြို့တွင် ကျင်းပမည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားသည့် ဆုံးဖြတ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR မှ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ Defend Myanmar Democracy အပါအဝင် မြန်မာနိုင်ငံမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ၃၁၉ ဖွဲ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုရန် ထိုင်းအစိုးရအား မတ်လ (၃၀) ရက်တွင် တောင်းဆိုထားသည်။

ယမန်နှစ် ဇူလိုင်လအတွင်း စစ်ကောင်စီက လေးကြိမ်မြောက် ဘင်းမ်စတက် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ကြသည်။

ဘင်္ဂလားပင်လယ်အော် ဒေသတွင်းနိုင်ငံများအဖွဲ့ ( BIMSTEC ဘင်းမ်စတက်) ကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နှင့် နီပေါ (၇) နိုင်ငံတို့ဖြင့် ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...