Tuesday, January 27, 2026

မန္တလေးမြို့ အိမ်သာနှင့် သောက်သုံးရေ အရေးပေါ်လိုအပ်

အင်အားပြင်း ငလျင်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရသည့် မန္တလေးမြို့တွင် ရေအိမ်သာများနှင့် သောက်သုံးရေများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

မတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာပြည်တဝှမ်းတွင် သေဆုံးသူ စုစုပေါင်း (၃၈၆၆) ဉီး ရှိရာ ထိုထဲတွင် မန္တလေးတိုင်းဒေသကြီးမှ သေဆုံးသူ (၂၄၆၂) ဉီး ရှိပြီး အဆောက်အဉီများစွာ ပြိုကျပျက်စီးခဲ့သည်။

ထိုငလျင်ဒဏ်ကြောင့် မန္တလေးပြည်သူများသည် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသည်။

လက်ရှိအချိန်အထိ မန္တလေးမြို့တွင် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု ဆက်တိုက်ဖြစ်နေပြီး အဆောက်အဉီထဲ ပြန်၍ ဝင်အိပ်ခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရဲသေးဘဲ လမ်းဘေးတွင် တဲများထိုးခြင်း၊ ခြင်ထောင်များ ထောင်၍ ညအိပ်လာသည်မှာ ၅ ရက် ရှိလာပြီဖြစ်ကြောင်း သိရသည်။

“အခု လမ်းဘေးမှာ တဲထိုးကြတယ်၊ နောက်ပြီး ခြင်ထောင် ထောင်အိပ်ကြပေါ့။ အိမ်သာတွေကလည်း မရှိတော့ ဖြစ်သလိုပဲ လမ်းဘေးမှာ အပေါ့၊ အလေး သွားရတယ်။ အခု ၆ ရက်မြောက် ရှိလာပြီဆိုတော့ မကယ်ထုတ်ရသေးတဲ့ အလောင်းတွေ အနံ့ကလည်း ပုပ်စော်နံတယ်၊ အနံ့အသက် မျိုးစုံပဲ”ဟု မန္တလေးမြို့ ငလျင်ဒဏ်သင့်သည့် ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်၊

မန္တလေးမြို့ ငလျင်ဘေးသင့်သူများ လမ်းမဘေးတွင် နေထိုင်နေရ

ငလျင်ဘေးသင့်မှုကြောင့် ရေအိမ်သာများ အရေးပေါ်လိုအပ်နေကြောင်း၊ အပေါ့အလေးကို လမ်းဘေးတွင် စွန့်ကြဲမှုကြောင့် အနံ့အသက် ဆိုးရွားသကဲ့သို့ တိုက်ပြိုကျပြီး ပိမိသည့် အလောင်းများကိုလည်း မထုတ်နိုင်သေးသည့်အတွက် ပုပ်စော်နံနေကြောင်း ၎င်းက ဆက်ပြောသည်။

“အလှူရှင်တွေက လာလှူဒါန်းတာရှိတယ်၊ အခုက အိမ်သာ အရေးပေါ်လိုတယ်။ နောက်ပြီး သောက်သုံးရေတွေလည်း အရမ်းကို လိုအပ်နေတယ်။ တချို့တိုက်တွေဆိုရင် ကယ်ဆယ်ရေးတောင် မရောက်ဘူး”ဟုလည်း မန္တလေးမြို့ ငလျင်ဒဏ်သင့် ပြည်သူများကို သွားရောက်ကူညီနေသည့် အမျိုးသားတစ်ဉီးက ပြောသည်။
မကြာမီ မိုးရွာသွန်းနိုင်သဖြင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် မိုးကာတဲများ လိုအပ်သကဲ့သို့ ၎င်းတို့အတွက် ယာယီတဲများလည်း ဆောက်လုပ်ပေးရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

“လိုအပ်ချက်ကတော့ များတယ်။ အခုက အဆောက်အဉီတွေထဲလည်း ဝင်မအိပ်ရဲတော့ လမ်းဘေးမှာ ယာယီတဲထိုးပေးဖို့ လိုတယ်။ မိုးကာတွေလည်း အမြန်ဆုံး လိုအပ်နေတယ်” ဟု ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီနေသည့် ၎င်းအမျိုးသားက ဆိုပြန်သည်။

မဟာမြတ်မုနိ ဘုရား

လက်ရှိတွင် မန္တလေးမြို့ရှိ ရပ်ကွက်အသီးသီးတွင် ပြိုကျပျက်စီးနေသော အဆောက်အဦးများကို ပြန်လည်ပြင်ဆင်ရေး မလုပ်ဆောင်နိုင်သေးဘဲ အချို့နေရာများမှ သေဆုံးသူ ရုပ်အလောင်းများကို တူးဖော်နိုင်ခြင်း မရှိသလို ကယ်ဆယ်ရေးလုပ်ငန်းများ အားနည်းနေသေးကြောင်း သိရသည်။

လက်ရှိ မန္တလေးမြို့တွင် Sky Villa ကွန်ဒိုနှင့် ဂရိတ်ဝေါလ် ဟိုတယ်တို့တွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး စစ်ကောင်စီတပ်သားများလည်း လမ်းပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မန္တလေး-မိုးကုတ်လမ်းပိုင်းရှိ စစ်ကော်မရှင်ဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်း

0
မန္တလေး-မိုးကုတ် လမ်းပိုင်းရှိ စစ်ကော်မရှင် စစ်ဆေးရေဂိတ်များတွင် စစ်ဆေးတင်းကြပ်ပြီး ခရီးသွားများထံ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး- မိုးကုတ် လမ်းပိုင်းရှိ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီး စစ်ကော်မရှင် စစ်ဆေးရေးဂိတ်နှင့် မန္တလေးမြို့အဝင် (၁၆) မိုင်ဂိတ်တို့တွင် စစ်ဆေးမှုများ တင်းကြပ်နေကြောင်း မန္တလေး-မိုးကုတ်...

ကလောမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်မည့် ကျပ်ငွေ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ သိမ်းဆည်းရမိ

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှ မန္တလေးမြို့သို့ သယ်ဆောင်သွားမည့် ကျပ်ငွေ ၄ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူကို ရမည်းသင်းမြို့နယ်တွင် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ် ၇ ရက် နံနက် ၆နာရီတွင် ရမည်းသင်းမြို့နယ် အင်တိုင်းကျေးရွာအုပ်စု ကင်းကျေးရွာအနီးတွင် ဘိန်းဖြူ ၄ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၇၁...

မန္တလေး၊ အင်းလေး ငလျင်ထပ်မံလှုပ်

0
ယနေ့ (ဇူလိုင်လ ၈ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် မန္တလေးတိုင်းဒေသကြီး ကျောက်မြောင်းအနီးတွင် ဗဟိုပြု၍ မဂ္ဂနီကျု ၅.၄ အဆင့်အားပြင်းသည့် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်းသိရသည်။ ထိုမြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသ မိုးကုတ်မြို့နယ် သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသ၊ တောင်ကြီးမြို့နယ် နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့မြို့နယ် ထိသိသိသာသာ ငလျင်လှုပ်ခတ်ခဲ့ကြောင်း...

မန္တလေး ငလျင်ထပ်မံလှုပ်ခတ်

0
ယနေ့ ( ဇူလိုင်လ ၃ ရက် ) မနက် ၇ နာရီခွဲဝန်းကျင်တွင် မန္တလေးတိုင်း မြင်းခြံမြို့အနီး ဗဟိုပြု၍ အင်အားမဂ္ဂနီကျူ ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ အင်အားမဂ္ဂနီကျူ ၄,၉ ငလျင်လှုပ်ခတ်မှုကြောင့် မြင်းခြံမြို့အပြင် မန္တလေး၊ စစ်ကိုင်း၊ ပြင်ဦးလွင်၊ ကျောက်ဆည်...

အင်းလေးဒေသ မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန် အနီး ကြာတောရွာတွင် မိုးသက်လေပြင်းကြောင့် ငလျင်ဒဏ်သင့် ပြည်သူများ၏ ယာယီတဲအမိုးများ လန်ထွက်သွားပြီး ဒေသခံများ အခက်တွေ့နေရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဧပြီလ (၂၇)ရက် နေ့လည် (၁)နာရီကျော် တွင် မိုးများပြင်းထန်စွာရွာသွန်းပြီး မိုးသီးများကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့် ငလျင်ဒဏ်ကြောင့် ဖြိုထားသည့်...