ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံဟာမြန်မာနိုင်ငံက မဟုတ်ပါ

Fact Check – အချက်လက်စစ်ဆေးခြင်း

အဆောက်အဦ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တစ်ယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက ငလျင်ကပ်ဘေးဖြစ်စဉ်မှာ ဖြစ်နေတယ်ဆိုပြီး ဖြန့်ဝေချက်တစ်ခု ပြန့်နှံ့နေပါတယ်။

ဒီဓာတ်ပုံကို Dhanma Vinaya Channel နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကနေ မတ်လ ၃၀ ရက်နေ့က ဖြန့်ဝေထားတာကို တွေ့ရပြီး “အားလုံး ဝမ်းသာစရာသတင်းပါ၊ ဒီကလေးလေးကို ကယ်နိုင်ခဲ့ပါပြီ” ဆိုကာ ရေးသားဖော်ပြခဲ့ပြီး လိုက်ခ် – ၅၄,၀၀၀ ဦးနဲ့ ပြန်လည်မျှဝေသူ – ၁၆၀၀ ဦးရှိခဲ့ပါတယ်။

ဒါ့အပြင် U Lay Kyaw နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကလည်း မြန်မာငလျင်ကြောင့် အဆောက်အဦးကြား ပိတ်မိနေတဲ့ ကလေးတစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ ရုပ်ပုံဖိုင်တစ်ခုနဲ့ အခုပြန့်နှံ့လာတဲ့ ကလေးငယ်ရဲ့ ပုံကို တွဲပြီး “ခလေးလေးတွေက နတ်ကောင်း၊ နတ်မြတ်တွေ စောင့်လျောက်တယ်ဆိုတာ ဖြစ်နိုင်လောက်တယ်” ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူပေါင်း သုံးသန်းကျော်ရှိပြီး လိုက်ခ် – ၅၄,၀၀၀ ဦးနဲ့ ပြန်လည်မျှဝေသူ ၉၆၀၀ ဦး ရှိခဲ့ပါတယ်။

သတင်းအမှား ဖြန့်ဝေလင့် – https://archive.ph/omXHt

သတင်းအမှား ဖြန့်ဝေလင့် – https://archive.ph/bXJTG

ပြန့်နှံ့လာတဲ့ ဒီဓာတ်ပုံကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နဲ့ ခမ်းသားငေါဝ်းတို့ရဲ့ အချက်အလက် စစ်ဆေးသူများက Reverse Image Search ကိုအသုံးပြုပြီး စစ်ဆေးခဲ့ရာမှာတော့ ဒါဟာ မြန်မာနိုင်ငံက မဟုတ်ပဲ ဆီးရီးယားနိုင်ငံက ကလေးငယ်တစ်ယောက်ရဲ့ ဓါတ်ပုံတွေဆိုတာကို တွေ့ခဲ့ရပါတယ်။
စစ်ဆေးတွေ့ရှိချက်

စစ်ဆေးတွေ့ရှိချက်အရ ကလေးငယ်ဟာ ဘေးအန္တရာယ်တစ်ခုခုကို ရင်ဆိုင်နေရတာ မဟုတ်ပဲ မိသားစုနဲ့ ကစားနေတာဖြစ်ပြီး ဒီဗွီဒီယိုဖိုင်ကို Tik Tok ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်ကနေ ပြန့်နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ယခုဓါတ်ပုံကို မြန်မာနိုင်ငံက ငလျင်ကြောင့် အဆောက်အဦတွေကြား ပိတ်မိနေတယ်ဆိုပြီး ဓာတ်ပုံအမှားတွေ ပြန်နှံ့နေတာ ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ နောက်ဆက်တွဲ ဗွီဒီယိုဖိုင်တွေကို အောက်ကလင်ခ့်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Link – https://shorturl.at/pUHxZ

အဲ့ဒီကလေးပုံနဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တွေးပြီးမှယုံ – Think Before You Trust ကလည်း စိစစ်ထားပါတယ်။

အပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/2nuH3

ဒါပေမဲ့ U Lay Kyaw နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကနေ ဖော်ပြခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲက (ဘယ်ဖက်ခြမ်း) ကလေးတစ်ယောက်ကတော့ မြန်မာနိုင်ငံက ဖြစ်စဉ်

မှန်ပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြန်မာစကားပြောပြီး ပုဆိုးဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကိုလည်း တွေ့ရမှာပါ။
ဒါပေမဲ့ ဒီဗွီဒီယိုင်ဖိုင်ဟာ ဘယ်မြို့မှာဖြစ်နေတာလဲဆိုတာကိုတော့ စိစစ်လို့ မရသေးပါဘူး။

သုံးသပ်ချက်

အခုလို ကျပ်တည်းနေတဲ့ စီးပွားရေ၊ နိုင်ငံရေး အခြေအနေတွေကြားမှာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာကြောင့် လူတွေဟာ စိုးရိမ်ထိတ်လန့်နေကြရသလို စိုးရိမ်မှုအပေါ် အခြေခံပြီး သတင်းတု၊ သတင်းမှားတွေကိုလည်း အခြားသော ဓာတ်ပုံ ဗီဒီယိုဖိုင်တွေကို အသုံးပြုပြီး ပြန်လည်မျှဝေတတ်ကြပါတယ်။

“ခလေးလေးတွေက နတ်ကောင်း၊ နတ်မြတ်တွေ စောင့်လျောက်တယ်ဆိုတာ ဖြစ်နိုင်လောက်တယ်” အကြောင်းအရာက အခြားသော ဓာတ်ပုံကိုအသုံးပြုပြီး သုံးသပ်ထားတဲ့ သတင်းအမှားအကြောင်းအရာသာ ဖြစ်ပါတယ်။

စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရတဲ့ သတင်းမီဒီယာ၊ သတင်းအချက်အလက် မီဒီယာတွေမှာ သွားရောက် ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

MFCN အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

သျှမ်းသံတော်ဆင့်၊ ခမ်းသားငေါဝ်း၊ The Red Flag / MFCN တို့ ပူးပေါင်းစိစစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...