Tuesday, January 27, 2026

ပိတ်မိနေတဲ့ ကလေးငယ်ရဲ့ ဓါတ်ပုံဟာမြန်မာနိုင်ငံက မဟုတ်ပါ

Fact Check – အချက်လက်စစ်ဆေးခြင်း

အဆောက်အဦ အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကလေးငယ်တစ်ယောက်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံက ငလျင်ကပ်ဘေးဖြစ်စဉ်မှာ ဖြစ်နေတယ်ဆိုပြီး ဖြန့်ဝေချက်တစ်ခု ပြန့်နှံ့နေပါတယ်။

ဒီဓာတ်ပုံကို Dhanma Vinaya Channel နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကနေ မတ်လ ၃၀ ရက်နေ့က ဖြန့်ဝေထားတာကို တွေ့ရပြီး “အားလုံး ဝမ်းသာစရာသတင်းပါ၊ ဒီကလေးလေးကို ကယ်နိုင်ခဲ့ပါပြီ” ဆိုကာ ရေးသားဖော်ပြခဲ့ပြီး လိုက်ခ် – ၅၄,၀၀၀ ဦးနဲ့ ပြန်လည်မျှဝေသူ – ၁၆၀၀ ဦးရှိခဲ့ပါတယ်။

ဒါ့အပြင် U Lay Kyaw နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကလည်း မြန်မာငလျင်ကြောင့် အဆောက်အဦးကြား ပိတ်မိနေတဲ့ ကလေးတစ်ယောက်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ ရုပ်ပုံဖိုင်တစ်ခုနဲ့ အခုပြန့်နှံ့လာတဲ့ ကလေးငယ်ရဲ့ ပုံကို တွဲပြီး “ခလေးလေးတွေက နတ်ကောင်း၊ နတ်မြတ်တွေ စောင့်လျောက်တယ်ဆိုတာ ဖြစ်နိုင်လောက်တယ်” ဆိုကာ ရေးသားဖော်ပြခဲ့ပါတယ်။

အဲ့ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူပေါင်း သုံးသန်းကျော်ရှိပြီး လိုက်ခ် – ၅၄,၀၀၀ ဦးနဲ့ ပြန်လည်မျှဝေသူ ၉၆၀၀ ဦး ရှိခဲ့ပါတယ်။

သတင်းအမှား ဖြန့်ဝေလင့် – https://archive.ph/omXHt

သတင်းအမှား ဖြန့်ဝေလင့် – https://archive.ph/bXJTG

ပြန့်နှံ့လာတဲ့ ဒီဓာတ်ပုံကို MFCN အဖွဲ့ဝင် သျှမ်းသံတော်ဆင့်နဲ့ ခမ်းသားငေါဝ်းတို့ရဲ့ အချက်အလက် စစ်ဆေးသူများက Reverse Image Search ကိုအသုံးပြုပြီး စစ်ဆေးခဲ့ရာမှာတော့ ဒါဟာ မြန်မာနိုင်ငံက မဟုတ်ပဲ ဆီးရီးယားနိုင်ငံက ကလေးငယ်တစ်ယောက်ရဲ့ ဓါတ်ပုံတွေဆိုတာကို တွေ့ခဲ့ရပါတယ်။
စစ်ဆေးတွေ့ရှိချက်

စစ်ဆေးတွေ့ရှိချက်အရ ကလေးငယ်ဟာ ဘေးအန္တရာယ်တစ်ခုခုကို ရင်ဆိုင်နေရတာ မဟုတ်ပဲ မိသားစုနဲ့ ကစားနေတာဖြစ်ပြီး ဒီဗွီဒီယိုဖိုင်ကို Tik Tok ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်ကနေ ပြန့်နှံ့လာခဲ့တာ ဖြစ်ပါတယ်။

ယခုဓါတ်ပုံကို မြန်မာနိုင်ငံက ငလျင်ကြောင့် အဆောက်အဦတွေကြား ပိတ်မိနေတယ်ဆိုပြီး ဓာတ်ပုံအမှားတွေ ပြန်နှံ့နေတာ ဖြစ်ပါတယ်။

ကလေးငယ်ရဲ့ နောက်ဆက်တွဲ ဗွီဒီယိုဖိုင်တွေကို အောက်ကလင်ခ့်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Link – https://shorturl.at/pUHxZ

အဲ့ဒီကလေးပုံနဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ တွေးပြီးမှယုံ – Think Before You Trust ကလည်း စိစစ်ထားပါတယ်။

အပြည့်အစုံ ဖတ်ရှုရန် – https://shorturl.at/2nuH3

ဒါပေမဲ့ U Lay Kyaw နာမည်နဲ့ ဖေဘွတ်ခ်အကောင့်တစ်ခုကနေ ဖော်ပြခဲ့တဲ့ ဗွီဒီယိုဖိုင်ထဲက (ဘယ်ဖက်ခြမ်း) ကလေးတစ်ယောက်ကတော့ မြန်မာနိုင်ငံက ဖြစ်စဉ်

မှန်ပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြန်မာစကားပြောပြီး ပုဆိုးဝတ်ထားတဲ့ အမျိုးသားတစ်ယောက်ကိုလည်း တွေ့ရမှာပါ။
ဒါပေမဲ့ ဒီဗွီဒီယိုင်ဖိုင်ဟာ ဘယ်မြို့မှာဖြစ်နေတာလဲဆိုတာကိုတော့ စိစစ်လို့ မရသေးပါဘူး။

သုံးသပ်ချက်

အခုလို ကျပ်တည်းနေတဲ့ စီးပွားရေ၊ နိုင်ငံရေး အခြေအနေတွေကြားမှာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တာကြောင့် လူတွေဟာ စိုးရိမ်ထိတ်လန့်နေကြရသလို စိုးရိမ်မှုအပေါ် အခြေခံပြီး သတင်းတု၊ သတင်းမှားတွေကိုလည်း အခြားသော ဓာတ်ပုံ ဗီဒီယိုဖိုင်တွေကို အသုံးပြုပြီး ပြန်လည်မျှဝေတတ်ကြပါတယ်။

“ခလေးလေးတွေက နတ်ကောင်း၊ နတ်မြတ်တွေ စောင့်လျောက်တယ်ဆိုတာ ဖြစ်နိုင်လောက်တယ်” အကြောင်းအရာက အခြားသော ဓာတ်ပုံကိုအသုံးပြုပြီး သုံးသပ်ထားတဲ့ သတင်းအမှားအကြောင်းအရာသာ ဖြစ်ပါတယ်။

စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း လူမှုကွန်ရက်စာမျက်နှာပေါ်က ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရတဲ့ သတင်းမီဒီယာ၊ သတင်းအချက်အလက် မီဒီယာတွေမှာ သွားရောက် ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

MFCN အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်ကလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

သျှမ်းသံတော်ဆင့်၊ ခမ်းသားငေါဝ်း၊ The Red Flag / MFCN တို့ ပူးပေါင်းစိစစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...