ပြိကျပျက်စီးသွားသည့် ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများအား ထုတ်ယူခွင့်မရတော့

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော မန္တလေးမြို့ရှိ ဂရိတ်ဝေါဟိုတယ်အတွင်း မိတ်မိနေ သူများနှင့် သေဆုံးအလောင်းများအား ရှာဖွေကယ်ဆယ်ပေးရန် ကျန်ရစ်သူ မိသားစုဝင်များက တောင်းဆိုနေသည်။

မတ်လ ၂၈ ရက်နေ့က မန္တလေးမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အလွန်ပြင်းထန်သည့် ငလျင်ကြောင့် ဂရိတ်ဝေါဟိုတယ် ပြိုကျပျက်စီးခဲ့ရာ ယခုဆိုလျှင် ၁ ပတ်ရှိသွားပြီ ဖြစ်သည်။

မတ်လ ၃၁ ရက် ညနေပိုင်းမှစတင်ကာ အဆိုပါဟိုတယ်အတွင်း ပိတ်မိနေသူများနှင့် သေဆုံးသူ အလောင်းများ ထုတ်ယူဖော်ယူခွင့်ကို ဟိုတယ်ပိုင်ရှင်ဘက်မှ ကန့်သတ်ထားကြောင်းသဖြင့် လက်ရှိတွင် ၎င်းတို့ကို ထုတ်ယူဖော်ယူ၍မရသေးကြောင်း မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ဒါနိုင်ငံတော်က လုပ်ပေးလို့ရမယ်၊ သူတို့လုပ်ပေးလို့ မရဘူးဆိုပြီး ပြောတာ။ အထဲမှာ သုံးယောက် ရှင်နေသေးတယ်လို့ ပြောတယ်။ အဲ့သုံးယောက်ကိုလည်း ဘယ်သူမှ မကယ်ပေးဘူး။ ဟိုတယ်ပိုင်ရှင်ဘက် ကတော့ ဘယ်သူ့မှမရှိဘူးလို့ပြောတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ ဂရိတ်ဝေါဟိုတယ်အတွင်း အသက်ရှင်လျက် ကယ်ထုတ်နိုင်သူ ၂ ဦးနှင့် သေဆုံးအလောင်း ၂ လောင်းကိုသာ ထုတ်ယူနိုင်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များကမှု ပိတ်မိနေသူများနှင့် သေဆုံးအလောင်းများကို ရှာဖွေကယ်ဆယ်ထုတ်ယူရန် ကြိုးစားသော်လည်း ဟိုတယ်ပိုင်ရှင်ဘက်မှ နိုင်ငံတော်ခွင့်ပြုချက်မရသေးသောကြောင့် ထုတ်ယူ၍ မရကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

”နိုင်ငံတော်က ခွင့်ပြုမှရမယ်တဲ့ ဟိုတယ်ပိုင်ရှင်က ပြောတယ်။ အခုက နိုင်ငံတော် ခွင့်မပြုလို့တဲ့၊ နိုင်ငံတော်က ပြည်သူတွေကို ဘယ်လိုကြည့်နေလဲ၊ ကယ်ပေးမယ့်သူတွေက ရောက်နေပြီ၊ နိုင်ငံတော် ခွင့်ပြုချက်စောင့်နေလို့ပါ၊ ကယ်ကြပါဦး” ဟု လူမှုကွန်ရက်စာမျက်ပေါ်၌ ပြန့်နှံ့လာသည့် ရုပ်သံဖိုင်တွင် ကျန်ရစ်သူ မိဘတစ်ဦးက တောင်းဆိုထားသည်။

မိသားစုဝင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးကို မိမိအစီစဉ်ဖြင့် ဆောင်ရွက်မည်ဟု ဟိုတယ်ကို အကြောင်းကြားသော်လည်း ဟိုတယ်အုပ်ချုပ်ရေးဘက်က ဆက်တိုက်ငြင်းဆန်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ငြင်းဆန်နေရခြင်း အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သိနိုင်ရန် မိသားစုများက လိုလားနေကြောင်း သိရသည်။

သို့သော် လက်ရှိအချိန်ထိ ဟိုတယ်ပိုင်ရှင်ဘက်က မည်သည့်အကြောင်းအရာမှ တုံ့ပြန်ထားခြင်း မတွေ့ရသေးပေ။

အဆိုပါဟိုတယ်တွင် ကျားဖြန့်ကဲ့သို့သော တရားမဝင် ကိစ္စရပ်များ၊ တရားမဝင် ပစ္စည်းများ၊ တရားမဝင် လုပ်ငန်းများရှိနေသည့် အတွက်ကြောင့် ဟိုတယ်အား အင်အားအပြည့်ရှာဖွေကယ်ဆယ်ရန် ခွင့်မပေးခြင်း ဖြစ်နိုင်ကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

လားရှိုးမှ သယ်ဆောင်လာသည့် ကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ စီးဆင်းလာသည့် ခန့်မှန်းခြေ ကျပ် ၉ ဒသမ ၈၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၂ ရက်မှ ဧပြီလ ၃၀ ရက်အတွင်း ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား...