CATEGORY

သတင်း

လူထုတွေ့ဆုံပွဲများ တပ်မတော်ဟန့်တားမှုကြောင့် လင်းခေးတွင်ပြုလုပ်မည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကန့်အသတ်မရှိ ရက်ရွှေ့

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ များ လူထုနှင့် ကွင်းဆင်းတွေ့ ဆုံစဉ် အစိုးရတပ်မတော် မှ နည်းအမျိုးမျိုးဖြင့် ဟန့်တား သဖြင့် ၂၀၁၈ ဂျန္နဝါရီ ၁၂ - ၁၄ ရက် အထိ လင်းခေးမြို့တွင်ကျင်းပရန် စီစဉ်ထားမှုအား အကန့်အသတ်မရှိ...

မိုင်းဖုန်းဆရာတော်၏စေတီတော် လင်းခေးသူ လင်းခေးသားများစုပေါင်းထီးတင်

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ် တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နားလင်းရွာတွင် မိုင်းဖုန်းဆရာတော် အမည်ရ အရှင် ဉာဏသံဝရ အမှူးပြုတည်ထားသည့် စေတီတော်တဆူအား ဆရာတော်၏ သက်တော် ၅၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရည်စူးကာ လင်းခေးမြို့ခံများ ယနေ့စုပေါင်းထီးတော်တင်ကြသည်။ ဂျန္နဝါရီလ ၅ ရက်နေ့ ယနေ့နံနက် ၁၀ နာရီက လင်းခေးမြို့နယ်...

စစ်ရေးတင်းမာမှု ကြောင့် ကျောက်မဲသို့ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရောက်ရှိ ရွာတွင် သက်ကြီးရွယ်အိုနှင့် မသန်မစွမ်းများ ကျန်ရစ်

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကြားဖြစ်ပွား ခဲ့သောတိုက်ပွဲ များနှင့့်ပတ်သက်၍ တိုက်ပွဲ ပိုမိုပြင်းထန်လာမည် ကို စိုးရိမ်သောကြောင့် ကျောက်မဲ မြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသောစစ်ရှောင်ဒုက္ခသည် တစ်ထောင်ကျော်ရှိ သည်ဟု ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း ထံမှသိရသည် ။ ကျောက်မဲမြို့နယ်နှင့်...

ရက်ပိုင်းသာလိုသော်လည်း လင်းခေးမြို့မှာ သျှမ်းနိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ရန် မသေချာသေး

၂၀၁၈ ဇန္နဝါရီ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ရန် စီစဉ်ထားသော်လည်း လက်တွေ့မှာ ကျင်းပနိုင်ဖို့ မသေချာသေးကြောင်း သျှမ်းခေါင်းဆောင်များ အသိုင်းအဝိုင်းက ပြောသည်။ “တောင်ကြီးမှာ အကြိုကျင်းပဖို့ ကျနော်တို့ ဒီလ ၇-၉ ရက်နေ့ အထိ လျာထားတယ်။ တောင်ကြီးမှာ အကြိုမကျင်းပနိုင်ရင်...

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော် တပ်စခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွား လားဟူပြည်သူ့စစ် ၂ ဦးသေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အတွင်း ပူးတွဲ တပ်စခန်းချနေထိုင်သည့် အစိုးရတပ်မတော်က ဒေသခံ လားဟူပြည်သူစစ် နှင့် အခင်းဖြစ်ပွါးပစ်ခတ်တိုက်ခိုက်ကြရာ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်းသိရသည်။ ဂျန္နဝါရီလ ၁ ရက်နေ့ ညနေ ၄.၃၀ နာရီအချိန် တန့်ယန်းမြို့ တောင်ဘက် မိုင်းကောဝ် ခလရ ၃၃ လက်အောက်ခံ...

ရွှေလီမြစ်ရေကြီး ကမ်းပါးပြိုမှုကြောင့် ရွာသူတဦးရေထဲပြုတ်ကျသေဆုံး

မနက်ခင်း နမ့်ခမ်းစျေးသို့ ဟင်းရွက်ရောင်းရန်သွားသည့် အသက် ၅၈ နှစ် အရွယ်အမျိုးသမီးတဦး ရွှေလီမြစ်အတွင်း ပြုတ်ကျမျောပါသေဆုံးကြောင်းသိရသည်။ ယခုလ ၂၀ ရက်နေ့မနက် ၅ နာရီအချိန် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဖက်ကမ်းရှိ နောင်မာ့တာရွာသူ နိုင်းငင်းဆွဲ့ခမ်းစင် အသက် ၅၈ နှစ်သည် ရွှေလီမြစ်ကူးကာနမ့်ခမ်းမြို့စျေးသို့ဟင်းရွက်ရောင်းရန် ဆိုင်ကယ်မောင်းနှင်လာရာ လှေဆိပ်အဆင်း...

သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ တပ်မတော်မှ နည်းမျိုးစုံဖြင့်ဟန့်တား

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုပြုလူထုတွေ့ဆုံပွဲအား သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၊ သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့၊ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ ဒေသခံ လူထု နှင့် တွေ့ဆုံစဉ် အစိုးရအုပ်ချုပ်ရေးပိုင်းများက ခွင့်ပြုသော်လည်း တပ်မတော်က အင်အားဖြင့်သော် လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက်နေ့က ပထမအကြိမ်ပြုလုပ်စဉ် တပ်မတော်ဟန့်တားမှုကြောင့်တွေ့ဆုံပွဲ ပျက်ခဲ့ပြီး ဒီဇင်ဘာလ...

သျှမ်းအမျိုးသားအဆင့်အတွက် ပင်လုံလူထုတွေ့ဆုံပွဲ ထပ်မံဟန့်တားခံရ

နိုင်ငံတော်အစိုးရထံ တင်ပြဆွေးနွေးပြီး ပင်လုံလူထုနှင့်ဒုတိယအကြိမ် တွေ့ဆုံသည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုသဘောထားကောက်ယူရေးကော်မတီအား တပ်မတော်မှ ဒုတိယအကြိမ်ထပ်မံ ဟန့်တားသည်ဟု တွေ့ဆုံရေးကော်မတီဝင်များ ပြောပြချက်အရသိရသည်။ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ဒီဇင်ဘာလ ၂၁ ရက် ယနေ့မနက်ပိုင်းက သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲထပ်မံပြုလုပ်ရန် စီစဉ်နေစဉ် မြန်မာ့တပ်မတော်မှအင်အားသုံးဝင်ရောက်တားဆီးခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၁၇ ရက်က ကျင်းပရန်...

တောင်ကြီးမြို့ပေါ် နိုင်ငံရေးဆွေးနွေးပွဲမပြုလုပ်ရန် RCSS အား ရပခ တိုင်းမှူး ဟန့်တား

RCSS/SSA အနေဖြင့် သတ်မှတ်ထား သောနေရာမှ အပ နိုင်ငံရေးဆွေးနွေးပွဲ မပြုလုပ်ဖို့ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ရပခတိုင်းရုံးကနေ အကြောင်းကြားစာတစောင်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့နေ့စွဲနဲ့ RCSS/SSA ထံပေးပို့လိုက်ပါတယ်။ လင်းခေးမြို့မှာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ နို၀င်ဘာလ ၂၇ ရက် JICM အစည်းအဝေးမှာ သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းနဲ့...

မူဆယ်မြို့နယ်မှာ မိုင်းပေါက်ကွဲ ကျောင်းသား ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ် မိုင်းပေါ်အုပ်စုမှာ မိုင်းပေါက်ကွဲလို့ မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲကနေ ၄ နာရီအကြား ကျောင်းဆင်းချိန်မှာ မိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေက ၀မ့်ဟိုနားရွာကနေ ကျောင်းလာတက်တယ်လေ။ မိုင်းက ကျောင်းနဲ့ရွာကြား...

Latest news