Tuesday, January 27, 2026

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော် တပ်စခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွား လားဟူပြည်သူ့စစ် ၂ ဦးသေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အတွင်း ပူးတွဲ တပ်စခန်းချနေထိုင်သည့် အစိုးရတပ်မတော်က ဒေသခံ လားဟူပြည်သူစစ် နှင့် အခင်းဖြစ်ပွါးပစ်ခတ်တိုက်ခိုက်ကြရာ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်းသိရသည်။

ဂျန္နဝါရီလ ၁ ရက်နေ့ ညနေ ၄.၃၀ နာရီအချိန် တန့်ယန်းမြို့ တောင်ဘက် မိုင်းကောဝ် ခလရ ၃၃ လက်အောက်ခံ နမ့်တုမ်းအခြေစိုက်တပ်က စခန်းစောင့် လားဟူပြည်သူ့စစ်တပ်သား အား ပစ်ခတ်ခဲ့ကြောင်း၊ လားဟူပြည်သူ့စစ်တယောက်က ပြည်လည်ခုခံ သည့်အတွက် တနာရီခန့် ပစ်ခတ်မှုဖြစ်ပွါးရာ အစိုးရတပ်ဘက် ၁ ယောက်သေဆုံးကာ တယောက်ဒဏ်ရာ ရရှိသည်ဟု နီးစပ်သည့် ဒေသခံများပြောပြချက်အရ သိရသည်။

“ဗမာစကားပြောတာမပီလဲ ဟာသလုပ်ပြီး သရော်တယ်။ စိတ်ဆိုးရင်လဲ အဖေ အမေ ကိုထိပြီး ဆဲတယ်။ သေနတ်ထိုးချိန်ပြီး ခြိမ်းခြောက်သလိုလိုနဲ့ တကယ်ပစ်တာ။ နှစ်ယောက်ကပွဲချင်းပြီး သေတယ်။ တယောက်က ခုခံပစ်ခတ်တော့ တနာရီလောက် ပစ်ခတ်သံကြား ရတယ်” – ဟု တန့်ယန်းမြို့ပေါ်ရောက် လားဟူပြည်သူ့စစ် တဦးကပြောသည်။

နမ့်တုမ်းတပ်စခန်းတွင် စစ်သား ၁၁ ဦး ရှိသည့်အနက် ပြည်သူ့စစ် လားဟူအမျိုးသား ၃ ဦး၊ အစိုးရ တပ်မတော်သား ၈ ဦး ရှိသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် အစိုးရတပ်မတော်သား တဦးသေ တဦး ဒဏ်ရာရှိကြောင်း၊ သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ တန့်ယန်းသို့ ပို့ဆောင်ဆေးကု သည့် ဒဏ်ရာရ အစိုးရ တပ်မတော်သား တဦးလည်း သေဆုံးသွားကြောင်း ပြောသည်။

တဖက်တွင်လည်း အတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါပစ်ခတ်မှုဖြစ်ပွါးရခြင်းမှာ – စစ်ရေးတင်းမာနေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား တိုက်ခိုက်ရန် အစိုးရတပ်မတော်က လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ဖိအားပေးရာ လားဟူပြည်သူ့စစ်က- သျှမ်းပြည်သား အချင်းချင်းမို့ မတိုက်လိုကြောင်း ငြင်းဆိုရာ တယောက်တခွန်း ပြောဆိုငြင်းခုံရာမှ ပစ်ခတ်မှုအဆင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်။

မိုင်းရှူးမြို့နယ် ပတ္တမြားတောင်ပေါ် နှင့် မိုင်းရယ်မြို့နယ်အတွင်းတို့တွင် အစိုးရတပ်မတော် မှ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် မှ ၂၀၁၈ ဂျန္နဝါရီ ၁ ရက်နေ့ အထိ အင်အားသုံးတိုက်ခိုက်ကြောင်း၊ လက်ရှိတွင်လည်း စစ်ရေးတင်းမာလျှက်ရှိကြောင်းကြားသိရသည်။

တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်မတော် ၊ ရဲတပ်ဖွဲ့၊ ကာကွယ်ရေးရဲ အမည်ရ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိပါသည်။ မိုင်းကောဝ်၊ နမ့်တုမ်း တပ်စခန်းကဲ့သို့ တခြားတပ်စခန်း များတွင်လည်း လားဟူပြည်သူ့စစ်နှင့် အစိုးရ တပ်မတော် တို့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...