သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော် တပ်စခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွား လားဟူပြည်သူ့စစ် ၂ ဦးသေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အတွင်း ပူးတွဲ တပ်စခန်းချနေထိုင်သည့် အစိုးရတပ်မတော်က ဒေသခံ လားဟူပြည်သူစစ် နှင့် အခင်းဖြစ်ပွါးပစ်ခတ်တိုက်ခိုက်ကြရာ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်းသိရသည်။

ဂျန္နဝါရီလ ၁ ရက်နေ့ ညနေ ၄.၃၀ နာရီအချိန် တန့်ယန်းမြို့ တောင်ဘက် မိုင်းကောဝ် ခလရ ၃၃ လက်အောက်ခံ နမ့်တုမ်းအခြေစိုက်တပ်က စခန်းစောင့် လားဟူပြည်သူ့စစ်တပ်သား အား ပစ်ခတ်ခဲ့ကြောင်း၊ လားဟူပြည်သူ့စစ်တယောက်က ပြည်လည်ခုခံ သည့်အတွက် တနာရီခန့် ပစ်ခတ်မှုဖြစ်ပွါးရာ အစိုးရတပ်ဘက် ၁ ယောက်သေဆုံးကာ တယောက်ဒဏ်ရာ ရရှိသည်ဟု နီးစပ်သည့် ဒေသခံများပြောပြချက်အရ သိရသည်။

“ဗမာစကားပြောတာမပီလဲ ဟာသလုပ်ပြီး သရော်တယ်။ စိတ်ဆိုးရင်လဲ အဖေ အမေ ကိုထိပြီး ဆဲတယ်။ သေနတ်ထိုးချိန်ပြီး ခြိမ်းခြောက်သလိုလိုနဲ့ တကယ်ပစ်တာ။ နှစ်ယောက်ကပွဲချင်းပြီး သေတယ်။ တယောက်က ခုခံပစ်ခတ်တော့ တနာရီလောက် ပစ်ခတ်သံကြား ရတယ်” – ဟု တန့်ယန်းမြို့ပေါ်ရောက် လားဟူပြည်သူ့စစ် တဦးကပြောသည်။

နမ့်တုမ်းတပ်စခန်းတွင် စစ်သား ၁၁ ဦး ရှိသည့်အနက် ပြည်သူ့စစ် လားဟူအမျိုးသား ၃ ဦး၊ အစိုးရ တပ်မတော်သား ၈ ဦး ရှိသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် အစိုးရတပ်မတော်သား တဦးသေ တဦး ဒဏ်ရာရှိကြောင်း၊ သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ တန့်ယန်းသို့ ပို့ဆောင်ဆေးကု သည့် ဒဏ်ရာရ အစိုးရ တပ်မတော်သား တဦးလည်း သေဆုံးသွားကြောင်း ပြောသည်။

တဖက်တွင်လည်း အတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါပစ်ခတ်မှုဖြစ်ပွါးရခြင်းမှာ – စစ်ရေးတင်းမာနေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား တိုက်ခိုက်ရန် အစိုးရတပ်မတော်က လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ဖိအားပေးရာ လားဟူပြည်သူ့စစ်က- သျှမ်းပြည်သား အချင်းချင်းမို့ မတိုက်လိုကြောင်း ငြင်းဆိုရာ တယောက်တခွန်း ပြောဆိုငြင်းခုံရာမှ ပစ်ခတ်မှုအဆင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်။

မိုင်းရှူးမြို့နယ် ပတ္တမြားတောင်ပေါ် နှင့် မိုင်းရယ်မြို့နယ်အတွင်းတို့တွင် အစိုးရတပ်မတော် မှ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် မှ ၂၀၁၈ ဂျန္နဝါရီ ၁ ရက်နေ့ အထိ အင်အားသုံးတိုက်ခိုက်ကြောင်း၊ လက်ရှိတွင်လည်း စစ်ရေးတင်းမာလျှက်ရှိကြောင်းကြားသိရသည်။

တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်မတော် ၊ ရဲတပ်ဖွဲ့၊ ကာကွယ်ရေးရဲ အမည်ရ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိပါသည်။ မိုင်းကောဝ်၊ နမ့်တုမ်း တပ်စခန်းကဲ့သို့ တခြားတပ်စခန်း များတွင်လည်း လားဟူပြည်သူ့စစ်နှင့် အစိုးရ တပ်မတော် တို့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...