ရက်ပိုင်းသာလိုသော်လည်း လင်းခေးမြို့မှာ သျှမ်းနိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ရန် မသေချာသေး

၂၀၁၈ ဇန္နဝါရီ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ရန် စီစဉ်ထားသော်လည်း လက်တွေ့မှာ ကျင်းပနိုင်ဖို့ မသေချာသေးကြောင်း သျှမ်းခေါင်းဆောင်များ အသိုင်းအဝိုင်းက ပြောသည်။

“တောင်ကြီးမှာ အကြိုကျင်းပဖို့ ကျနော်တို့ ဒီလ ၇-၉ ရက်နေ့ အထိ လျာထားတယ်။ တောင်ကြီးမှာ အကြိုမကျင်းပနိုင်ရင် လင်းခေးမှာလဲ ကျနော်တို့ ကျင်းပနိုင်မှာမဟုတ်ဘူး။ လင်းခေးမှာ ND မလုပ် ဖြစ်ရင်နေပြည်တော်မှာလုပ်မယ့် UPC တတိယ အကြိမ်လဲ သွားတက်နိုင်မှာမဟုတ်ဘူး။ တက်ရင်လဲ တင်ပြစရာရှိမှာမဟုတ်ဘူး” – ဟု သျှမ်းလက်နက်ကိုင်တပ်များ၊ သျှမ်းနိုင်ငံရေးပါတီများ၊ လူမှုအသင်း အဖွဲ့များပါဝင်ဖွဲ့စည်းများ ပါဝင် ဖွဲ့စည်းထားသည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အလှည့်ကျ ဥက္ကဌ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က သျှမ်းပြည်တပ်မတော် RCSS/SSA ထိပ်ပိုင်း ခေါင်းဆောင် များ အစည်းအဝေးထိုင်ကြကြောင်း၊ တောင်ကြီးမှာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြို ကျင်းပရန် ဆုံးဖြတ်ချက်မချနိုင်သေးကြောင်း၊ အစိုးရ အပါအဝင် တပ်မတော် က ဟန့်တားထားသည့် အတွက် တောင်ကြီးမြို့တွင် အကြိုကျင်းပရန်မဖြစ်နိုင်ပါက လင်းခေးမြို့တွင် ညီလာခံကြီးကျင်းပ ရန်လည်း မဖြစ်နိုင်တော့ဟုပြောဆိုကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

သို့သော် သျှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ်အား ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

သို့သော် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အတွင်းရေးမှူးများအဖွဲ့က ဇန္နဝါရီ လ ၄ ရက် ယနေ့တွင်ပင် သဘောတူချက်အရ ဇန္နဝါရီ လ ၇ ရက်မှ ၉ ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် အကြိုဆွေးနွေးပွဲ ပြုလုပ်မည်မဟုတ်တော့ကြောင်း အဖွဲ့ဝင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောကြားသည်။

“သျှမ်းပြည်နယ်အစိုးရ ထောက်ပံ့တဲ့ ဘတ်ဂျတ် နဲ့ ခရိုင်မှူးက သျှမ်းအစည်းအဝေး ပြုလုပ်ဖို့ ကနေ့ထိ ပြင်ပေးနေတယ်။ နွယ်၀တီခန်းမ တိုးချဲ့တာတွေ၊ ရေအိမ်အခန်းတိုးချဲ့ပေးတာတွေ၊ ဟိုတယ်မရှိတဲ့ အ တွက် တက်ရောက်မည့်သူတွေ တည်းခိုဖို့ မြို့ခံအိမ်တွေမှာ တအိမ်လူဘယ်နှစ်ယောက်နှုန်း ခွဲတန်းချ တာတွေလုပ် ပြင်ဆင်ထားတယ်။ ဒီနေ့လည်း ကမ္မဌာန်းကျောင်း ၄ ထပ်ဆောင်မှာဧည့်သည်တွေ တည်းခိုဖို့ ခရိုင်မှူးကိုယ်တိုင်ပါဝင်တဲ့ မြို့ခံလူထုတွေ သွားပြီးသန့်ရှင်းရေးလုပ်၊ နေရာထိုင်ခင်း စီစဉ်နေတယ်” – ဟု ဝိုင်းဝန်းကူညီနေသည့် ရပ်မိရပ်ဖ ဦးစိုင်းနော် က ပြောသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ တွင် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး အတွက် ဒီဇင်ဘာ ၁၇ ရက်နေ့မှ ၂၄ ရက်နေအထိ လူထုသဘောထားရယူရေးအတွက် ဖြစ်မြောက်ရေးကော်မတီများ အဖွဲ့ခွဲကွင်းဆင်းတွေ့ ဆုံရာတွင်လည်း တပ်မတော် မှ အင်အားသုံးကာ နည်းမျိုးစုံဖြင့် ဟန့်တားခဲ့သည်။

အစိုးရ တပ်မတော် က သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ နှင့် စပ်ဆိုင်သည့် အစည်း အဝေးများ၊ လူထုတွေ့ဆုံပွဲများ တောင်ကြီးမြို့ နှင့် ပင်လုံမြို့အပါ အဝင် မည်သည့်နေရာမျှ ကျင်းပခွင့် မပြုဘဲ လင်းခေးမြို့တွင်သာ ပြုလုပ်ရန် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...