တောင်ကြီးမြို့ပေါ် နိုင်ငံရေးဆွေးနွေးပွဲမပြုလုပ်ရန် RCSS အား ရပခ တိုင်းမှူး ဟန့်တား

RCSS/SSA အနေဖြင့် သတ်မှတ်ထား သောနေရာမှ အပ နိုင်ငံရေးဆွေးနွေးပွဲ မပြုလုပ်ဖို့ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ရပခတိုင်းရုံးကနေ အကြောင်းကြားစာတစောင်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့နေ့စွဲနဲ့ RCSS/SSA ထံပေးပို့လိုက်ပါတယ်။

လင်းခေးမြို့မှာ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ နို၀င်ဘာလ ၂၇ ရက် JICM အစည်းအဝေးမှာ သဘောတူဆုံးဖြတ်ခဲ့ကြကြောင်းနဲ့ ဒီဇင်ဘာလ ၁၁ ကနေ ၁၅ ရက်နေ့အထိ CSSU ဦးဆောင်မှုနဲ့ တောင်ကြီးမှာပြုလုပ်သွားတဲ့အကြိုဆွေးနွေးပွဲလို ဆွေးနွေးပွဲမျိုး နောက်နောင်မှာ ခွင့်ပြုထားတဲ့နေရာ သတ်မှတ်တဲ့နေရာမှာသာ ပြုလုပ်သွားဖို့အကြောင်းကြားတယ်လို့ပါရှိပါတယ်။

အခုလိုတားဆီးပိတ်ပင်မှုမျိုးနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုင်းဦးကတော့ – ကျနော်တို့ဒီလူထုတွေ့ဆုံပွဲက ၂၁ ရာစုပင်လုံညီလာခံ မှာတင်ပြဖို့အတွက် အချက်အလက်တွေ ကိုစုဆောင်းခြင်းဖြစ်တယ်။ ပြည်သူလူထု အကြံဉာဏ် ကိုယူနေတာပါ ။ တိုင်းပြည်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အဲလိုဟန့်တားခံရခြင်း အားဖြင့် ကျနော်တို့ သျှမ်းလူမျိုးတင်သာမက တိုင်းရင်းသားတွေအားလုံးက တပ်မတော်အပေါ်ယုံကြည်မှု ကိုလျော့ပါးလာစေတယ်။ အမှန်ဆိုရင်ကျနော်တို့က ဒီနိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကို လုပ်နေတာက ကျနော်တို့ ကဒီနိုင်ငံတည်ဆောက်ဖို့ ငြိမ်းချမ်းရေးတည်ဆောက် ဖို့ အတွက်လုပ်နေတာပါ – လို့ပြောဆိုလိုက်ပါတယ်။

လူထုတွေ့မှုပြုနေတဲ့အဖွဲ့ဟာ ၂၅ ရက်နေ့တောင်ကြီးမှာ ပြန်လည်တွေ့ဆုံမှာဖြစ်ပြီးတော့ လာမယ့်လမှာ လင်းခေးမြို့မှာပြုလုပ်မယ့် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် အချက်အလက်တွေစု ဆောင်းပြင်ဆင်ကြမှာဖြစ်ပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အဆင့်သုံးဆင့် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ပထမ အဆင့် လူထု နှင့် တွေ့ဆုံကာ အကြံအဉာဏ်ယူခြင်း၊ ဒုတိယ အဆင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အကြိုပြင်ဆင်ခြင်း၊ နောက်ဆုံးတတိယ အဆင့် ကတော့ (လင်းခေးမှာပြုလုပ်မယ့်) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခြင်း ဘဲဖြစ်ပါတယ်။

ယခုလို တပ်မတော်က ဟန့်တားထားသည့် အတွက် ဒုတိယ အဆင့်လုပ်နိုင်ဖို့ အခက်အခဲ ဖြစ်လာနိုင်တဲ့အပြင် တတိယ အဆင့်လုပ်ဖို့လဲ ခက်ခဲသွားနိုင်ကြောင်းနဲ့ နေပြည်တော်မှာ ကျင်းပ မယ့် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အကြိမ် ကျင်းပ ဖို့ အဆင့်အထိ ဂယက်ရိုက်သွားနိုင်ကြောင်း သျှမ်းခေါင်းဆောင်များက သုံးသပ်ကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...