မူဆယ်မြို့နယ်မှာ မိုင်းပေါက်ကွဲ ကျောင်းသား ၁ ဦးသေ ၄ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ် မိုင်းပေါ်အုပ်စုမှာ မိုင်းပေါက်ကွဲလို့ မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲကနေ ၄ နာရီအကြား ကျောင်းဆင်းချိန်မှာ မိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေက ၀မ့်ဟိုနားရွာကနေ ကျောင်းလာတက်တယ်လေ။ မိုင်းက ကျောင်းနဲ့ရွာကြား လမ်းဘေးမှာ မြုပ်ထားတာ။ မိုင်းတွေ့တဲ့ကလေးက မောင်တန်မိုင် (အသက် ၁၃ နှစ်) ။ သူ့သူငယ်ချင်းတွေကို ခေါ်ကြည့်ခိုင်းတော့ မောင်အောင်လင်းထွန်း (အသက် ၁၂ နှစ်) က ခဲနဲ့သွားပစ်ပေါက်တာ မိုင်းပေါက်သွားတယ်။ ၃ တန်းကျောင်းသား လေး အောင်လင်းထွန်းပွဲချင်းပြီးသေသွားတယ်။ မောင်တန်မိုင် က ခြေထောက် နဲ့ဗိုက်တွေမှာဒဏ်ရာရသွားတယ်။ သူတို့သူငယ်ချင်း ၃ ယောက် ဖြစ်တဲ့ ခိုင်လင်းထွန်း ၁၀ နှစ် ဒုတိယတန်း၊ စိုင်းအိုက်အုံး – ၁၀ နှစ် ဒုတိယတန်း ၊ မိုင်းအိုက်ထွန်း- ၈ နှစ် ပထမတန်း ကလည်း ဗိုက်တွေ ခြေထောက်တွေမှာ အသီးသီး ထိခိုက်ဒဏ်ရသွားတယ် – ဟု မူစယ်မြို့သား စိုင်းဟင်လိတ်ကပြောပါတယ်။

ဒဏ်ရာရတဲ့ကလေး ၄ ယောက်ကို လားရှိုးဆေးရုံမှာ ၂ ယောက်၊ မူဆယ်ဆေးရုံမှာ ၂ ယောက် တက်ရောက် ကုသမှုခံယူနေတယ်လို့သိရပါတယ်။ ဒီမနက်မှာတော့ မူဆယ်ဆေးရုံက ကလေး ၂ ယောက်ကို လားရှိုးဆေးရုံ ကိုဆက်လက်ပို့ဆောင်လိုက်ပြီလို့သိရပါတယ်။

မူဆယ်မြို့သူ ပါ့နန်းကတော့ – ဒီ ၁ နှစ် ၂ နှစ်အတွင်းမိုင်းပေါ်ဘက်မှာ မိုင်းကွဲတာ ဗုံးပေါက်တာခနခနဖြစ်တယ်။ ၃-၄ ကြိမ်ထက်မနည်းတော့ဘူး။ ထိခိုက်ဒဏ်ရာရတာ သေတာတွေလည်းမနည်းတော့ဘူး- လို့ပြောပါတယ်။

မိုင်းပေါ်ဒေသမှာ အစိုးရတပ်၊ KIA တပ်၊ TNLA တပ်ဖွဲ့ နဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ တို့လှုပ်ရှားသွားလာကြ ပေမယ့် ဘယ်သူ့လက်ချက်ဆိုသည်ကိုတော့ ဖေါ်ထုတ်နိုင်ခြင်းမရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယုဒ္ဓယတွင် ချစ်သူမိန်းကလေးထံ ကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော်လွှဲပေးသည့် ကျောင်းထိုင်ဘုန်းကြီးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် ဘုန်းကြီးကျောင်းတစ်ခုတွင် သက်တော် ၆၆ နှစ်အရွယ််ရှိ ကျောင်းထိုင်ဆရာတော်ဖြစ်သူမှ ဘုန်းကြီးကျောင်း ရန်ပုံငွေ ဘတ် ၉၂ သန်းကျော် (မြန်မာကျပ် ၁၂ ဘီလီယံ နီးပါး) အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (စက်တင်ဘာ ၁၀ ရက်) မနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ...

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...