လူထုတွေ့ဆုံပွဲများ တပ်မတော်ဟန့်တားမှုကြောင့် လင်းခေးတွင်ပြုလုပ်မည့် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကန့်အသတ်မရှိ ရက်ရွှေ့

သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ များ လူထုနှင့် ကွင်းဆင်းတွေ့ ဆုံစဉ် အစိုးရတပ်မတော် မှ နည်းအမျိုးမျိုးဖြင့် ဟန့်တား သဖြင့် ၂၀၁၈ ဂျန္နဝါရီ ၁၂ – ၁၄ ရက် အထိ လင်းခေးမြို့တွင်ကျင်းပရန် စီစဉ်ထားမှုအား အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သျှမ်းပြည်တပ်မတော် RCSS/ SSA မှ ထုတ်ပြန်ကြေငြာသည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ ရန် -၂၀၁၇ နိုဝင်ဘာလက နေပြည်တော်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေး စာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ JICM အစည်းအဝေး မှ သဘော တူညီမှု ရရှိခဲ့ကြသည်။ သို့သော် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီမှ သျှမ်းလူထုအား ကွင်းဆင်း တွေ့ဆုံစဉ် တပ်မတော်မှ လူသူစစ်လက်နက် အင်အားအပြည့်အစုံဖြင့် ဆွေးနွေးပွဲများအား တားမြစ် ပိတ်ပင်ခဲ့သောကြောင့် သတ်မှတ်ရက်အတွင်းဆွေးနွေးပွဲကျင်းပခြင်းအား ယာယီရွှေ့ဆိုင်း ထားကြောင်း ဂျန္နဝါရီလ ၈ ရက်နေ့က RCSS ကထုတ်ပြန်သောကြေငြာချက်တွင်ရေးသားဖော်ပြထားသည်။

“ ကျနော်တို့ လူထုနဲ့ ကွင်းဆင်းတွေ့ရာမှာလဲ တပ်မတော်က ဟန့်တားတယ်။ တောင်ကြီးမှာ အကြို လုပ်ဖို့ပြင်ရာမှာလဲ ပေးမလုပ်ဘူး။ ဒါ့ကြောင့် လင်းခေးမှာမလုပ်ဖြစ်တာပါ။ ဘယ်တော့ လုပ်မလဲ ဆိုတာတော့ နှစ်ဘက်ပြန်လည်ညှိနှိုင်းပြီးတော့မှဘဲပြောနိုင်မယ်” – ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

လူထုနှင့်ကွင်းဆင်းတွေ့ဆုံသည့်အဖွဲ့များ တောင်ကြီးမြို့၌ ဂျန္နဝါရီလ ၇ ရက်မှ ၉ ရက်နေ့ အထိ ပြန်လည်တွေ့ဆုံရန် ပြင်ဆင်ထားမှုအား တပ်မတော်မှ ဟန့်တား ခဲ့သည်မှာလည်း လင်းခေးမြို့တွင် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ရက်ရွှေ့ဆိုင်းရခြင်း၏ အဓိက အကြောင်းအချက်တခုဖြစ်ကြောင်း ၊ ဆွေးနွေးပွဲလွတ်လပ်စွာကျင်းပခွင့်ပြုထားသည့် အစိုးရ၏ အုပ်ချုပ်ရေးပိုင်းကလည်းညွှန်ကြားထားမှုများ ပြန်လည်ရုပ်သိမ်းထားကြောင်း ၎င်းက ဆိုပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး သည့်အဖွဲ့ဖြစ်ရာ နေပြည်တော် အစိုးရမှ မတရားအသင်းအဖြစ်မှ ပယ်ဖျက်ထားပါသည်။

ကျိုင်းတုံမြို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ သဘောတူညီချက် (ဒုတိယ) ၁၁ ချက်မြောက်တွင် – “RCSS/SSA တပ်ဖွဲ့အနေဖြင့် နိုင်ငံရေးပါတီများနှင့်ဖြစ်စေ၊ မည့်သည့်အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ဒေသခံပြည်သူလူထုနှင့်ဖြစ်စေ၊ လွတ်လပ်စွာတွေ့ဆုံဆွေးနွေးနိုင်ရန်သဘောတူညီသည်” – ဟု ပါရှိသည်။

သို့သော် လက်ရှိတွင် RCSS/SSA အနေဖြင့် လူထုနှင့်လွတ်လပ်စွာတွေ့ဆုံခွင့်မရသည့်အပြင် လွန်ခဲ့သည့် ရက်ပိုင်း က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင်လည်းကောင်း၊ သျှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်တွင်လည်းကောင်း အစိုးရတပ်မတော် ၏ အင်အားသုံးတိုက်ခိုက်ခြင်း ခံခဲ့ရသည်။ RCSS/SSA ကဲ့သို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ် ရေးထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း NCA လမ်းကြောင်းက အလုပ်မဖြစ်တော့ကြောင်း ယခင်အပတ်က ထောက်ပြခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

သေနတ်ပုံ ဖုန်းကာဗာ ကိုင်လာသည့် သံဃာကြောင့် ဆေးရုံမှ လူနာများ အထိတ်တလန့်ဖြစ်

0
ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း...