သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ တပ်မတော်မှ နည်းမျိုးစုံဖြင့်ဟန့်တား

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုပြုလူထုတွေ့ဆုံပွဲအား သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့၊ သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့၊ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ ဒေသခံ လူထု နှင့် တွေ့ဆုံစဉ် အစိုးရအုပ်ချုပ်ရေးပိုင်းများက ခွင့်ပြုသော်လည်း တပ်မတော်က အင်အားဖြင့်သော် လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၁၇ ရက်နေ့က ပထမအကြိမ်ပြုလုပ်စဉ် တပ်မတော်ဟန့်တားမှုကြောင့်တွေ့ဆုံပွဲ ပျက်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ ယနေ့မနက်က ပင်လုံ လူထု၏ သဘောထား ရယူရန် ထပ်မံတွေ့ ဆုံစဉ် မြန်မာ့တပ်မတော် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ညွှန်ကြားချက်အရ ဟုဆိုက လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်ဌေး ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့က ဒုတိယအကြိမ် ထပ်မံလာ ရောက် ဟန့်တားခဲ့သည်ဟု ပြည်နယ်လွှတ်တော် အမတ် စိုင်းဦးခမ်းက ဤကဲ့သို့ပြောပြသည်။

“မနက်ပိုင်းကတော့ အုပ်ချုပ်ရေးမှူး ရောက်လာခဲ့တယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ပြည်သူရှေ့မှာ ရှင်းပြတယ်၊ သျှမ်းပြည်နယ်အစိုးရဘက်က လုပ်ခွင့်ပေးတယ် ဆိုပြီး အုပ်ချုပ်ရေးမှူးက ရှင်းပြသွားတယ် ။ ဒါပေမယ့် တပ်မတော်ဘက်က တနေကုန်ထိုင်စောင့်တယ်။ သူတို့ရပ်ခိုင်းတယ် ကျနော်တို့ မရပ်ဘဲ ကိုယ်စားလှယ်တွေ့ကြုံရှင်းလင်းပွဲ ဆိုတဲ့ ခေါင်းစဉ် နဲ့ ဟောပြောလိုက်ရတယ်။ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ခေါင်းစဉ်ကိုတော့ဖြုတ်ခိုင်းတယ်” ဟု စိုင်းဦးခမ်း ကပြောသည်။

ပင်လုံမြို့တွင်ပြုလုပ်သောဆွေးနွေးပွဲ ဟန့်တားခံနေရပုံ

လွှတ်တော်ကိုယ်စားလှယ် ၅ ဦး မှာ ကျားခေါင်းပါတီအမတ်များဖြစ်ကြသည့် နန်းခမ်းအေး၊ စိုင်းဆိုင်မိန်း ၊ စိုင်းခမ်းမြတ်၊ စိုင်းဦးခမ်း နှင့် ကျားဖြူအမတ် စိုင်းနောင့် တို့က လွှတ်တော်တွင်းအတွေ့အကြုံများနှင့် ဗဟုသုတများဟောပြောအဖြစ် ခေါင်းစဉ်ပြောင်း သွားခဲ့ခြင်းဖြစ်သည်။

ပင်လုံမြို့တွင် တပ်မတော်မှ ၀င်ရောက်ဟန့်တားသကဲ့သို့ သျှမ်းပြည်မြောက်ပိုင်းလားရှိုး၊ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်တို့တွင် ဟန့်တားမှုများပြုလု့ပခဲ့သည်။ တာချီလိတ်မြို့တွင် ခမရ ၃၅၉ က ၀င်ရောက်ကာ ဆွေးနွေးပွဲ ပြီးဆုံးတဲ့အထိ အင်အား ၃၀ ခန့် ဖြင့်ဝိုင်းရံစောင့်ဆိုင်းခဲ့သည်။

အလားတူ လားရှိုးတွင်လည်း လူထုတွေ့ဆုံရေးကော်မတီများအား အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရမခ စစ်တိုင်းရုံး စစ်ဘက်လုံခြုံရေးအရာရှိက လုထုတွေ့ဆုံဆွေးနွေးပွဲရုပ်သိမ်းခြင်းမပြုက စစ်အင်အားဖြင့် ၀င်ရောက် လာမည်ဟု ခြိမ်းခြောက်သော်လည်း အစည်းဝေးပြီးသည်အထိ တစုံတရာ ၀င်ရောက်နှောင့်ယှက်ခြင်းမရှိဟု သျှမ်းပြည်မြောက်ပိုင်း လူထုတွေ့ဆုံရေးကော်မတီကပြောသည်။

လာမည့်နှစ်ဦးပိုင်းအတွင်း နေပြည်တော်တွင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် တွင် သျှမ်းအမျိုးသားများ၏ ဘုံသဘောထားရယူရန် လာမည့် ဇန္နဝါရီလ ၁၂ – ၁၄ ရက်နေ့ အထိ သျှမ်းအမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် လူထုသဘောထားရယူတင်ပြဆွေးနွေးပေးနိုင်ရန် ဆွေးပွဲဖြစ်မြောက်ရေး ကော်မတီမှ သျှမ်းပြည်နယ်အတွင်းအပြင် ကယား၊ ကချင်၊ မန္တလေး၊ ပဲခူး တိုင်းအတွင်းရှိ သျှမ်းလူထု အားကွင်းဆင်းတွေ့ဆုံနေခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...