ရွှေလီမြစ်ရေကြီး ကမ်းပါးပြိုမှုကြောင့် ရွာသူတဦးရေထဲပြုတ်ကျသေဆုံး

မနက်ခင်း နမ့်ခမ်းစျေးသို့ ဟင်းရွက်ရောင်းရန်သွားသည့် အသက် ၅၈ နှစ် အရွယ်အမျိုးသမီးတဦး ရွှေလီမြစ်အတွင်း ပြုတ်ကျမျောပါသေဆုံးကြောင်းသိရသည်။

ယခုလ ၂၀ ရက်နေ့မနက် ၅ နာရီအချိန် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဖက်ကမ်းရှိ နောင်မာ့တာရွာသူ နိုင်းငင်းဆွဲ့ခမ်းစင် အသက် ၅၈ နှစ်သည် ရွှေလီမြစ်ကူးကာနမ့်ခမ်းမြို့စျေးသို့ဟင်းရွက်ရောင်းရန် ဆိုင်ကယ်မောင်းနှင်လာရာ လှေဆိပ်အဆင်း ရွှေလီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသည်ကိုမမြင်ရသဖြင့် မြစ်အတွင်းပြုတ်ကျကာ မျောပါသေဆုံးသွားကြောင်းသိရသည်။

သေဆုံးသူနန်းငင်းဆွဲ့ခမ်းစင်၏ သမီးတော်စပ်သူ နန်းအေထွေးက – အမေက အဲ့လမ်း နေ့တိုင်းသွားနေကျပါ။ သူကျသွားတဲ့နေ့က နှင်းတွေတအားထူနေတာရယ်၊ အဲ့ကမ်းပါးပြိုတဲ့နေရာက ညတုန်းကမြစ်ရေကြီးထားလို့ တိုက်စားထားတာကြောင့် ပြိုကျနေတာကိုအမေကမသိလိုက်တာလားမသိပါဘူး။ အမေစီးတဲ့ တရုတ်ဆိုင်ကယ်က မီးလည်းသိပ်မလင်းဘူးလေ။ ဒီနေ့အထိအမေ့အလောင်းနဲ့သူ့ဆိုင်ကယ်တော့ မတွေ့ရသေးဘူး။ သူတင်သွားတဲ့ဟင်းရွက်တွေတော့ရေနဲ့မျောပါသွားတာတော့တွေ့တယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ရွှေလီမြစ်အထက်ပိုင်းတွင် တရုတ်ဘက်ခြမ်းမှ ရေကာတာဖွင့်ချမှုကြောင့်နမ့်ခမ်းမြို့အပိုင်းတွင်ညပိုင်းရေကြီးကြောင်း ၊ တဖက်တွင်လည်း ရွှေလီမြစ်အတွင်း သဲစုပ်ထုတ်ရောင်းချမှုကြောင့် မြစ်ချောင်းအတွင်းသဲတွင်းကြီးများဖြစ်ပေါ်ရာ မြစ်အတွင်းကျသွားပါက ရေမျက်နှာပြင်ပြန်ပေါ်ရန်မလွယ်ကြောင်း နောင်မာ့တာဒေသခံ ရပ်မိရပ်ဖတဦးဖြစ်သည့် လုံးစိုင်းကလည်းပြောသည်။

နန်းငင်းဆွဲ့ခမ်းစင်သည် နောင်မာ့တာရွာသား ခင်းရွှေကျောင်းနှင့်အိမ်ထောင်ပြုကာ သားသမီး ၄ ဦးရှိပါသည်။ နောင်မာ့တာရွာမှ ဟင်းရွက်များ ရွှေလီမြစ်တဖက်ခြမ်း နမ့်ခမ်းမြို့ စျေးသို့အပတ်တိုင်းသွားရောက်ရောင်းချခဲ့ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...