မိုင်းဖုန်းဆရာတော်၏စေတီတော် လင်းခေးသူ လင်းခေးသားများစုပေါင်းထီးတင်

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ် တောင်ဘက် ၄ မိုင်ခန့်အကွာရှိ နားလင်းရွာတွင် မိုင်းဖုန်းဆရာတော် အမည်ရ အရှင် ဉာဏသံဝရ အမှူးပြုတည်ထားသည့် စေတီတော်တဆူအား ဆရာတော်၏ သက်တော် ၅၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရည်စူးကာ လင်းခေးမြို့ခံများ ယနေ့စုပေါင်းထီးတော်တင်ကြသည်။

ဂျန္နဝါရီလ ၅ ရက်နေ့ ယနေ့နံနက် ၁၀ နာရီက လင်းခေးမြို့နယ် သံဃာတော်ကြီးများ ၅၀ ကျော် ဦးဆောင်ကာ လင်းခေးဒေသခံ ရာဂဏန်းက မိုင်းဖုန်းဆရာတော် သက်တော် ၅၅ နှစ်ပြည့်အလှူအဖြစ် ဆရာတော်တည်ထားကိုးကွယ်သော လင်းခေးမြို့ နားလင်းရွာရှိ စေတီတော်အားဆွမ်းကပ်လှူဒါန်းကာ ထီးတော်တင် ရေစက်ချခဲ့ကြခြင်းဖြစ်သည်။

“နိဗ္ဗာန်စျေးရှိပါတယ်။ စေတနာရှင် ၁၀ ကျော်ရှိပါတယ်။တချို့လည်း ထမင်းထုတ် ဟင်းထုတ်၊ တချို့ကလည်းခေါက်ဆွဲကြော် ၊လဘက်ရည် ၊ ကြာဆံကြော် ၊ တချို့ကလည်း ကောက်ညှင်းထုတ် စတာတွေလာလှူပါတယ်။ ပွဲလည်းတော်တော်စည်တယ်။ လာရောက်လှူဒါန်းတဲ့ပရိသတ် ၅၀၀ လောက်ရှိမှာပါ။ ထူးခြားတာတခုက ဖိတ်ကြားထားတဲ့သံဃာတော် ၁၀၈ ပါးအနက် ၅၆ ပါးဘဲ ကြွချီတယ်။ ဆရာတော်ရဲ့သက်တော်နဲ့အကိုက်ဖြစ်နေတယ်”- ဟု စားသောက်ဖွယ်ရာများသွားရောက်လှူဒါန်းသည့် လင်းခေးမြို့ခံ ပါ့နန်းလောဝ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

စေတီတော်မှာ ၂၀၁၅ ခုနှစ် လင်းခေးမြို့နယ် နှစ် ၅၀ ပြည့် ကမ္မဌာန်းကျောင်းတိုက် သံဃာ့ညီလာခံကြီးကျင်းပစဉ်က မိုင်းဖုန်းဆရာတော်ညီလာခံသွားတက်စဉ် စေတီတော်တည်ထားရန် မိန့်မှာထားပြီး စေတီတော်တည်ရန်လည်း မတည်ငွေကျပ် ၅ သိန်းခန့် ပေးထားကြောင်း၊ ဒေသခံလူထု အင်အားဖြင့် စေတီတော်အား တည်ထားနိုင်ခဲ့ပြီး ဆရာတော်သက်တော် ၅၅ နှစ်ပြည့် ယနေ့မှသာထီးတော်တင်ရေစက်ချခဲ့ကြောင်း သိရသည်။

လင်းခေး ၀မ့်ဟတ်ကားလမ်းပေါ်ရှိ အဆိုပါ စေတီ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင်လည်း မိုင်းဖုန်းဆရာတော်ညွှန်ကြားမှုဖြင့် တရားကျင့်ရန်သင့်လျော်သည့် ဂူတလုံးကိုလည်း ပြီးခဲ့သည့်လကပင် လင်းခေးမြို့ခံများသွားရောက်ရှင်းလင်းကာ ဂူအသွားလမ်းကိုပါ လမ်းဖောက်ထားကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...