စစ်ရေးတင်းမာမှု ကြောင့် ကျောက်မဲသို့ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရောက်ရှိ ရွာတွင် သက်ကြီးရွယ်အိုနှင့် မသန်မစွမ်းများ ကျန်ရစ်

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့တွင် အစိုးရတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကြားဖြစ်ပွား ခဲ့သောတိုက်ပွဲ များနှင့့်ပတ်သက်၍ တိုက်ပွဲ ပိုမိုပြင်းထန်လာမည် ကို စိုးရိမ်သောကြောင့် ကျောက်မဲ မြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသောစစ်ရှောင်ဒုက္ခသည် တစ်ထောင်ကျော်ရှိ သည်ဟု ကျောက်မဲမြို့ ဇီဝိတ လူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း ထံမှသိရသည် ။

ကျောက်ဖြူ လေးရွာမှ စစ်ရှောင်ဒုက္ခသည် များ ကျောက်မဲ မြို့ရှိ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်
ကျောက်ဖြူ လေးရွာမှ စစ်ရှောင်ဒုက္ခသည် များ ကျောက်မဲ မြို့ရှိ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်

ကျောက်မဲမြို့နယ်နှင့် နမ့်ဆန် မြို့နယ် ကြားရှိ အာပြောင်(အိုက်ပုံ) ၊ ကိုင်တိုင်၊ ဟင်ကြိုင်း ၊ ကျောက်ဖြူလေးရွာများ အနီး တို့တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က အစိုးရတပ်မတော်နှင့်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် TNLA တို့ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် အဆိုပါဒုက္ခသည်များက ဒီဇင်ဘာ ၃၀ ရက်နေ့မှ စ၍ ကျောက်မဲမြို့ ပေါ်သို့လာရောက်ခိုလှံု ခဲ့ခြင်းဖြစ်သည်ဟု ၄င်းကပြောသည် ။

ကျောက်ဖြူ လေးရွာမှ စစ်ရှောင်ဒုက္ခသည် များ ကျောက်မဲ မြို့ရှိ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်

” လတ်တလောအနေအထားကတော့ တိုက် ပွဲကြီးကြီးမားမား မဖြစ်သေးပေးမဲ့ ဖြစ်လာမယ့် အရိပ်အရောင်တွေ ရှိနေတယ်။ ရွာမှာ လေဖြတ်နေတဲ့ လူအိုတွေနဲ့ မျက်စိကွယ်နေတဲ့ လူကြီးတစ်ချို့ကလွဲ ရင် အကုန်ထွက် ပြေးလာကြတာပါ ၊ ရွာမှာ ကျန်ခဲ့တဲ့ လူတွေကိုကျနော်တို့အဖွဲ့ကနေ သက်ဆိုင်ရာတပ်တွေကိုအကြောင်းကြားပြီး သွားခေါ်မှာပါဟု ” ဦးတင်မောင်သိန်းက ဆက်လက်ပြောသည် ။

ကျောက်ဖြူ လေးရွာမှ စစ်ရှောင်ဒုက္ခသည် များ ကျောက်မဲ မြို့ရှိ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်
ကျောက်ဖြူ လေးရွာမှ စစ်ရှောင်ဒုက္ခသည် များ ကျောက်မဲ မြို့ရှိ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်

အဆိုပါစစ်ရှောင် ဒုက္ခသည် တစ််ထောင်ခန့်ကို ကျောက်မဲမြို့ ပေါ်ရှိ အောင်မြေသာယာ ၊ အောင်ဓမ္မာရုံ ၊ အောင် မင်္ဂလာ နှင့် ၀ါဆိုကျောင်း စသည့် ဘုန်းကြီး ကျောင်းများတွင် နေရာချထားလျှက်ရှိပြီး ၊ မိုင်းငေါ့မြို့နယ်တွင်လဲ စစ်ရှောင်စခန်း ၂ ခုဖွင့်ထပ်မံဖွင့်လှစ်ထားကြောင်းသိရသည် ။

ကျောက်ဖြူ လေးရွာမှ စစ်ရှောင်ဒုက္ခသည် များ ကျောက်မဲ မြို့ရှိ ၀ါဆိုကျောင်းတွင် တွေ့ရစဉ်

ကျောက်မဲမြို့ခံ စစ်ရှောင်ကူညီရေးကော်မတီ မှ စီမံခန့်ခွဲရေးအပိုင်းကို တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပြီး UN အပါအဝင် မန္တလေး ၊ လားရှိုး ၊ ပြင်ဦးလွင် စသည့် နယ်မှ အလှူရှင်များထံမှ အထောက်များအပံ့ရထားရှိ ကြောင်း ဦးတင်မောင်သိန်းကပြောပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...